Home » , » ရန်ကုန် နာမည်ကျော် ဟိုတယ်များကို ကြွေးကျန် ပေးရန် အစိုးရ အသိပေး

ရန်ကုန် နာမည်ကျော် ဟိုတယ်များကို ကြွေးကျန် ပေးရန် အစိုးရ အသိပေး

Written By မောင်စေတနာ on Wednesday, August 15, 2012 | 2:48:00 PM



ရန်ကုန် နာမည်ကျော် ဟိုတယ်များကို ကြွေးကျန် ပေးရန် အစိုးရ အသိပေးရန်ကုန်မြို့ရှိ နာမည်ကျော် ဟိုတယ်ကြီးများ၏ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ၀န်ကြီးဌာနသို့ ပေးရန် ကျန်ရှိသောမြေငှားရမ်းခ ကြွေးကျန် ကန်ဒေါ်လာ သန်း ၂၀ ကို လာမည့် ၂၀၁၂ ခုနှစ်တွင် အပြီးပေးသွင်း ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေးအောင်က ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်တွင် ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ကဏ္ဍ ဖွံဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အသိပေး ပြောကြားသည်။

ဒီနှစ်မှာ ဟိုတယ်တွေရဲ့ ကြွေးသန်း ၄၀ ထဲက ငါးဆယ်ရာခိုင်နှုန်း သွင်းခိုင်းထားတယ်၊ နောင်နှစ်မှာတော့ လက်ကျန် သန်း ၂၀ အပြည့်ပေးသွင်းဖို့ အသိပေးထားတယ်ဟု ၎င်းကဆိုသည်။ ရန်ကုန်မြို့ရှိ TRADERS, CHATRIUM, SEDONA, SUMMIT PARKVIEW အစရှိသော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဟိုတယ်ကြီး ၂၀ ခန့်သည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု နှောင့်နှေးခြင်း၊ ဟိုတယ်ကြီးများ အနေဖြင့် ရင်းနှီးမြုပ်နှံမှု ပမာဏ ကြီးမားခြင်း၊ အာရှဒေသတွင်း ငွေကြေးအကျပ် အတည်းဖြစ်ပေါ်ခြင်း၊ ပြည်တွင်း လုံခြုံရေးနှင့် နိုင်ငံရေး အခက်အခဲများကြောင့်

ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု လျော့နည်းခဲ့ခြင်းများကြောင့် နှစ်စဉ် အရှုံးပေါ်ကာ မြေဌားကာလ ၁၉၉၁ ခုနှစ်မှ စ၍ ယခု အချိန်ထိ အဆိုပါ ၀န်ကြီးဌာနသို့ မြေငှားရမ်းခ ကြွေးကျန် ကန်ဒေါ်လာ ၃၉ ဒသမ ၈၀သန်း ပေးရန် ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ပြောဆိုချက် အရ သိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဟိုတယ်၁၅လုံး၊ ၀န်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်သော ဟိုတယ် လေးလုံး၊နိုင်ငံသားပိုင် ဟိုတယ် တစ်လုံး စုစုပေါင်း ဟိုတယ် ၂၀လုံးတို့ သည် ၂၀၁၂ ခုနှစ် မတ်လအထိ မြေငှားရမ်းခ ကြွေးကျန် ကန်ဒေါ်လာ ၇၆ ဒသမ ၇၀ သန်းရရှိခဲ့ပြီးဖြစ်ရာ ကျန် သန်းလေးဆယ် ထဲမှ ငါးဆယ် ရာခိုင်နှုန်းကို ယခုနှစ်တွင် ပေးသွင်းရမည် ဖြစ်သည်။

Source by :http://www.yoyarlay.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။