ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်းနဲ့ မြန်မာလက်ရွေးစင်အသင်း ဒီနေ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာမှာ မြန်မာအသင်းက ၁-၀ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
အရှေ့တောင်အာရှ ဆူဇူးကီးပွဲ မတိုင်ခင် ခြေစမ်းလေ့ကျင့်မှု အနေနဲ့ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းဟာ ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်းနဲ့ ဂျပန်နိုင်ငံ အိုဆာကာမြို့ ဂျေဂရင်းကွင်းမှာ ညနေ ၄ နာရီက ယှဉ်ပြိုင်ကစားခဲ့တာပါ။
ပထမပိုင်း ၁၃ မိနစ်မှာ ဂျပန်အသင်းရဲ့ ကျောနံပါတ် ၇ က မြန်မာအသင်းရဲ့ ဘောလုံး အပေးအမှားကို အခွင့်ယူပြီး ပထမဂိုး စတင်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းအနေနဲ့ ဂိုးသွင်းခံရပြီးနောက်ပိုင်း အချိတ်အဆက်မိမိနဲ့ ဂျပန်အသင်းဘက်ကို ဖိကစားပြီး ဂိုးသွင်းခွင့် အကြိမ်ကြိမ်ရခဲ့ပေမယ့် ပွဲချိန်ပြီးဆုံးချိန်ထိ ဂိုးမသွင်းနိုင်ခဲ့ပေ။
ဂျပန်အသင်း ၃ သင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့တဲ့ မြန်မာလက်ရွေးစင်အသင်းဟာ အပေးအယူ ပိုမိုမြန်လာပြီး အချိတ်အဆက် ကောင်းလာတယ်လို့ မြန်မာအသင်းမန်နေဂျာ ဦးသန်းတိုးအောင် က ပြောဆိုခဲ့ပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့မှာ Vissel Kobe U-18 အသင်းနဲ့ ကစားပြီး ဂျပန်နိုင်ငံကနေ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ မိုးဝင်း၊ သိန်းသန်းဝင်း၊ ရန်အောင်ဝင်း၊ ရာဇာဝင်းသိန်း၊ ရန်အောင်ကျော်၊ ဒေးဗစ်ထန်း၊ ကောင်းစည်သူ၊ ကျော်ဇေယျာဝင်း၊ ကြည်လင်း၊ ဇော်မင်းထွန်းနဲ့ (ဂိုး) သီဟစည်သူတို့ ပါဝင်ကစားခဲ့ကြပါတယ်။
Source by :ဒီဗွီဘီ
0 comments:
Post a Comment