Home » , » ကပုန်း နာရေးကူညီမှု အသင်းမှ တတိယအကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပမည်

ကပုန်း နာရေးကူညီမှု အသင်းမှ တတိယအကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပမည်

Written By မောင်စေတနာ on Saturday, August 25, 2012 | 6:59:00 PM



မလေးရှားနိုင်ငံ ကပုန်း နာရေးကူညီမှု အသင်းမှ မနက်ဖြန် တနင်္ဂနွေနေ့တွင် သွေးလှူဒါန်းပွဲကို ကပုန်း ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ကျွန်တော်တို့ ကပုန်းနာရေးကူညီမှု အသင်းက မနက်ဖြန် သွေးလှူဒါန်းပွဲ ပြုလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အခု အကြိမ်နဲ့ဆို တတိယအကြိမ် မြောက်ပေါ့နော်။ မနက်ဖြန် သွေးလှူဒါန်းပွဲ အတွက် သွေးလှူမဲ့ စရင်းပေး ထားသူတွေက ၂၀၀ ယောက်ရှိပါတယ်။ ပထမကြိမ် ဒုတိယအကြိမ် ၊ တတိယအကြိမ်တွေကို ကပုန်း ဘုန်းတော်ကြီးကျောင်းမှာပဲ ပြုလုပ်ဖြစ်တာပါ။

မလေးရှားရောက် ရွှေမြန်မာများ အားလုံးကိုလည်း မနက်ဖြန် သွေးလှူပွဲ အတွက် လာရောက်ကြဖို့ အားလုံးကို ဖတ်ခေါ်ပါတယ်။ ကပုန်း နာရေးကူညီမှု အသင်း ဥက္ကဌ ဖြစ်တဲ့ ကိုဆန်းဝင်း မှ မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာသို့ ပြောကြား ခဲ့ပါသည်။

၂၆.၈.၂၀၁၂ တနင်္ဂနွေနေ့တွင် သွေးလှုဒါန်းပွဲကို နံနက် ၉ မှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။ လူသားများ အတွက် အရေးကြီး အသုံးဝင်သော သွေးလှူဒါန်းပွဲ အခမ်းအနားကို ကပုန်း ဘုန်းတော်ကြီးတွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ရပ်ဝေးမှ လာရောက်သူများအတွက် ကပုန်း တက်စကိုရှေ့နှင့် ရထားဘူတာ ရှေ့တွင် ကားအကြိုအပို့များ ဖြင့် စီစဉ်ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

အသေးစိပ် မေးမြန်းလိုပါက ဦးဆန်းဝင်း - 016 6577 930 ၊ ကိုဇော်ကြီး - 017 3636 179 ၊ ကိုထွန်းထွန်းလင်း - 017 695 0297 ၊ ကိုဇင် - 016 2162 986 ၊ ကိုရဲလင်းစိုး - 010 2196 342 ၊ ကိုရန်နိုင်စိုး ၊ 014 263 359 ၊ ကိုကောင်းထက် ၊ 016 3411 914 တို့ကို ဆက်သွယ် နိုင်ပါတယ်။



နေဇော်လင်း (မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။