Home » , » လက်ထပ်ခြင်းက ကျန်းမာရေးကို ဘာကြောင့် ကောင်းစေသလဲ

လက်ထပ်ခြင်းက ကျန်းမာရေးကို ဘာကြောင့် ကောင်းစေသလဲ

Written By မောင်စေတနာ on Friday, January 18, 2013 | 10:56:00 AM

 
လူတွေ အိမ်ထောင်ပြုလိုက်တဲ့ အခါမှာ ဘယ်လို ကောင်းကျိုးတွေ ရရှိလာနိုင် သလဲ။ တစ်ကိုယ်တည်း နေချိန်မှာထက် ကျန်းမာရေး အခြေအနေက ပိုတိုးတက်မှု ရှိလို့လား။ အဲဒီ အချက်တွေကို သိလိုတာကြောင့် သုတေသီ တွေက လေ့လာမှုတွေ ပြုလုပ်ပြီး အောက်ပါ အချက်တွေကို ဖော်ထုတ်ခဲ့ ကြပါတယ်။ 

 ရောဂါ 
 ယေဘုယျအားဖြင့် လူတွေဟာ လက်ထပ်ထိမ်းမြားတာကြောင့် အသက်ရှည်ရှည် နေရလေ့ ရှိပါတယ်။ ဒါက ပြင်းထန်တဲ့ ရောဂါတွေရဲ့ ဖြစ်နှုန်း လျော့ကျမှု ရှိလို့ပါ။ ဆီးချိုသွေးချို ရောဂါ၊ နှလုံးရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါ၊ အဆုတ်ရောဂါနဲ့ တခြား နာတာရှည် ရောဂါတွေရဲ့ ဖြစ်နှုန်းက လက်မထပ်တဲ့ သူတွေနဲ့ ယှဉ်ရင် လက်ထပ်ထားသူတွေမှာ ဖြစ်နှုန်း ပိုနည်းပါတယ်။ 

(ကင်ဆာကတော့ စာရင်းထဲမှာ မပါဝင်ပါ။) အိမ်ထောင်ပြုတာကြောင့် အမျိုးသားရော အမျိုးသမီးမှာပါ ရောဂါ အများစုရဲ့ ဖြစ်နိုင်ခြေက ညီတူညီမျှ လျော့နည်းတတ်ပေမယ့် နှလုံးရောဂါကတော့ ခြွင်းချက်လို့ ဆိုရမှာပါ။ နှလုံးရောဂါက အမေရိကန် နိုင်ငံမှာ နံပါတ်တစ် သေဆုံးစေတဲ့ ရောဂါ ဖြစ်ပါတယ်။ အိမ်ထောင်ပြုထားတဲ့ အမျိုးသားတွေက အိမ်ထောင်မပြုတဲ့ အမျိုးသားတွေ ထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ သုံးဆ ပိုနည်းပေမယ့် အိမ်ထောင်ပြုထားတဲ့ အမျိုးသမီးတွေကတော့ နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ တစ်ဝက်လောက်ပဲ လျော့နည်းတာကို ၂၀၀၉ လေ့လာမှုအရ သိရပါတယ်။ 

တိုးတက်မှု အခွင့်အလမ်း 
အမျိုးသားတွေ အနေနဲ့ အိမ်ထောင်ပြုတာကြောင့် ပိုပြီး ကျန်းမာ သက်ရှည်တတ်ပါတယ်။ အကြောင်းကတော့ လူပျိုကြီးတွေက အပျိုကြီးတွေထက် ကျန်းမာလူတွေ အိမ်ထောင်ပြုလိုက်တဲ့ အခါမှာ ဘယ်လို ကောင်းကျိုးတွေ ရရှိလာနိုင်သလဲ။ တစ်ကိုယ်တည်း နေချိန်မှာထက် ကျန်းမာရေး အခြေအနေက ပိုတိုးတက်မှု ရှိလို့လား။ အဲဒီအချက်တွေကို သိလိုတာကြောင့် သုတေသီတွေက လေ့လာမှုတွေ ပြုလုပ်ပြီး အောက်ပါ အချက်တွေကို ဖော်ထုတ်ခဲ့ကြပါတယ်။

