
Air Bagan လေကြောင်းလိုင်း မတော်တဆမှုတွင် ၁ ဦးသေဆုံးကြောင်း Air Bagan ထုတ်ပြန်
ယနေ့နံနက်ပိုင်းတွင် မတော်တဆဖြစ်ပွားခဲ့သော ရန်ကုန်-မန္တလေး-ဟဲဟိုး ပျံသန်းသည့် Air Bagan လေကြောင်းလိုင်းမှ လေယာဉ်တွင် ခရီးသည် ၆၅ ဦးပါဝင်ပြီး ခရီးသည်တစ်ဦး သေဆုံးကြောင်း Air Bagan လေကြောင်းလိုင်း၏ facebook တွင် ဖော်ပြထားပါသည်။
ခရီးသည် ၆၅ ဦတွင် ဒဏ်ရာရရှိသူ ၉ ဦးရှိပြီး လေယာဉ်မှူး ၂ ဦး စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူများကို တောင်ကြီး စ၀်စံထွန်း ဆေးရုံသို့ ပို့ဆောင်ထားကြောင်း Air Bagan လေကြောင်းလိုင်း၏ facebook တွင် ထည့်သွင်း ဖော်ပြထားပါသည်။
ခရီးသည် ၅၅ ဦးမှာ “ဟဲဟိုးလေယာဉ်ကွင်းတွင် ဘေးကင်းစွာ ရှိနေကြောင်း” Air Bagan လေကြောင်းလိုင်း၏ facebook တွင် ဖော်ပြထားပါသည်။
Source by :Shwemyanmar media group
0 comments:
Post a Comment