Home » , » ရန်ကုန်နာရေးကူညီမှု အသင်းကြီး ဥက္ကဌဖြစ်သူ ဦးကျော်သူနှင့်ဇနီး မလေးရှားနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်နာရေးကူညီမှု အသင်းကြီး ဥက္ကဌဖြစ်သူ ဦးကျော်သူနှင့်ဇနီး မလေးရှားနိုင်ငံသို့ ရောက်ရှိ

Written By မောင်စေတနာ on Saturday, January 19, 2013 | 10:34:00 PM



ကပုန်း(၇)ရက်သားသမီးများ နာရေးကူညီမှုအသင်း (၂)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားအတွက် ရန်ကုန်နာရေးကူညီမှု အသင်းကြီး ဥက္ကဌဖြစ်သူ ဦးကျော်သူ နှင့်ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ဒေါ်ရွှေဇီးကွက်)နှင့် အဖွဲ့ဝင်များသည် ယနေ့နေ့လည် ၁ နာရီအချိန်တွင် မလေးရှားနိုင်ငံ လေဆိပ်သို့ရောက်ရှိလာရာ မလေးရှားလေဆိပ်တွင် ကပုန်းနာရေး ကူညီမှုအသင်းကြီးမှ တာဝန်ရှိသူများမှ ကြိုဆိုခဲ့ပါသည်။ 

ကပုန်း(၇)ရက်သားသမီးများ နာရေးကူညီမှုအသင်း (၂)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနား အစီအစဉ်ကို ၂၀.၁.၂၀၁၃ တနင်္လာနေ့တွင် မနက်ပိုင်းအချိန်မှ စတင်၍ ကပုန်းမြို့ DESAJAYA DATO TAN KIN HOR ခန်းတွင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ၎င်းအစီအစဉ်တွင် ကပုန်းအသင်း၏ နှစ်ပတ်လည် ဆောင်ရွက်ချက်များ ၊ ဦးကျော်သူနှင့် ဇနီး မိန့်ခွန်းပြောကြားခြင်း ၊ ဈေးရောင်းပွဲတော်ကျင်းပခြင်း စသည့် အခမ်းအနားများကို ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။ 

ဦးကျော်သူ၏ မလေးရှားနိုင်ငံ ခရီးစဉ်အတွက် ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယို ရုပ်သံနှင့် သတင်းမီဒီယာမှ ၂၀.၁.၂၀၁၃ တနင်္လာနေ့တွင် ဦးကျော်သူ၏ မိန့်ခွန်းပြောကြားမှုများကို အွန်လိုင်းမှ တိုက်ရိုက် ရုပ်သံလွင့်ပေးပါမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် ရွှေမြန်မာများနှင့် အခြားနိုင်ငံ အသီးသီးမှ ရွှေမြန်မာများအား ကြိုတင် အသိပေးအပ်ပါသည်။ 

ဦးကျော်သူ၏ မလေးရှားနိုင်ငံ ခရီးစဉ်တစ်လျှောက်လုံး အတွက် လုပ်ဆောင်မှု သတင်းများကို http://www.malaysiaonlineradiomedia.com/ ဝဘ်ဆိုက်တွင် အချိန်မှီ နေ့စဉ် တင်ဆက်ပေးသွားပါမည်။ သို့ဖြစ်ပါ၍ မလေးရှားရောက် ရွှေမြန်မာများအား ကပုန်း(၇)ရက်သားသမီးများ နာရေးကူညီမှုအသင်း (၂)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို အတူတကွ တက်ရောက်ပေးဖို့ အသိပေး ဖိတ်ကြားရင်း သတင်းကောင်းပါး အပ်ပါသည်။



နေဇော်လင်း 
(သတင်း၊ဓာတ်ပုံ) 
Online Radio Media (Malaysia News) 
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။