 ရောဂါ ယေဘုယျအားဖြင့် လူတွေဟာ လက်ထပ်ထိမ်းမြားတာကြောင့် အသက်ရှည်ရှည် နေရလေ့ ရှိပါတယ်။ ဒါက ပြင်းထန်တဲ့ ရောဂါတွေရဲ့ ဖြစ်နှုန်း လျော့ကျမှု ရှိလို့ပါ။ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ အဆုတ်ရောဂါနဲ့ တခြား နာတာရှည် ရောဂါတွေရဲ့ ဖြစ်နှုန်းက လက်မထပ်တဲ့ သူတွေနဲ့ ယှဉ်ရင် လက်ထပ်ထားသူတွေမှာ ဖြစ်နှုန်း ပိုနည်းပါတယ်။ (ကင်ဆာကတော့ စာရင်းထဲမှာ မပါဝင်ပါ။) 

အိမ်ထောင်ပြုတာကြောင့် အမျိုးသားရော အမျိုးသမီးမှာပါ ရောဂါ အများစုရဲ့ ဖြစ်နိုင်ခြေက ညီတူညီမျှ လျော့နည်းတတ်ပေမယ့် နှလုံးရောဂါကတော့ ခြွင်းချက်လို့ ဆိုရမှာပါ။ နှလုံးရောဂါက အမေရိကန် နိုင်ငံမှာ နံပါတ်တစ် သေဆုံးစေတဲ့ ရောဂါ ဖြစ်ပါတယ်။ အိမ်ထောင်ပြုထားတဲ့ အမျိုးသားတွေက အိမ်ထောင်မပြုတဲ့ အမျိုးသားတွေထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ သုံးဆ ပိုနည်းပေမယ့် အိမ်ထောင်ပြုထားတဲ့ အမျိုးသမီးတွေကတော့ နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ တစ်ဝက်လောက်ပဲ လျော့နည်းတာကို ၂၀၀၉ လေ့လာမှုအရ သိရပါတယ်။ 

တိုးတက်မှု အခွင့်အလမ်း 
အမျိုးသားတွေ အနေနဲ့ အိမ်ထောင်ပြုတာကြောင့် ပိုပြီး ကျန်းမာ သက်ရှည်တတ်ပါတယ်။ အကြောင်းကတော့ လူပျိုကြီးတွေက အပျိုကြီးတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံကို လိုက်နာမှု နည်းပြီး ဆေးလိပ်၊ အရက်နဲ့ တခြားအပျော်အပါးတွေ လိုက်စားနေတတ်လို့ပါ။ အမျိုးသားတွေက အိမ်ထောင်ပြုပြီးတဲ့ အခါကျမှ ဘဝတိုးတက်မှုအတွက် အခွင့်အလမ်းတွေကို ပိုရှာဖြစ်လာပါတယ်။ 

၂၀၀၆ ခုနှစ် လေ့လာမှုအရ လူငယ်တွေကို လက်မထပ်ခင်နဲ့ လက်ထပ်ပြီးချိန်မှာ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုကို နှိုင်းယှဉ် လေ့လာခဲ့တဲ့အခါ လက်ထပ်ပြီးချိန်မှာ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုက ချက်ချင်း ရပ်တန့်သွားခဲ့တာကို တွေ့ရပါတယ်။ ဇနီးတွေက သူတို့ရဲ့ အိမ်ထောင်ဖက်တွေ အပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု ပိုရှိပြီး သူတို့ရဲ့ ခင်ပွန်းသည်တွေကို အရက်နဲ့ ဆေးလိပ် မသောက်သုံးအောင် အားပေးနိုင်စွမ်း ပိုရှိတယ်လို့ လေ့လာသူ Hui Liuu ဆိုပါတယ်။ 

