Home » , » ကပုန်း(၇)ရက်သားသမီးများ နာရေးကူညီမှုအသင်း (၂)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနား အစီအစဉ်များကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီ

ကပုန်း(၇)ရက်သားသမီးများ နာရေးကူညီမှုအသင်း (၂)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနား အစီအစဉ်များကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီ

Written By မောင်စေတနာ on Sunday, January 20, 2013 | 11:05:00 AM


ကပုန်း(၇)ရက်သားသမီးများ နာရေးကူညီမှုအသင်း (၂)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနား အစီအစဉ်ကို ယနေ့ ၂၀.၁.၂၀၁၃ တနင်္လာနေ့တွင် မနက်ပိုင်းအချိန်မှ စတင်၍ ကပုန်းမြို့ DESAJAYA DATO TAN KIN HOR ခန်းတွင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ၎င်းအစီအစဉ်တွင်နှစ်ပတ်လည် ဆောင်ရွက်ချက်များ ၊ ဦးကျော်သူနှင့် ဇနီး မိန့်ခွန်းပြောကြားခြင်း ၊ ဈေးရောင်းပွဲတော်ကျင်းပခြင်း စသည့် အခမ်းအနားများကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ 

မလေးရှားစံတော်ချိန် နေ့လည် ၁၂ နာရီမှ စတင်၍ ဦးကျော်သူ၏ မိန့်ခွန်းပြောကြား မှုများကို အွန်လိုင်းမှ တိုက်ရိုက် ရုပ်သံလွင့် ပေးသွားပါမည်။ မလေးရှားနိုင်ငံရောက် ရွှေမြန်မာများနှင့် အခြားနိုင်ငံ အသီးသီးမှ ရွှေမြန်မာများအား အသိပေးအပ်ပါသည်။ ဦးကျော်သူ၏ မလေးရှားနိုင်ငံ ခရီးစဉ် တစ်လျှောက်လုံးအတွက် လုပ်ဆောင်မှု သတင်းများကို http://www.malaysiaonlineradiomedia.com/ ဝဘ်ဆိုက်တွင် တင်ဆက်ပေးနေပါပြီ ဖြစ်ပါ၍ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

 နေဇော်လင်း 
Online Radio Media (Malaysia News) 
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။