Home » , » တောက်ပ ခန့်ညားတဲ့ ယောင်္ကျားလေး တစ်ယောက် ဖြစ်စေဖို့

တောက်ပ ခန့်ညားတဲ့ ယောင်္ကျားလေး တစ်ယောက် ဖြစ်စေဖို့

Written By မောင်စေတနာ on Tuesday, December 25, 2012 | 4:27:00 PM



ယောက်ျားလေးတွေဟာ မိန်းကလေးတွေလို မိတ်ကပ်လိမ်းပြီး အလှပြင်ဖို့ မလို အပ်ပေမယ့် အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်း သင့်တဲ့ အချက်တွေရှိ ပါတယ်။ 

တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ဆောင်ရွက်တာ၊ အသားအရေ ထိန်းသိမ်း စောင့်ရှောက်တာ၊ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာ စတာတွေကိုတော့ မိန်းကလေးတွေ တင်မက ယောက်ျားလေးတွေလည်း လုပ်ဆောင်သင့် ပါတယ်။ 

ဒါကြောင့် ယောက်ျားလေးတွေရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ အလှအပ အတွက် လုပ်ဆောင်သင့်တဲ့ အခြေခံအချက်တွေကို ဖော်ပြလိုက်ပါတယ်။ အသားအရေ ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆယ်ကျော်သက် ယောက်ျားလေးဘဝမှာ အရေပြားပြဿနာတွေကို အများဆုံး ကြုံတွေ့ ရနိုင်ပါတယ်။ ဒီအရွယ်မှာ ဟော်မုန်း ပြောင်းလဲတာ၊ အဆီထုတ်လုပ်မှု များတာ၊ ချွေးထွက် များတာနဲ့၊ လေနဲ့ရေ ညစ်ညမ်းမှု တွေကြောင့် ဝက်ခြံတွေ အများအပြား ပေါက်တတ် ပါတယ်။ 

ဝက်ခြံတွေက မျက်နှာမှာသာမက နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်တွေမှာလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်း စောင့်ရှောက်မှု အတွက် မှန်ကန်တဲ့ ပစ္စည်းတွေကို လိုအပ်သလိုသုံးဖို့ အရေးကြီးပါတယ်။ သင့်အသားအရေ အမျိုးအစား အလိုက် ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ထိခိုက်လွယ်တာ စတဲ့ အချက်ပေါ်မူတည်ပြီး သင့်လျော်တဲ့ မျက်နှာသစ် ဆပ်ပြာနဲ့ ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။ သင့်အသားအရေကို တင်းတင်း ရင်းရင်းဖြစ်စေဖို့ အတွက် Toner သုံးပါ။ 

အစိုဓာတ်ထိန်းဆေး (Moisturizer) ကတော့ သင့်မျက်နှာကို ချောမွေ့နူးညံ့ စေပါတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ အရေပြားပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို ချောချော မွေ့မွေ့ သုံးနိုင်စေဖို့အတွက် မုတ်ဆိတ်ရိတ်ဂျဲလ် (Shaving Gel) ကို သုံးပါ။ သင့်အရေပြားမှာ မပျောက်နိုင်တဲ့ ဝက်ခြံ ဒါမှမဟုတ် တခြားအဖု အပိမ့်နဲ့ အနာ၊ ဒဏ်ရာတွေရှိရင် အရေပြား အထူးကုဆရာဝန်ကို ပြပါ။ နေ့စဉ် နေရောင်ကာ လိမ်းဆေး၊ လိမ်းပြီးမှ အပြင်ထွက်ပါ။ 

သွားကို ဂရုစိုက်သန့်ရှင်းခြင်း ကောင်းမွန်တဲ့ ခံတွင်းသန့်ရှင်းရေးဟာ အလှအပတင်မက ကိုယ်ရည် ကိုယ်သွေး အတွက်ပါ အရေးကြီးပါတယ်။ ညစ်ပတ်ပြီး မည်းနေတဲ့ သွားတွေ၊ ရောင်နေတဲ့ သွားဖုံးတွေနဲ့ ခံတွင်းနံ့ ဆိုးတွေက သင့်ရဲ့ ကိုယ်ရည် ကိုယ်သွေး ကိုပါ ထိခိုက်စေနိုင်ပါတယ်။ သင့်ပါးစပ်နဲ့ အဆင်ပြေပြီး နူးညံ့တဲ့ အမျှင်တွေ ပါတဲ့ သွားတိုက်တံကို ဝယ်ပါ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက် ပေးပါ။ 

သွားမှန်မှန် တိုက်ပေမယ့်လည်း သွားတိုက်တံအမျှင်တွေ မရောက် နိုင်တဲ့ နေရာမှာ စားကြွင်း စားကျန်တွေ ခိုအောင်းနေနိုင်ပါ သေးတယ်။ ဒါကြောင့် တစ်နေ့တစ်ကြိမ် သွားကြားပွတ်ကြိုး သုံးဖို့လည်း လိုအပ်ပါတယ်။ သင့်သွားတွေကို သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေး လုပ်ပေးပါ။ ဆံပင်ကို ပြုပြင်ထိန်းသိမ်းခြင်း ယောက်ျားလေး တစ်ယောက်ရဲ့ အလှအပနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် ဆံပင်ကို ပြုပြင် ထိန်းသိမ်းမှုကလည်း အရေးကြီးပါတယ်။ 

သင့်မျက်နှာ ပုံစံနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံ ညှပ်ပါ။ သင့်ဆံပင်သား အမျိုးအစား အလိုက် ပါးတာ၊ ထူတာ၊ အရောင်ဆိုးထားတာ၊ ခြောက်သွေ့တာ၊ အဆီပြန်တာ စတဲ့အချက်တွေပေါ် မူတည်ပြီး သင့်လျော်တဲ့ ခေါင်းလျှော်ရည် သုံးပါ။ သင့်ဆံပင်ကို ကျန်းမာတောက်ပြောင်ပြီး ချောမွေ့စေဖို့အတွက် Conditioner သုံးပေးပါ။ ဆံပင်ပုံကျသပ်ရပ်ဖို့ ပုံမှန်ခေါင်း ဖြီးပေးပါ။ 

သင့်ဆံပင် စတိုင်ပေါ် မူတည်ပြီး လိုအပ်မယ့် ဂျဲလ်ဒါမှမဟုတ် တခြားပစ္စည်း တွေကို သုံးပါ။ အခြားအချက်များ မနက်ခင်းတိုင်း ချွေးနံ့ထိန်း ချိုင်းလိမ်းတောင့် (Deodorant) လိမ်းပေးပါ။ သင့်မျက်ခုံး နှစ်ခုကြားထဲက နေရာလွဲနေတဲ့ အမွေးတွေကို နုတ်ပစ်ပါ။ သင့်နှုတ်ခမ်းတွေ ခြောက်သွေ့ ကွဲအက်နေရင် အရောင်မပါတဲ့ နှုတ်ခမ်းအဆီ (Lip Balm) လိမ်းပေးပါ။ 

Source by :GOOD HEALTH
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။