
ကို ....ယ့် ခံစားချက်တွေကို ဘေးဖယ်
အတွေးနယ် ထဲကပြေးထွက်
သူရို့အတွက်တွေကြား
ဗျာများနေတဲ့ အစ်ကိုရေ
နေ....ရာဝန်းကျင်တစ်ခုအတွက်
ပြီးတော့
ဒေသ နေရာတိုင်းအတွက်
ဦးနှောက်တွေ ရက်ရက် ရောရောဖောက်ထုတ်
နေ့ရက်တွေဟာ ထုတ်ကုန်ပေါ့
ဇော် ... ဂျီတစ်ပါးလောက် မစွမ်းဆောင်နေပေမယ့်
သူရို့အားလုံးအေးချမ်းစေဖို့
သူရို့အားလုံးမျက်စိပွင့်စေဖို့ စေတနာတစ်ခုကို
ယုယုယယမွေး
တေးသီဆဲကာလ
ညတွေတောင် လင်းလက်ကုန်
လင်း .... ရောင်ခြည်တွေထွန်းညှိဖို့
သိသလောက်ဖြန့်ဝေ
ကြည့်သလောက်နှံ့စေ
တဝေဝေထွန်းတောက်
ညရောက်တိုင်းနေ့ဖြစ်တယ်
မွေး .... မေနဲ့ဝေးဆဲကာလ
ရင်ဝေးနေတဲ့တဒင်္ဂ
ရွှင်ရွှင်ပြပြဖြစ်စေဖို့
ကွန်ယက်တွေဖောက်လုပ်
ထောက်...ဒုတ်..ဖြစ်စေချင်တယ်
နေ့.... ရက်တွေများစွာ
အခါခါလွန်ကဲ ဒွန်တွဲခဲ့နှစ်လ
ချစ်ရတဲ့ဖေမေ တွေအတွက်
အကိုနဲ့အတူဆုမွန်ချွေတယ်
အပြုံးတွေဝေပါစေ
နှလုံးတွေအေးပါစေ
အထွေထွေ ဆုတောင်း
ရင်အေးအောင် ဆုတောင်းလိုက်ပါတယ် အကို
မောင်ရေခဲ
မှ
အကိုနေဇော်လင်းအတွက် မွေးနေ့ အမှတ်တရပါ။
0 comments:
Post a Comment