Home » , , » မလေးရှားနိုင်ငံအတွင်း အလုပ်အကိုင် ရှာဖွေနေသော မြန်မာများအတွက် (၂၆)

မလေးရှားနိုင်ငံအတွင်း အလုပ်အကိုင် ရှာဖွေနေသော မြန်မာများအတွက် (၂၆)

Written By မောင်စေတနာ on Monday, January 21, 2013 | 8:32:00 AM


မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော် မြန်မာ စားသောက်ဆိုင်တန်းတွင် ကပ်ထားသော အလုပ်အကိုင် လိုချင်သော သူများအတွက် အလုပ်ခေါ်စာ ကြေငြာချက်လေးဖြစ်ပါတယ်။ မြန်မာများအတွက် အသုံးဝင်မယ် ထင်လို့ ဓာတ်ပုံရိုက်ပြီး တင်ပေးလိုက်တာပါ။ အလုပ်ရှာနေသော အလုပ်လိုနေသော သူများ သေချာ ဆက်သွယ် ဆွေးနွေး စုံစမ်းပြီးမှ အလုပ်လုပ်ကြပါ။ ကောင်းတာ မကောင်းတာက မိမိနဲ့ သက်ဆိုင်ပါတယ်။

News Information & Online Radio Media (Malaysia) မှ မလေးရှားရောက် ရွှေမြန်မာများအတွက် သတင်းများနှင့် အရေးကြီးသော အကြောင်းအရာများကို အချိန်မှီ တင်ပြပေးလျက် ရှိနေပါတယ်။ မလေးရှား ရောက် ရွှေမြန်မာများ အနေဖြင့် သတင်း ၊ ဆောင်းပါး ၊ ကဗျာ ၊ သုတ ၊ ရသများ ဆောင်ရန် ရှောင်ရန်ကိစ္စများကို သိရှိပြောပြလိုပါက ဝဘ်ဆိုဒ် စာမျက်နှာမှာရှိတဲ့ ဆက်သွယ်ရန် ဆိုတဲ့ နေရာလေးမှာ မိမိတို့ ပြောလိုသော အကြောင်းအရာများကို အသေးစိပ် ရေးသားပေးပို့  ဆက်သွယ် နိုင်ပါတယ်။

မလေးရှား နိုင်ငံအတွင်း နေထိုင်သော ရွှေညီအစ်ကိုများ လူစည်ကားသော နေရာများနှင့် ကေအယ်ရှိ ရထားဂိတ် ကားဂိတ်များတွင် ရှောင်တခင် စစ်ဆေးမှုများနဲ့ လုယက်မှုများ ၊ လိမ်လည်မှုများ ရှိနေပါ၍ ညနေပိုင်း အချိန်များတွင် ခရီး သွားလာမှုများအား ဂရုစိုက် သတိပြု သင့်ပါတယ်။ အရင်နေ့က ရှားအလမ်း စက်ရှင် ၂၆ မှာကေအယ်လာမယ့် မြန်မာ ၃ ယောက်မှာ ဖုန်း ၃ လုံးနဲ့ ရင်းဂစ်ငွေ ၇၀၀ ကိုလုယက်မှု ခံလိုက်ရပါတယ်။ လုယက်မှု ကိစ္စတွေဟာ နေရာတိုင်းလိုလို ဒီလိုဖြစ်တာ များပါတယ်။ မလေးရှားမှာ ဒီလိုကိစ္စတွေဖြစ်တာ မဆန်းပေမဲ့ ကိုယ့်ရဲ့ချွေးနဲ့ ရှာထားတဲ့ပိုက်ဆံတွေကို ဂရုစိုက်ပြီး သိမ်းဆည်းစေချင်ပါတယ်။ အပြင် ခရီးသွားလာပါက လိုအပ်သော  စာရွက်စတမ်းများကို တစ်ပါတည်း ယူဆောင်၍ သွားလာကြပါ။

အထူး သတိပေးချက် အနေဖြင့် ကေအယ် ကိုတာရာယာ ကုန်တိုက်တွင် ရွှေမြန်မာများ ဖုန်းဝယ်ပါက အထူးသတိပြုပါ။ မလေးရှား နိုင်ငံသားများ ကားဂိတ်အနီးတွင် လိုက်ရောင်းနေသော ဖုန်းများကို မဝယ်ပါနှင့် ဖုန်းအတု ဖြစ်နေပါသည်။ နေ့စဉ် ရွှေမြန်မာများ အနည်းနှင့် အများ အလိမ်ခံနေရပါသည်။ ဖုန်းများကို ဈေးနည်း တယ်ဆိုပြီး မဝယ်ပါနှင့် လက်မှတ်ထိုးခိုင်းပြီး ငွေအလိမ် ခံရတတ်ပါသည်။ စိတ်ချရသော ဆိုင်များမှာ ဝယ်ယူပါ။

ခရီးသွား အပြင်ထွက်သော အချိန်တွင် တစ်ယောက်တည်း သွားလာမှုများကို ဆင်ခြင်၍ သူငယ်ချင်းများနှင့် ခရီးသွားလာ သင့်ပါသည်။ အပြင်သွားလာပါက မိမိ၏ ဖုန်းများ ပိုက်ဆံအိပ်များကို သတိထား သိမ်းဆည်းကြပါ။ ရွှေမြန်မာများ ဘေးရန် ကင်းဝေး စေရန် အတွက် အသိပေးအပ်ပါသည်။

နောက်ထပ် အလုပ်ကြေငြာချက် လေးတွေကို ထပ်တွေ့ရင် ရွှေမြန်မာတွေ အတွက် တင်ပေးသွားမှာပါ။ မလေးရှားရောက်မြန်မာများ အားလုံး ဘေးရန် ကင်းကွာ၍ အလုပ် အကိုင်ကိစ္စများ အဆင်ပြေကြပြီး ကောင်းမွန် သာယာလှပသော အနာဂတ် မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

နေဇော်လင်း

(Malaysia News Media)


(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)


http://www.malaysiaonlineradiomedia.com/  

News Information & Online Radio Media (Malaysia)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။