Home » , » အစိမ်းရောင်ကို ကြောက်နေရခြင်း

အစိမ်းရောင်ကို ကြောက်နေရခြင်း

Written By မောင်စေတနာ on Thursday, August 9, 2012 | 2:35:00 PM



ဓာတ်ပုံ- လူငယ်လေး တယောက်

မြန်မာနိုင်ငံသားတွေဟာ ဘာကြောင့်ရယ်မသိ၊ စိမ်းစိမ်းမြင်ရာ ကြောက်နေရတဲ့အဖြစ်နဲ့ ရင်ဆိုင်နေရတာ ကိုက မြန်မာ ဖြစ်နေရောသလား လို့ မေးခွန်းထုတ်မိတယ်။

အကြောင်းကတော့ လူငယ်လေးတယောက်ရဲ့ ဓာတ်ပုံတပုံကလည်း လူမှု အင်တာနက် စာမျက်နှာ ပေါ် မြင်လိုက်ရ တော့ လူမြင်ကွင်းတွေထိပါ ဒီလို အဖြစ်တွေက ပေါ်ထွက်လာလို့ပါ။

လူငယ်လေးတယောက်က ယမန်နေ့ သြဂုတ်လ ၈ ရက်နေ့က ရန်ကုန် မြို့ထဲကို နေ့လယ် ၁ နာရီလောက်က သွားပါ သတဲ့။ သူ့ စိတ်ထဲ တကြိမ်တခါမှ မမြင်ဘူးတဲ့ မြင်ကွင်းကို သူက မှတ်တမ်းဓာတ်ပုံတင် လိုက် တယ်။ နေရာက မဟာ ဗန္စုလလမ်းနဲ့  ဗိုလ်အောင်ကျော်လမ်းမီးပွုင့်တစ်နေရာ (BAK ကုန်တိုက်ရှေ့ နား) မှာပါတဲ့။

ဓာတ်ပုံမှာမြင်ရတဲ့အတိုင်း ဘာပြဿနာ ဖြစ်လာတယ် မသိရပေမယ့် အသက် ၂၀ ၀န်းကျင် လူငယ် ၂ ယောက်ကို လက်ထိပ်ခတ်ပြီး သူတို့ဆံပင်ကိုလည်း ပုံသွင်းကာ အစိမ်းရောင်ဝတ် စစ်သား ၂ ယောက် က ခေါ်လာတဲ့ မြင်ကွင်းပါ။

ဒီလူငယ် ၂ ယောက်ကို ဘာကြောင့် ဘယ်ကို ခေါ်မယ်ဆိုတာ တိတိကျကျ မသိနိုင်ပေမယ့် ရန်ကုန် မြို့လယ်မှာတော့ ဒီမြင်ကွင်းဟာ တကယ့် အစိမ်းသက်သက်ဖြစ်နေတာထင်ရှားပါတယ်။

ဒါပေမယ့် ဒီမြင်ကွင်းကို ဖြတ်သွားဖြတ်လာတွေ မြင်ကြပေမယ့် ဘယ်သူကမှ ဘယ်လိုမှ မတုံ့ပြန်ရဲကြတာ အစိမ်းကြောက် ရောဂါကြောင့်ဖြစ်မှာပါ။ မြန်မာနိုင်ငံမှာကလည်း ဘယ်နေရာကြည့်ကြည့် အစိမ်းရောင်တွေ လွှမ်းမိုးထားလို့ နေမှာပါ။ ကြံ့ဖွံ့ကလည်း အစိမ်း၊ စစ်တပ်ကလည်း အစိမ်း၊ လွှတ်တော်ကြီးလည်း အစိမ်းရောင်တွေ လွှမ်းမိုးနေတာကြောင့် အစိမ်းရောင်မြင်တိုင်း ကြောက်နေရတာကိုက မြန်မာဖြစ်နေ တာနေမှာပါ။

တချို့ကလည်း စစ်ပြေးလေးတွေ ကို စစ်တပ်က ပြန်ဖမ်းတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါဆို စစ်တပ်က သူတို့ ဘာကြောင့် ပြေးခဲ့ရလဲ၊ သူတို့ဟာ စစ်ပြေးဖြစ်ခဲ့သည်ရှိသော် ကလေးစစ်သားအဖြစ် မတရား စစ်ထဲ တာဝန် ထမ်း ဆောင် ခိုင်းခဲ့တာလား စသဖြင့် စသဖြင့် မေးခွန်းတွေ ဆင့်ဆင့်ပြီး ရင်ထဲ ရောက်လာပါတယ်။

အခုလို မေးခွန်းတွေ မေးဖြစ်တဲ့အတွက် ဒီဓာတ်ပုံကို မှတ်တမ်းအဖြစ် ရိုက်ကူးလာသူ လူငယ်လေး တယောက်ကို ကျေးဇူးတင်မိပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။