Home » , » မန်စီးတီး အသင်းနှင့် အပြီးသတ် စာချုပ်ခဲ့သည့် ရော့ဒ်ဝဲလ်

မန်စီးတီး အသင်းနှင့် အပြီးသတ် စာချုပ်ခဲ့သည့် ရော့ဒ်ဝဲလ်

Written By မောင်စေတနာ on Wednesday, August 15, 2012 | 2:52:00 PM



ရော့ဒ်ဝဲလ်ရော့ဒ်ဝဲလ်သည် အဲဗာတန် အသင်းမှ မန်စီးတီး အသင်းသို့ (၅)နှစ် စာချုပ်ဖြင့် အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။ ရော့ဒ်ဝဲလ်၏ ပြောင်းရွှေ့ကြေးနှင့် ပတ်သက်၍ ဖော်ပြခဲ့ခြင်း မရှိသော်လည်း ပေါင် (၁၅)သန်း နှင့် (၁၈)သန်းကြား ပေးချေခဲ့ရသည်ဟု ယုံကြည်ရသည်။ အဲဗာတန် အသင်းသည် ရော့ဒ်ဝဲလ် အတွက် ပြောင်းရွှေ့ကြေးအား တနင်္ဂနွေနေ့က လက်ခံခဲ့ခြင်း ဖြစ်သည်။

“ချန်ပီယံ အသင်းမှာ စာချုပ်ခွင့်ရတာဟာ ဂုဏ်ပြုမှု တစ်ခုပါပဲ၊ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ချို့နဲ့ လက်တွဲ ကစားခွင့်ရတဲ့ အတွက် ကျွန်တော် ပျော်ရွှင်မိသလို ကျွန်တော့်ရဲ့ ခြေစွမ်း တိုးတက်ဖို့ အတွက်လည်း အခွင့်အရေးကောင်း တစ်ရပ်ပါပဲ”ဟု ရော့ဒ်ဝဲလ်မှ ဖွင့်ဟ ပြောဆိုခဲ့သည်။ အသက် (၂၁)နှစ် အရွယ်ရှိ ရော့ဒ်ဝဲလ်သည် မန်စီးတီး အသင်းတွင် ကျောနံပါတ် (၁၇)ကို ၀တ်ဆင် ကစားမည် ဖြစ်သည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။