Home » , » ဝမ်းနည်း ကြေကွဲနေသူများ ဈေးဝယ်ထွက်ပါ

ဝမ်းနည်း ကြေကွဲနေသူများ ဈေးဝယ်ထွက်ပါ

Written By မောင်စေတနာ on Friday, January 18, 2013 | 10:49:00 AM


ဝမ်းနည်းကြေကွဲမှုကို ဖြေဖျောက်ရန် အတွက် ဈေးဝယ်ခြင်းက ကောင်းမွန် သော ဆေးနည်း တစ်ခု ဖြစ်ကြောင်း စိတ်ပညာ ပါရဂူများက အကြံပြု ပြောဆို လိုက်သည်။ ဈေးဝယ်ထွက်ခြင်းသည် လူတစ်ဦးအား အမှန်တကယ် ပျော်ရွှင်မှု ဖြစ်ပေါ်လာစေတတ်ကြောင်း လေ့လာမှုများက ညွှန်ပြလျက် ရှိသည်။ 

လူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ အတွက် အနုတ်လက္ခဏာ ဆောင်သော လှုံ့ဆော်မှုများကို ဈေးဝယ်ထွက်ခြင်းဖြင့် လျှော့ချနိုင်ကြောင်း ဗြိတိန်တွင် ပြုလုပ်သည့် သုတေသန ရလဒ် တစ်ခုအရ ဖော်ထုတ်နိုင်ခဲ့သည်။ သုတေသီများသည် ဈေးဝယ်သူများ၏ ဈေးဝယ်မထွက်မီနှင့် ဈေးဝယ် ထွက်ပြီး စိတ်အခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများကို စနစ်တကျ မှတ်တမ်းတင်ခဲ့ကြသည်။ (၆၂) ရာခိုင်နှုန်းက ၎င်းတို့သည် စိတ်ပျက်စရာ အခြေအနေ တစ်ခုခု ရှိနေသော်လည်း ဈေးဝယ်သည့်အခါ မိမိအတွက် နှစ်သက် ကျေနပ်သင့်သည့် ပစ္စည်း တစ်ခုခု ရရှိလာပြီးပါက ယင်းခံစားချက် ပျောက်ကွယ်သွားလေ့ ရှိကြောင်း ဝန်ခံခဲ့ကြသည်။ 

ယခု သုတေသန ပြုလုပ်မှုတွင် ပါဝင်ခဲ့သည့် စိတ်ပညာ ပါရဂူ ဆီလင်အက် တလေနှင့် မာဂရက် မော်လီတို့က “ဒါဟာ စိတ်ကို ပျော်ရွှင်ချမ်းမြေ့အောင် ထားနိုင်တဲ့ မဟာဗျူဟာမြောက် နည်းလမ်းတစ်ခုပါပဲ။ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ဖို့ အတွက် ဈေးဝယ်ထွက်တာဟာ ကောင်းမွန်တဲ့ အဖြေတစ်ခုပါ။ သောကတွေ၊ စိတ်ဒုက္ခတွေကို ဈေးဝယ်ထွက်ရင်း ဖြေလျှော့နိုင်ပါတယ်” ဟု အတည်ပြု ပြောဆိုခဲ့ကြသည်။ 

၎င်းတို့က ယခု တွေ့ရှိချက်အား ဈေးဝယ်ခြင်း စိတ်ကုထုံးဟု အမည်ပေးထားသည်။ ယင်းကုထုံးသည် လူတိုင်းအတွက် သက်ရောက်မည်ဟုတော့ အာမ မခံ နိုင်ကြောင်း မာဂရက်က ဝန်ခံခဲ့သည်။ “သင့်တော်မှန်ကန်တဲ့ ပစ္စည်း တစ်ခုကို ဝယ်ယူဖြစ်ခဲ့တဲ့အခါ စိတ်ကို ကြည်လင်လာစေတတ် တာတော့ အမှန်ပါပဲ” ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဝယ်ယူခဲ့သည့် ပစ္စည်းအပေါ် မကျေနပ် ဖြစ်မိပါကမူ စိတ်အနှောင့်အယှက် ဖြစ်စေရန် ဦးတည်သွားနိုင်သည်။ 

Source by :DailyMail
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။