Home » , » ရွှေတိဂုံဘုရားတွင် ဇူလိုင်လအတွင်း အလှူငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ရရှိ

ရွှေတိဂုံဘုရားတွင် ဇူလိုင်လအတွင်း အလှူငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ရရှိ

Written By မောင်စေတနာ on Thursday, August 16, 2012 | 2:17:00 PM



ရွှေတိဂုံဘုရားတွင် ဇူလိုင်လအတွင်း အလှူငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ရရှိရွှေတိဂုံဘုရားတွင် ဇူလိုင်လ အတွင်း အလှူငွေအဖြစ် အမေရိ ကန်ဒေါ်လာ ၁၀ဝ၄၃ ဒေါ်လာ ရရှိ ခဲ့ပြီးFEC -10078 ရရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ဇူလိုင်လတစ်လအတွင်း ရွှေတိဂုံဘုရားတွင် အမေရိကန် ဒေါ်လာ ၈၉၂၉၃ ဒေါ်လာနှင့် FEC 3772 ရရှိခဲ့ကြောင်းသိရသည်။ “ဒါတွေကြတော့ အလှူငွေ မဟုတ်ဘူး။ အထွေထွေနေရာတွေကနေ ရတဲ့ငွေတွေပါ”ဟု ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လတစ်လလုံး တွင် ရွှေတိဂုံဘုရားသို့ လာရောက် ကြ သော နိုင်ငံခြားသား များမှာ ထိုင်း နိုင်ငံသားများဖြစ်ပြီး ဒုတိယအများ ဆုံး လာရောက်သူများမှာ ကိုရီး ယားနိုင်ငံ သားများဖြစ်ကြောင်းသိရ သည်။ “ထိုင်းနိုင်ငံသားပေါင်း ၄၈၀၈ ဦးလာဖူးတယ်။ ကိုရီးယားနိုင်ငံ သားကြတော့ ၁၆၂၉ ဦးလာဖူးတယ်။ ဒါကြောင့် ဇူလိုင်လမှာဆို ထိုင်းနိုင်ငံသားတွေက အများဆုံး လာဖူးတယ်လို့ ပြောလို့ရတယ်”ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ဆက်လက်ဆိုသည်။

အခြားနိုင်ငံများမှ လာရောက် ဖူးမြော်ကြသော နိုင်ငံခြားသားများ လည်းရှိပြီး ဂျပန်နိုင်ငံသား ၁၅၃၉ ဦးနှင့် တရုတ်နိုင်ငံသား ၁၄၉၁ ဦး လည်းလာရောက်ကြောင်း ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။