Home » , , » အသစ် ထွက်လာမယ့် Google Nexus10 Tablet

အသစ် ထွက်လာမယ့် Google Nexus10 Tablet

Written By မောင်စေတနာ on Wednesday, October 31, 2012 | 5:23:00 PM


Googleက နေပြီးအခု နောက်ဆုံး ဖုန်းအနေနဲ့ ဆိုရင် Nexus4၊Tablet အနေနဲ့  ဆိုရင် Nexus7 နဲ့ 10 ကိုထုတ်လာတော့မှာဖြစ်ပါတယ်။ အဲ့အထဲကမှ Nexus 10 ကို စိတ်အဝင်စားဆုံး ဖြစ်နေလို့ စာဖတ်တဲ့လူတွေ ကို ဈေးနှူန်းနဲ့  အသုံးချလို့ ကောင်းမယ့် အရာလေးတွေ ပြန်ပြီး သုံးသပ်ပေး မှာဖြစ်ပါတယ်။ 

Google က ပထမဆုံးစထုတ်တဲ့ Galaxy Nexus ကတော်တော်လေးကို လူကြိုက်များခဲ့ပါတယ်။ အခုထပ်ထွက်လာမယ့် Gadgets တွေကလဲ တော်တော်ကောင်းမွန်တာကိုတွေ့ ရပါတယ်။ Nexus4 ဆို Hardware Vendor က LG ဖြစ်သွားပါတယ်။ ပြီးတော့ ဘော်ဒီ တစ်ခုလုံးကိုလဲ ဖန်တွေနဲ့ လုပ်ထားတာဖြစ်ပါတယ်။ Tablet အနေနဲ့ ဆိုရင်လဲ Nexus10 ကိုတော်တော်လေး သဘောကျနေပါတယ်။ ဈေးကလဲ 399$ ဈေးကို 16GB မန်မိုရီ ပမာဏနဲ့ စရောင်းမှာဆိုတော့ သဘောကျစရာကောင်းနေပါတယ်။ 

 Wifi ပဲ သုံးလို့ ရမှဖြစ်ပြီး wifi ပါ 32 GB ကို 499$ ဒေါ်လာကျမှာဖြစ်ပါတယ်။ ကန့် လန့် ဖြတ်အနေနဲ့  10.055" လက်မ တိတိရှိမှာဖြစ်ပြီး အလျား 2560 pixel အနံ 1600 pixel ၊ Resolution 300 ppi ရှိမှာဖြစ်ပါတယ်။ အလေးချိန်အနေနဲ့  603g သာလေးတဲ့အတွက် ကိုင်ရတာပေါ့ပေါ့ ပါးပါးဖြစ်နေမှာ သေချာပါတယ်။ CPU ကို Dual-core A15 ကိုသုံးထားပြီး Graphic အတွက် ကတော့ Mali T604 ကိုသုံးထားပါတယ်။ ကင်မရာ အနေနဲ့ က Main Camera ကို 5MP သုံးထားပြီး ကိုယ့်ကိုကိုပြန်ရိုက်ချင်ရင်သုံးဖို့  display ဘက်မှာထားတဲ့ ကင်မရာကတော့ 1.9MP ရှိတဲ့အတွက် ဓာတ်ပုံကောင်းကောင်းလေးတွေ ရိုက်နိုင်မှာသေချာပါတယ်။ 

preview-hd Nexus10 ကို ချိတ်ဆက်နိုင်မယ့် နည်းလမ်းတွေကတော့ ဒေတာ ကူးပြောင်းမှူအတွက် Micro USB အားသွင်းဖို့ အတွက် Magnetic Pogo pin charger | Presentation ကောင်းကောင်းပြနိုင်ဖို့ အတွက် Micro HDMI အကောင်းဆုံး Audio ခံစားဖို့ အတွက်ကတော့ 3.5mm headphone jack တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သုံးထားတဲ့ OS က နောက်ဆုံးထွက် Android 4.2 Jelly Bean ဖြစ်ပြီး ပါရှိတဲ့ Sensors တွေကတော့ Microphone, Accelerometer, Compass, Ambient light, Gyroscope, Barometer, GPS တွေပဲဖြစ်ပါတယ်။ 

Battery ကလဲ သူ့ စက်နဲ့ တော့အတော်သင့်တော်တဲ့ 9000 mAh Lithium polymer ကိုသုံးထားပါတယ်။ ကွန်ပျူတာပစ္စည်းတို့ သဘောတရားကတော့ ဒီနေ့ ထွက်ရင် နောက်နေ့ ဟောင်းတာဆိုပေမယ့် Google က သူထုတ်ထားတဲ့ OS Android ရဲ့  update လုပ်နိုင်တဲ့ စွမ်းအားကြောင့် တစ်ခုပြီးတစ်ခုထုတ်ပြီး အောင်မြင်နေပါတယ်။ ယခုနောက်ဆုံးထွက်တဲ့အထဲကမှ စာဖတ်သူလဲ ဝယ်ရင်အကျိုးရှိ အသုံးဖြစ်မယ့် Device Nexus 10 ကို အခုလို ရေးသားတင်ပြလိုက်ရပါတယ်။

Source by :http://yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။