
မလေးရှား အွန်လိုင်း ရေဒီယိုမီဒီယာမှ ကိုနေဇော်လင်း၏ ၂၅နှစ်ပြည့် မွေးနေ့ 
မွေးနေ့ မှာ ပျော်ရွှင်ပါစေနော် ( စာသာတွေ မပြောင်းသလို ခင်မင်မှုတွေ ကလည်း မပြောင်းပါဘူးး :D)
ဒီနေ့ ဟာဆိုရင် ကျနော်ရဲ့ ဘလော့ဂါ နောင်တော်ကြီး နေဇော်လင်း၏ မွေးနေ့ မင်္ဂလာ အခါ သမယဖြစ်ပါတယ် ။ ဘလော့ ရေးလာစဉ်ထဲက ခင်မင်ရင်းနှီးခဲ့သော
သူငယ်ချင်း မိတ်ဆွေ ဘော်ဒါ အပေါင်းအသင်း ရောင်းရင်းအတွက် အမှတ်တရ
စကားလေး ပြောပေးပါဆိုလို့ အနှီစာကို အကြီး အကျယ်အလုပ်များ အလုပ်မ
အားသည့်ကြားမှ အပြီးစလွယ်သဘောမထားပဲ အထူးရှယ် ရေးသားဖော်ပြပေး
လိုက်ပါတယ်။

ေ မွးနေ့ ပွဲ တက်ရောက်ဖို့  ဖိတ်ကြားသော်လည်း အလုပ်ပိတ်ရက် မဟုတ်သောကြောင့် တက်ရောက် စားသောက်ပေးနိုင်ခြင်း မရှိသည့်အတွက် စားခြင်းသောက်ခြင်း အခွင့်ရေးမှ ဝေးသွားခဲ့ရပါတယ် (တစ်ပွဲလွတ်သွားပြီ...) မွေးနေ့  ဖွင့်ဆိုချက်လေးကတော့ မယ်သီလ ဘုရား ၀တ်တက်သလိုပဲ နေ့ တိုင်း ရှိခိုးတာရိုးလာ တဲ့အခါ မနေ့ ကလိုပါပဲဘုရား...... အရင်နေ့ လို့ ပါပဲဘုရား.....လို့  ပြောပြီး ဦးသုံးကြိမ်ချ စောစော အိပ်တော့တာပဲတဲ့.. ..အဲ့လိုလုပ် နေတယ်တော့ ထင်လိုက်ပါနဲ့  ကြားဖူးတဲ့ ဟာသလေးပါ ။ အပျင်းကြီးလို့ ရယ် မဟုတ်ပေမယ့် အရင်လိုပါပဲ ခင်ဗျား............................................................................။
မွေးနေ့ ဆိုသည်မှာ အဘယ်နည်း....တိုတိုနဲ့  လိုရင်းကတော့ မွေးနေ့ ဆိုတာ မွေး
တဲ့နေ့ ဖြစ်ပါတယ် ။ လေးနက်စွာတွေးမယ်ဆိုရင်တော့ မွေးနေ့ ဆိုတာ အရမ်းကို
တန်ဖိုးရှိတဲ့နေ့ ပါ ။ အသက် တစ်နှစ်ကြီး သွားတာဖြစ်သလို အတွေးအခေါ် ဗဟုသု
တ ပညာ အကုန် တိုးတက်လာတဲ့ နှစ်ပတ်လည်နေ့ ဆိုလည်းမမှားပါဘူး ။

တစ်နှစ် တာလုပ်ဆောင် လာသမျှ ပြုမူပြောဆို ဆက်ဆံခဲ့သမျှ ပြန်လည်သုံးသပ် ဆုံး ဖြတ်ရမယ့် ပုစ္ဆာ တစ်ပုဒ်ဆိုလျှင်လည်း ငြင်းဖွယ်မရှိပါ။ ပြီးခဲ့တဲ့နှစ်က အတိတ်ကို နောက်ပြန်ကြည့်ပြီး ကောင်းတာသယ်. မကောင်းတာဖယ် နောင်လာမယ့် နှစ် သစ်အတွက် စိတ်သစ်လူသစ်နဲ့  မှားခဲ့တာတွေပြင် ထားခဲ့တာတွေတင်ပြီးအနာ ဂတ် ခရီးအတွက် အောင်မြင်မှုအစီစဉ် ပြင်ဆင်ရေးဆွဲသင့်တဲ့ နေ့ ထူး တစ်ရက် နေ့ ကောင်းတစ်နေ့  ဆိုရင်လည်း( ကျနော် ထောက်ခံပါတယ်ခင်ဗျား ) ကိုယ့်ဟာ ကိုယ်ပဲ ထောက်ခံလိုက်ပါတယ် ။
ရေးမယ်ဆိုမကုန်နိုင်အောင်ပါပဲ. အဖေနဲ့ အမေ
ရဲ့ကျေးဇူးကိုလည်း အောက်မေ့ရမဲ့ အချိန်ခါလေးပါ ။ အဲ့တော့ အဲ့လို အဲ့လို..နေ့ 
ထူးလေးမှာ သူငယ်ချင်းတစ်ယောက် စိတ်ပျော်ရွှင်ကြည်နူးစွားနဲ့  မွေးနေ့ ပွဲကို
ဆင်နွှဲနိုင်ပါစေ မှားခဲ့သည်ရှိသော်ပြင်ဆင်ပြီး
နောင်..အနာဂတ်နှစ်သစ်အတွက်
အောင်မြင်မှုအစီစဉ်တွေရေးဆွဲနိုင်ပါစေလို့  ပြောကြားရင်း...........................။
လောကအလယ် မှာ
သောကမကြွယ်တဲ့
ဒေါန၊ စံပယ်တွေလို
ပန်းတကာထက်မွှေး
စန်းတကာထက်အေး၍
အလွမ်းကမ္ဘာလေးနဲ့ ဝေးပါစေကြောင်း
မင်္ဂလာရှိသော မွေးနေ့ အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါ၏.......။
တစ်ရက် ၊ တစ်လ ၊ တစ်ခဏ သာမဟုတ်တဲ့
တစ်သက် တစ်ဘ၀ ထာဝရခင်မင်မှုများစွာဖြင့်

မောင်(စွယ်စုံကျမ်း)
ကိုနေဇော်လင်းဆိုဒ်က http://www.malaysiaonlineradiomedia.com/
Source by :မောင်စွယ်စုံကျမ်း မှ မွေးနေ့လက်ဆောင်
0 comments:
Post a Comment