Home » , , » မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တွင် ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါနတရားပွဲ ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)

မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တွင် ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါနတရားပွဲ ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)

Written By မောင်စေတနာ on Sunday, November 25, 2012 | 5:14:00 PM

 

ဆရာတော် (ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ အီပို့ ၊ ပီနန်မြို့ ပဲရပ်မြို့နယ် ကွာလာကူရောင်းရွာ ၊ ပီနန်မြို့ ပီနန်ကျွန်း ၊ ကွာလာလမ်ပူမြို့ ၊ စတဲ့နေရာများတွင် တရားတော် များကို ဟောကြားခဲ့ပြီး ဆက်လက်၍ မလ္လကာမြို့တွင် တရားပွဲကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

ဓမ္မဒါန တရားပွဲ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုမြစိုး + မခင်မေကျော်(ရွှေကမ္ဘာ စတိုးနှင့် စားသောက်ဆိုင် ၊ ကိုစည်သူ + မနန္ဒာ (Star Treader Employment Agency) မှ ကြီးမှူးကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ ၂၅.၁၁.၁၂ တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ (ကေအယ် ကိုတာရာယာရှိ SM ကုန်တိုက်) တွင် ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ ဓမ္မဒါန တရားပွဲ အစီအစဉ်ကို နေ့လည် ၁ နာရီခွဲ အချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၎င်းနောက် ဆရာတော်ဘုရားထံမှ ရှစ်ပါး သီလခံယူကြပြီး ဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူခဲ့ကြပါတယ်။ 

ဆရာတော် တရား ဟောကြားရာတွင် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များနှင့် ၊ ရတနာ သုံးပါးအကြောင်း လိုက်နာပြုပြင်သင့်သော သီလအကြောင်း ၊ သမာဓိအကြောင်း ပညာအကြောင်း ၊ ဘာသာရေး အကြောင်း အရာများ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို တရားတော်လာရောက် နာယူကြသော ဗုဒ္ဓဘာသာဝင်များအား ဆုံးမ အသိပေး ဟောပြောခဲ့ပါသည်။ 

ယင်းနောက် တရားနာ ပရိတ်သတ်များအား ၁၅ မီနစ်ခန့် တရားထိုင်စေပြီး ဒုက္ခရောက်နေသော လူသားအားလုံးအတွက် ရည်ရွယ်၍ သစ္စာပြုဂါထာကို တရားနာယူကြသော ပရိတ်သတ်များအား ရွတ်ဆိုစေခဲ့ပြီး (၃၁)ဘုံအား မေတ္တာပို့ အစီအစဉ်ကို ရွတ်ဆိုခဲ့ပါတယ်။ မေတ္တာပို့ပြီးစီးသော အချိန်တွင် ဆရာတော်အား လှူဖွယ်ဝတ္ထု ၄၅၀၀၀ ကိုဆက်က် လှူဒါန်းရာ ဆရာတော်၏ အကျိုးတော်ဆောင်မှ လက်ခံခဲ့ပါသည်။ 

၎င်းနောက် ပြုပြုသမျှ ကုလိုလ်ကောင်းမှုများကို အမျှကုသိုလ် ပေးဝေခဲ့ပါသည်။ ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါန တရားပွဲအစီအစဉ်ကို မလေးရှားနိုင်ငံ (ကေအယ် ကိုတာရာယာရှိ SM ကုန်တိုက်) ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်များမှ တရားတော် လာရောက်နာယူကြပြီး SM ကုန်တိုက် ခန်းမပြည့်လျှံသွားခဲ့ပါသည်။ 

တရားပွဲဖြစ်မြောက်ရေး အတွက် ကေအယ်ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့နှင့် အတူ ၊ တရားနာ ကြွရောက်လာကြသော လူငယ်များမှ တက်ညီ လက်ညီနှင့် ဝေယျာစ္စများကို လာရောက်ကူညီပေးလျက် ရှိနေပြီး ဆရာတော် တရားပွဲ အစီအစဉ်ကို " ဗုဒ္ဓသာသနံ စိရံ တိဌာတု " ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော် " သုံးကြိမ် ရွတ်ဆိုပြီး ညနေ ၄ နာရီခွဲ အချိန်တွင် ရပ်နားခဲ့ပါသည်။

   
နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။