MTV EXIT အထူးအစီအစဉ်အဖြစ်၊ တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် လူကုန်ကူးခံခဲ့ရသည့် မကြည်ကြည်နှင့် ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေတွင် အလုပ်လုပ်ရန် ရောင်းစားခံခဲ့ရသည့် ကိုမင်းတို့၏ မချိမဆံ ခံစားခဲ့ရသော အတွေ့အကြုံများကို မှတ်တမ်းတင်ထားပါသည်။
အစီအစဉ်မှူးအဖြစ် R ဇာနည်မှ ၎င်းတို့၏ တစ်ကယ့်ဖြစ်ရပ်မှန်များကို လာရောက်သည့် ပရိသတ်များနှင့် ၎င်းတို့ကိုယ်စားပြုသည့် အသိုင်းအဝိုင်းအဖွဲ့အစည်းများကို တင်ဆက်ပေးသည်။
တစ်ချိန်တည်းပင် လူငယ်များအနေဖြင့် ၎င်းတို့ကိုယ်တိုင်ေ သ်ာလည်းကောင်း၊ ၎င်းတို့မိသားစုဝင်များကိုသော် လည်းကောင်း လူကုန်ကူးခံရမည့်ဘေးမှ မည့်သို့မည်ပုံ ကာကွယ်နိုင်မည်ဆိုသည်ကို သရုပ်ပြတင်ဆက်သည်။
ဥပဒေရေးရာဆိုင်ရာ အရာရှိ ရဲမှူးအွန်မာ ရမ်မီနှင့် လူကုန် ကူးမှုဆန့်ကျင်ရေးတွင် အောင်မြင် ထင်ရှားသော ဒေသခံ မကေသီရှိန်တို့နှင့် တွေ့ဆုံမေးမြန်းခန်းများမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။
ယင်းတွေ့ဆုံမေးမြန်းခန်းများ တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအတွင်း ဆောင်ရွက် လျက်ရှိနေသည်များ၊ ယနေ့ဖြစ်ပျက်လျက်ရှိသော အလွန် အရေးကြီးသည့် လူမှုဆိုင်ရာအမည်းစက်နှင့် ပတ်သက်လျက်ရှိသော ပြဿာနာများ ကို ဖြေရှင်းရန် ဆောင်ရွက်ရမည့် အရာများကို တင်ပြ သွားကြသည်။
Source by :ENSLAVED - An MTV EXIT Special Part (1)




.jpg?width=750)

0 comments:
Post a Comment