Home » , » ခန္ဓာကိုယ်ကြောင့် လေယာဉ်မှူး ဇာတ်ရုပ် အတွက် အခက်အခဲ ရှိတယ်ဆိုတဲ့ ရဲတိုက်

ခန္ဓာကိုယ်ကြောင့် လေယာဉ်မှူး ဇာတ်ရုပ် အတွက် အခက်အခဲ ရှိတယ်ဆိုတဲ့ ရဲတိုက်

Written By မောင်စေတနာ on Monday, August 6, 2012 | 1:40:00 PM



ခန္ဓာကိုယ်ကြောင့် လေယာဉ်မှူး ဇာတ်ရုပ် အတွက် အခက်အခဲ ရှိတယ်ဆိုတဲ့ ရဲတိုက်ဆာတိုရီ ထုတ်လုပ်ရေး အတွက် ဒါရိုက်တာ ရီဇော် ရိုက်ကူး နေသည့် “ချစ်သူရဲ့ အရိပ်” ဇာတ်ကားတွင် ရဲတိုက်က လေယာဉ်မှူးအဖြစ် ပထမဆုံး သရုပ်ဆောင် ထားပြီး သူ၏ခန္ဓာကိုယ်ကြောင့် သရုပ်ဆောင်ရာ၌ အခက် အခဲရှိကြောင်း ရဲတိုက်က ပြောသည်။

“တစ်ခါမှ မရိုက်ဖူးဘူးဗျ။ ကျွန်တော့်ခန္ဓာကိုယ်နဲ့ လေယာဉ်မှူးပုံစံလည်း သိပ်မပေါက်တော့ နည်းနည်းတော့ အခက်အခဲဖြစ်ပါတယ်။ အရပ်ပုတဲ့ကိစ္စကတော့ ဆွဲဆန့်ထုတ်လို့မှ မရတာ။ ဆိုလိုတာက ဥပမာ-ကိုလွင်မိုးတို့ အရင်တုန်းက ရိုက်သွားတဲ့ဟာဆိုရင် လေယာဉ်မှူးဆို ခန့်ခန့်ညားညားကြီးပေါ့။ ကိုယ့်ကိုကျတော့ အဲဒီလောက် အားမရဘူး။ အဲဒါကြောင့်မို့။ ဒါပေမဲ့ အဓိကဇောင်းပေးထားတာ အချစ်အကြောင်း ဖြစ်တဲ့အတွက် အဆင်ပြေပါတယ်” ဟု ရဲတိုက်က ပြောသည်။ အသက်အရွယ်ကြီးသည်အထိ လေယာဉ်မစီးဘူးခဲ့သည့် ရဲတိုက်သည် မိတ်ဆွေလေယာဉ်မှူး နှစ်ဦးကြောင့် လေယာဉ်မှူးအခန်းတွင် ထိုင်ကာ လေယာဉ်ပျံသန်းနေသည်ကို နှစ်ကြိမ်ခန့် ကြည့်ရှုခဲ့ဖူးကြောင်း ပြောကြားသည်။

“ချစ်သူရဲ့အရိပ်” ဇာတ်ကားတွင် လှပမှုမရှိသည့် ဘဝကို ပိုင်ဆိုင်ထားသော မိန်းကလေးတစ်ယောက်ကို အချစ်တစ်ခုကြောင့် စာနာနားလည်ပေးသူ လေယာဉ်မှူးအဖြစ် ရဲတိုက်က သရုပ်ဆောင်ထားပြီး ဇာတ်ညွှန်း ဆာတိုရီ ရေးသားသည့် ဇာတ်ကားတွင် သင်ဇာဝင့်ကျော်၊ သန်းသန်းစိုး၊ ထွန်းထွန်းဝင်းတို့လည်း ပါဝင်သရုပ်ဆောင်ထားကြောင်း သိရှိရသည်။

အာဇာနည်နေ့တွင် ဖြန့်ချိခဲ့သော “လွမ်းစိမ့်” ဇာတ်ကား၌ အချို့ဇာတ်ဝင်ခန်းများ ဆင်ဆာဖြတ် ခံထားရပြီး လတ်တလော ဆင်ဆာလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး မေးမြန်းရာ “အဲဒါကတော့ သရုပ်ဆောင်တစ်ယောက် အနေနဲ့ ပြောရရင် အခုလက်ရှိ ရိုက်နေတဲ့ ဇာတ်ညွှန်းတွေကတော့ အရင်ထက်ပိုပြီးတော့ လွယ်နေတာတွေမှာတော့ ပြောင်းနေပြီပေါ့။ ခက်ခက်ခဲခဲ လုပ်ရမယ့်ဟာတွေတော့ မပြောင်းသေးဘူး။ ဆင်ဆာကြောင့် ဆိုတာလည်း ရှိသလို တစ်ဖက်ကလည်း ဘတ်ဂျက်အခြေအနေ ငွေကြောင့်ဆိုတာလည်း ရှိတယ်။

ဆင်ဆာက ဘာတွေခွင့်ပြုလိုက်လို့ ဘာတွေအကုန်လုံးကို ကောင်းကောင်းမွန်မွန် သေသေသပ်သပ်နဲ့ ဘယ်လောက်ကုန်ကျခံပြီး ရိုက်နိုင်ပြီလည်းဆိုတာကို မသိသေးဘူး” ဟု ရဲတိုက်က ပြောသည်။ “လွမ်းစိမ့်” ဇာတ်ကားနှင့် ပတ်သက်၍ ပရိသတ်များက ဇာတ်ကားကြည့်ကာ လွမ်းရသည်ဟု ပြောသည့်အတွက် ကျေနပ်မိပြီး ရဲတိုက်ကိုယ်တိုင်ကလည်း “လွမ်းစိမ့်” ဇာတ်ကားကို အရမ်းချစ်ပါကြောင်း ပြောပါသည်။

ကြူကြူဟန်

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။