ရွှေပြည်သာ ၀ါးတစ်ရာ စက်မှုဇုန်နယ်မြေ ၂၃ ရပ်ကွက် တော်ဝင်လမ်းရှိ တော်ဝင်သစ် အချောထည်နှင့်ပရိဘောဂစက်ရုံတွင်လုပ်ကိုင်နေသော နေ့စားအလုပ်သမားများအား တော်ဝင်ကုမ္ပဏီက ၎င်းတို့၏ ပြင်ပဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် သွားရောက် လုပ်ကိုင်စေခြင်းအား အလုပ်သမားများ ဘက်မှ စက်ရုံ၌ သာပြန်လည်လုပ်ကိုင်ခွင့်ပြုရန်
တောင်းဆိုဆန္ဒထုတ်ဖော်မှုအား အောက်တိုဘာလ ၂၅ ရက်နေ့က စ၍ ၂၄နာရီပတ်လုံးနေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ရာ ၇ ရက်မြောက်နေ့ဖြစ်သော ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ တွင်အလုပ်သမား ဆက်လက် ဆန္ဒဖော်ထုတ်သည်ကို ညနေ ၅ နာရီကတွေ့ရစဉ်။ တောင်းဆို ဆန္ဒထုတ်ဖော်မှုများပြေလည်ခြင်းမရှိပါက နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ အမျိုးသားအလုပ်သမား ၁၀ ဦးမှအစာငတ်ခံ ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်းသိရသည်။
Source by :Eleven Media Group
0 comments:
Post a Comment