Home » , » တီဗီကြည့်လွန်းသူများ ပုံမှန်ထက် ငါးနှစ်ခန့် သက်တမ်းတိုနိုင်

တီဗီကြည့်လွန်းသူများ ပုံမှန်ထက် ငါးနှစ်ခန့် သက်တမ်းတိုနိုင်

Written By မောင်စေတနာ on Friday, January 18, 2013 | 10:58:00 AM


တီဗီရှေ့တွင် နာရီပေါင်းများစွာ ထိုင်ကြည့်နေတတ်သော သူများသည် ပုံမှန်ထက် အသက်ငါးနှစ်ခန့် သက်တမ်းတိုနိုင်ကြောင်း သြစတြေးလျ ပညာရှင်များ၏ သုတေသနတစ်ခုတွင် ဖော်ပြသည်။ သြစတြေးလျ ကွင်းစလန် တက္ကသိုလ်မှ သုတေသီများ၏ အဆိုပါ လေ့လာ မှုကို ဗြိတိသျှ အားကစား ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

 လေ့လာမှုတွင် တစ်နေ့လျှင် ခြောက်နာရီခန့် ရုပ်သံကြည့်သူ များသည် မကြည့်သူများထက် မျှော်မှန်းသက်တမ်း ၄ ဒသမ ၈ နှစ်ခန့် အသက် တိုနိုင် ကြောင်း ဆိုသည်။ ယခုလေ့လာမှုမှာ ရုပ်သံ ကြည့်ခြင်းသည် အဝလွန်ခြင်း၊ ဆေးလိပ် သောက် ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း တို့ကဲ့သို့ပင် ဘဝ မျှော်မှန်း သက်တမ်းအပေါ် တူညီသည့် ဆိုးကျိုးများ သက်ရောက်နိုင်ကြောင်း ဆိုထား သည်။ 

Source by :7DAY NEWS
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။