Home » , » မန္တလေးတွင် ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ဖမ်းမိ

မန္တလေးတွင် ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ဖမ်းမိ

Written By မောင်စေတနာ on Wednesday, September 26, 2012 | 7:13:00 PM

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCbHpL5EdDgLx3jjS3vsRQyRHXZL94gXFRjEJAFoDF8j2DDI_Mas5nvfYWR4pIBgjpa31LEAoGRcDhRQikaZG4RUWPmrEI1T-pHYbPAVikDv9V0cIdaiipwwFcoE6GalQMiphSwLI7ieY/s400/10000-kyat2-300x253.jpg
မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်မှာ ကျပ် ၁ သောင်းတန် ငွေစက္ကူတွေနဲ့ ငွေစက္ကူ အတု ပြုလုပ်သုံးစွဲသူတွေကို ဖမ်းဆီး စစ်ဆေးနေ တယ်လို့ မြို့နယ်ရဲစခန်းက ပြောပါတယ်။ 

ပြည်ကြီးတံခွန်ရဲစခန်း တာဝန်ကျအရာရှိတဦးက ဒီအမှုကို စီအိုင်ဒီ (မှုခင်းရဲတပ်ဖွဲ့) က ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ “စီအိုင်ဒီက ဖမ်းတာဗျ။ သူတို့ပဲ အမှုဖွင့်ပြီး စစ်တာ။ လောလောလတ်လတ် သူတို့မိတာက အားလုံးပေါင်း. ထွက်ချက်အရတော့ ပထမ ၅ ရွက်တည်း။ 

စီအိုင်ဒီက ပြောပြချက်အရကတော့ အားလုံး ၄၃ ရွက်ထုတ်တယ် ပြောတယ်။ ၄၃ ရွက်ကို ၃၅ ရွက်မိပြီလို့တော့ သိရတယ်။” ကွမ်းယာဆိုင်မှာ ကျပ်ငွေ ၁ သောင်းတန်အတုနဲ့ ဈေးလာဝယ်တာကို ဆိုင်ရှင်က မသင်္ကာလို့ မှုခင်းရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်လို့ တရားခံ ၃ ဦးကို ဖမ်းမိထားပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ပိုက်ဆံအတုတွေ၊ ပိုက်ဆံလုပ်တဲ့ ပရင့်တာတွေကိုပါ သိမ်းသွားပြီလို့ ဆိုပါတယ်။ ဒီပိုက်ဆံအတုတွေကို ပိုက်ဆံအစစ်ကနေ ပရင့်တာနဲ့ မိတ္တူကူး/ ကျောချင်းကပ်ပြီး ဖြတ်စက် နဲ့ ဖြတ်တောက်သုံးစွဲကြတာလို့ ဆိုပါတယ်။ အတုနဲ့အစစ်ဟာ သိပ်သိသာတယ်လို့ ရဲအရာရှိက ပြောပါတယ်။ အတုဟာ ချောမွတ်နေပြီး အစစ်က ငွေရောင်နေရာမှာ မည်းနေတယ်လို့ ဆိုပါတယ်။ 

Source by :​အေး​နိုင် (ဒီဗွီဘီ)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။