Home » , , » ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူမှ မလေးရှားနိုင်ငံရှိ ပရဟိတအသင်းများနှင့် တွေ့ဆုံ

ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူမှ မလေးရှားနိုင်ငံရှိ ပရဟိတအသင်းများနှင့် တွေ့ဆုံ

Written By မောင်စေတနာ on Monday, January 21, 2013 | 3:18:00 PM

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူသည် မလေးရှားနိုင်ငံရှိ ပရဟိတအသင်းများနှင့် ၂၁.၁.၂၀၁၃ တနင်္လာနေ့ နံနက် ၁၀ နာရီအချိန်တွင် ကပုန်း ဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနား အစီအစဉ်တွင် ပထမဦးစွာ မလေးရှားနိုင်ငံရှိ ပရဟိတ အသင်းများဖြစ်ကြသော ရွှေကြေးစည် ၊ ပန်းပျိုးလက် ၊ ရွှေလူငယ် ၊ Save The Aged ၊ ဒါနကုသလ ၊ ရွှေမြန်မာ ၊ မေတ္တာရိပ် ၊ ဆင်းရဲနွမ်းပါး ၊ နှလုံးလှ ပရဟိတ အသင်း ၊ သာသနာလူမှုကွန်ယက် ၊ မိဂဒါဝုန် ၊ ရခိုင်နာရေးအသင်း ၊ ကေအယ် နာရေးအသင်း ၊ ကပုန်းနာရေးအသင်း စသည့် ပရဟိတအသင်းပြုလုပ်နေသော အဖွဲ့အစည်းများနှင့် မိတ်ဆက် လက်ခံတွေ့ဆုံခဲ့သည်။ ယင်းနောက် ရန်ကုန်နာရေးကူညီမှုအသင်းသို့ ပရဟိတအသင်းမှ အလှူငွေများ လှူဒါန်းရာတွင် ပရဟိတအသင်းများမှ အသင်းလိုက် အသီးသီးပေးအပ် လှူဒါန်းရာ ဦးကျော်သူနှင့် ဇနီး အဖွဲ့ဝင်များမှ လက်ခံခဲ့ပါသည်။ 

၎င်းနောက် ဦးကျော်သူမှ ပရဟိတ အသင်းများအား အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပရဟိတ အသင်းများမှ ဦးကျော်သူအား သိရှိလိုသော မွေးခွန်းများကို မေးမြန်းခဲ့ရာ ရန်ကုန်နာရေး အသင်းကြီး၏ လိုဂိုတံဆိပ်အကြောင်း ၊ မတရား လုပ်နေသော ပရဟိတ အဖွဲ့များအကြောင်း မြန်မာပြည်ပြန်ရောက်ပါက နာရေးအသင်းသို့ ကူညီလိုပါက ရမရ ၊ ပရဟိတ ခေါင်းဆောင်စိတ်ဓာတ် ၊ ပရဟိတ အသင်းလုပ်ဆောင်မှုများ စသည့်မေးခွန်းများကို ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်မှ ဖြေကြားပေးခဲ့ပါသည်။ ယင်းနောက် ပရဟိတ အသင်းလုပ်ကိုင်နေကြသော ရွှေမြန်မာများအား သြဝါဒစကားနဲ့ အားပေးစကားများ ပြောကြားခဲ့သည်။

ယင်းနောက် ကပုန်း(၇)ရက် သားသမီးများ နာရေးကူညီမှု အသင်းမှ ကူညီထောက်ပံ့နေရသော ကားတိုက်ခံရ၍ အတိတ်မေ့ မိန်းကလေး(ချင်း)အား ဆေးကုသရန်အတွက် ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်မှ အလှူငွေ ဒေါ်လာ ၅၀၀ (မလေးရှား ရင်းဂစ် ၁၄၀၀) ကိုလှူဒါန်းခဲ့ပါသည်။

နေဇော်လင်း
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။