Home » , » Kuala Lumpur တွင် မြန်မာ(၆)ဦး ရောင်းစားခံရရာမှ (၂) ဦးအသတ်ခံ၊ (၄) ဦးလွတ်မြောက်

Kuala Lumpur တွင် မြန်မာ(၆)ဦး ရောင်းစားခံရရာမှ (၂) ဦးအသတ်ခံ၊ (၄) ဦးလွတ်မြောက်

Written By မောင်စေတနာ on Tuesday, December 25, 2012 | 3:27:00 PM



ယမန်နေ့ ဒီဇင်ဘာလ၂၃ ရက်နေ့မလေး ရှားနိုင်ငံ၏မြို့တော် Kuala Lumpur တွင် မြန်မာနိုင်ငံသား (၆)ဦး ရောင်းစား ခံရရာမှ (၄)ဦးပြန်လည်လွတ်မြောက် လာခဲ့ပြီး (၂)ဦးမှာအသတ်ခံခဲ့ရကြောင်း သိရှိရသည်။ ရောင်းစားခံရသော မြန်မာနိုင်ငံသားများတွင်ရခိုင် (၂)ဦးနှင့်ဗမာ (၂)ဦးဖြစ်ပြီး အသတ်ခံရသူ၂ဦးမှာ ဗမာပြည်မှဖြစ်ကြောင်းသိရသည်။ 

၎င်းတို့အားမြဝတီမှပွဲ စားတစ်ဦးဖြစ်သူ ခိုင်မင်းညိုမှမဟာချိုင်တွင် အလုပ်လုပ်ရန်ပို့ပေးမည်ဟုဆိုကာ  သိရသည်။ မလေးရှားနိုင်ငံရောက်အမျိုးသားအရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးဖြစ်သူကိုမျိုးရခိုင်က " မနေ့ကသူတို့အကြောင်းကိုကြားတော့ ကျွန်တော်တို့သွားပြီးကူညီပေးခဲ့ပါတယ်။ 

သူတို့ကိုမြဝတီက ပွဲစားကိုခိုင်မင်းညိုက မဟာချိုင်ကို အလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီးခေါ်လာတယ် လို့ ပြောတယ်။သူတို့အားလုံးထိုင်းနိုင်ငံကို အောက်တို  ဘာလပိုင်းစရောက်ပြီးတော့ အောက်တိုဘာလ ၂၈ ရက်နေ့မှလှေစထွက်ရတယ်။ ပြီးတော့ဒီဇင်ဘာလ (၁၉) ရက်နေ့ကစပြီးသူတို့ ထွက်ပြေးကြတာလမ်းမှာ (၂)ရက်ကြာသွားတယ်။ 

အဲဒီမှာသူတို့(၆)ယောက်ထဲက ကိုကုလားလေးနဲ့ ကိုရှမ်းကလေးက အသတ်ခံရပြီးတော့ ကိုရှမ်းကလေးက မသေသေးပဲရေထဲမှာ ကူးနေတာကိုပန်ကာနဲ့ သူတို့ကတိုက်သတ်ပစ်လိုက်တယ်။ ကျန်တဲ့သူတို့ ၄ ယောက်ကထွက်ပြေး လွတ်မြောက်လာကြတယ်။ " ဟုပြောသည်။ ယခုလွတ်မြောက်လာ သူများမှာရခိုင်ပြည်၊မြေပုံမြို့နယ်၊ကြက်ချေ ကျွန်းမှအဖဦး ဗိုလ်ကျော်၏ သားမောင်ဗိုလ်သန်းအသက် (၂၅)နှစ်၊ မင်းပြားမြို့နယ် အောက်ရွာ မှအဖဦးညို၊ အမိဒေါ်စံနုတို့ရဲ့သားမောင်မောင်သန်းအသက် (၃၄)နှစ်၊မြဝတီ၊ကော့ကရိတ် ကမောင်မျိုးခိုင်ဦးအသက် (၁၉)နှစ်နဲ့ရန်ကုန်မြို့ကမောင်သိန်းလှိုင်အသက် (၂၃) နှစ်တို့ဖြစ်ကြောင်းသိရှိရသည်။ 

မလေးရှားနိုင်ငံ၊ Kuala Lumpurတွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာနိုင်ငံသားများ သည် မြန်မာနိုင်ငံတွင်အလုပ်အကိုင်ရှားပါးခြင်း အလုပ် လုပ်ရန်အခွင့်အလမ်းများ မရှိခြင်းတို့ကြောင့်မလေးရှား၊ စင်္ကာပူ ထိုင်း အစရှိသည့်နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်အကိုင်ရှာဖွေ ရန်ထွက်ခွာမှုများပြားနေသည်။

 ထိုနေရာများတွင်အလုပ်ကြမ်းများကို မတရားအခိုင်းခံရခြင်း၊ရိုက်နှက်နှိပ်စက်မှုများ ခံရခြင်းနှင့်အထူးသဖြင့် အမျိုး သမီးငယ်လေးများသည် လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် အရောင်းစား ပိုမိုခံနေရကြောင်း သိရသည်။ 

Source by :Arakan Times သတင်းဌာန
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။