စိတ်ဓာတ်ကျခြင်း 
အမျိုးသမီးတွေက အမျိုးသားတွေနဲ့ယှဉ်ရင် စိတ်ဓာတ်ကျနိုင်ခြေ နှစ်ဆလောက် ပိုများပါတယ်။ အိမ်ထောင်ပြုလိုက်တဲ့ အခါမှာ အမျိုးသမီးတွေက သူတို့ရဲ့ အိမ်ထောင်ဖက်အပေါ် အာရုံညွတ်နေတာကြောင့် စိတ်ကျန်းမာရေး ကောင်းမွန်လာတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေက စိတ်ဓာတ်ကျရောဂါ အဖြစ်နည်းတာပါ။ ဒါ့အပြင် စိတ်ဓာတ်ကျလိုက်၊ ကြွလိုက် ဖြစ်တာကိုလည်း လျော့ကျစေပြီး တည်တည်ငြိမ်ငြိမ် ဖြစ်စေပါတယ်။ ဘဝအဖော်နဲ့အတူ နေထိုင်တာက အမျိုးသမီး တစ်ဦးရဲ့ ကျန်းမာရေးကို သိသိသာသာ ကောင်းမွန်စေပါတယ်။ 

စိတ်ဖိစီးမှုများခြင်း 
အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး စိတ်ဖိစီးမှုကို အလွယ်တကူ ခံစားရလေ့ ရှိပါတယ်။ လေ့လာမှုအရ စိတ်ဖိစီးမှု ဖြစ်စရာကိစ္စနဲ့ ကြုံတွေ့ရတဲ့ အခါမှာ အမျိုးသားတွေရဲ့ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်း ကော်တီဆောက အမျိုးသမီးတွေမှာထက် ပိုမိုထွက်ရှိတာကို တွေ့ရပါတယ်။ ကံကောင်းတဲ့ အချက်အနေနဲ့ ချစ်သူရှိပြီး ချစ်သူနဲ့ အဆင်ပြေတာက ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုဆိုင်ရာ တုံ့ပြန်မှုကို အမျိုးသားတွေက ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တာပဲ ဖြစ်ပါတယ်။ ၂၀၁၀ လေ့လာမှု တစ်ရပ်အရ အိမ်ထောင်ရှိတဲ့ အမျိုးသားတွေက တစ်ကိုယ်တည်းနေသူ အမျိုးသားတွေထက် ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရချိန်မှာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆော အထွက်နှုန်း ပိုနည်းတာကို တွေ့ရပါတယ်။ 

ကိုယ်အလေးချိန် 
အိမ်ထောင်ပြုပြီးတဲ့ အခါမှာ လူအများစုက ဗိုက်ပူပြီး ခါးတုတ်လာတတ် ပါတယ်။ အမျိုးသမီးတွေဆိုရင် ကလေး မမွေးရသေးဘဲနဲ့တောင် လက်ထပ်ပြီးတဲ့အခါမှာ ကိုယ်အလေးချိန်က အနည်းငယ် တက်လာတတ် ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစုက သူတို့ကိုယ်သူတို့ ထိန်းထိန်း သိမ်းသိမ်း နေတတ်ကြတာကြောင့် အိမ်ထောင်ပြုပြီးချိန်မှာ အဝလွန်တာက အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ 

စီးပွားရေး 
ယေဘုယျအားဖြင့် အိမ်ထောင်ရှိသူတွေက တစ်ကိုယ်တည်း နေသူတွေထက် ငွေရေးကြေးရေး ပိုမို အဆင်ပြေကြပါတယ်။ တစ်ကိုယ်တည်း နေထိုင်တဲ့ အချိန်မှာ အပူအပင် မရှိဘဲ သုံးဖြုန်းခဲ့ကြပြီး ကျန်းမာရေး ထိခိုက်လာချိန်မှာ ဆေးကုသဖို့ ငွေအလုံအလောက် မရှိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အိမ်ထောင်ပြုပြီးချိန်မှာတော့ ငွေရေးကြေးရေး အခြေအနေအတွက် စိတ်ဖိစီးမှုနဲ့ ပူပင်သောကတို့ လျော့နည်းစေပြီး အဲဒီအချက်က ကျန်းမာရေးကို ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ 

Source by :ကေအမ်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။