Home » , , » Gtalk Chat Box အသုံးပြုသလို Facebook Chat Box လေးသုံးချင်သူများ အတွက်

Gtalk Chat Box အသုံးပြုသလို Facebook Chat Box လေးသုံးချင်သူများ အတွက်

Written By မောင်စေတနာ on Wednesday, August 8, 2012 | 9:06:00 PM

ဒီတစ်ခါ လဲ ကျွန်တော်ပင်ပင်ပန်းပန်းရှာပြီး တွေ့ထားရတဲ့ လက်ဆောင်လေး တစ်ခု မိတ်ဆက် ပါရစေ ဦးလားဗျာ။ သူငယ်ချင်းတွေ အားလုံး စိတ်ဝင်စားမယ် ဆိုရင် ကျွန်တော် က ပေးဖို့ အဆင့်သင့်ပါပဲဗျာ။ ကျွန်တော်တို. Gtalk Chat Box လေး လို FaceBook Chat Box Software လေး လာပြန်ပါပြီဗျာ။ ဒီ Software လေးက သုံးရတာ တော်တော် အဆင်ပြေပါတယ်ဗျ။ ကျွန်တော် အသုံးပြုပုံလေးကို ဓာတ်ပုံနဲ့ တကွ တင်ပေး ထားပါတယ် အောက်မှာ ကြည့်လိုက်ပါဗျာ။


ဒီလိုပုံလေးပါဗျာ။ ကျွန်တော်က အနီရောင် Skin လေး ကြိုက်လို့ အနီရောင်လေး ပြောင်းထားတာပါ။ သူငယ်ချင်း တွေကတော့ ကြိုက်တဲ့ အရောင်လေးတွေ ပြောင်းပြီး သုံးလို့ ရပါတယ်နော်။ ဒီပုံလေးကတော့ ကျွန်တော် Facebook အကောင့်လေး ကို စမ်းသုံးထားတာ ဖြစ်ပါတယ်ဗျာ။

ဒီ Software လေးရဲ့ အားနည်းချက် တစ်ခုကတော့ သူက မြန်မာလို စာရိုက်လို့မရပါဘူးဗျာ။ အင်္ဂလိပ်လို နဲ. ကျန်တဲ့ ဘာသာတော်တော်များများနဲ့ တော့ စာရိုက်လို့ အဆင်ပြေပါတယ်ဗျာ။ (မြန်မာလို ရိုက်လို့မရတဲ့ အတွက်တော့ ကျွန်တော် စိတ်မကောင်း ဖြစ်မိပါတယ်ဗျာ။ အဲ့ဒီ သူငယ်ချင်းတွေ အားလုံးကို တောင်းပန်ပါရစေဗျာ။) သူငယ်ချင်းတွေကို အသုံးပြုပုံလေးတွေ ပြောပြမယ်နော်။ ကျွန်တော် သိသလောက်လေးပေါ့။

ကျွန်တော် လဲ ဒီ Software လေးကိုရထားတာ သိပ်မကြာသေးတော့ အသုံးပြုပုံ လေးတွေ တစ်ချို့ သိပ်မသိဘူးဗျ။ လိုက်မလေ့လာနိုင် သေးတာလဲ ပါပါတယ်ဗျာ။ ကျွန်တော်လဲ အလုပ်တွေ သိပ်မအားသေးလို့လဲ ဖြစ်ပါတယ်ဗျာ။ သူငယ်ချင်းတွေကတော့ ပြောတော့ မှာပဲ။ ကိုရဲကျော်ဖြိုး လေကြောရှည်နေတယ် လို့ပေါ့။ဟဲ ဟဲ။ စိတ်မဆိုးကြပါနဲ့ဗျာ။ သည်းခံပြီး ဖတ်ပေးပါနော်။သူက Facebook သုံးနေကြသူတွေ အတွက်ပေါ့ဗျာ။ သူက ကျွန်တော်တို့ Gtalk တွေမှာ လိုပဲ

1.Online
2.Idle
3.Invisible တို့သုံးလို့ရပါသေးတယ်။
Profile Picture လဲ ချိန်လို့ရပါတယ်။ပြီးတော့ ကျွန်တော် Gtalk မှာလို Custom Massage လဲ တင်လို့ ရပါသေးတယ်။ သူက ကိုယ်စကားပြောချင်တဲ့ သူရဲ့ Chat Window ကို Right Click တစ်ချက်နှိပ်ပြီး Open massage window ဆိုတဲ့ စာတန်းလေးကို နှိပ်ပြီး အသုံးပြုနိုင်ပါတယ်ဗျာ။ ဒီလိုလေး ကျလာမှာဖြစ်ပါတယ်။



သူက စကားပြောရင်လဲ။ ကိုပြောတဲ့ စကားလုံးတွေ အောက်မှာ Underline လေး နဲ့လုပ်လို့ ရပါသေးတယ်။ကို ပြောခဲ့တဲ့ စကားတွေကိုလဲ Save လို့ရပါတယ်။ြ့ပီးတော့ ကို ပြောခဲ့စာကို Enter မခေါက်မီ Clear ပြန်ဖြတ်လို့ ရပါသေးတယ်။ နောက်တစ်ခုက စာလုံး တွေကို Bold အနေနဲ့လဲ သုံးလို့ရပါတယ်။ စာတွေကိုလဲ Insert text command သုံးလို့ရပါသေးတယ်။ နောက်တစ်မျိုးကတော့ သူငယ်ချင်းတွေ အကြိုက်ဆုံးဖြစ်မှာပါ။Emoticon တွေ သုံးလို့ ရမှာ ဖြစ်ပါတယ်ဗျာ။စိတ်ဝင်စားလို့ Download ယူချင်ရင် အောက်မှာ ယူသွားပါနော်။

ခုလို Download ယူသွားတာ ကျေးဇူး အရမ်းတင်ပါတယ်ဗျာ။

ကျွန်တော် Post ကို အားပေးတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူး အရမ်းတင် ပါတယ်နော်။ သူငယ်ချင်းတွေ အတွက် ကြိုးစားပေးနေမယ်နော်။

ရဲကျော်ဖြိုး
(Yekyawphyo)
9FEB2012-006
Technique & Software
www.nayzawlin.com/
baby.blacklay4@gmail.com
yekyawphyo@nayzawlin.com
http://welcometoitbank.blogspot.com/
Share this article :

1 comments:

Unknown said...

ကျေးဇူးအရမ်းတင်ပါတယ်အကိုနေဇော်လင်း ဒီထက်မက အောင်မြင်နိုင်ပါစေ အကိုလို စိတ်ထားကောင်းမွန်တဲ့  သူတွေ တော်တော်နည်းပါတယ် အကိုရဲ့ ဖြူစင်တဲ့  စိတ်ထားကတော့ သူငယ်ချင်းတွေအတွက် တစ်ကယ်ကို အားဆေးတစ်ခုပါပဲဗျာ ကျတော်လာလည်က၏သွားပါတယ်အကိုနေဇော်လင်း ကျတော်က ဆော့ဝဲလ်တွေကိုတော့ အကိုတိုလို မျိုးတော့ မကျွမ်းကျင်ပါဘူး ဒါကြောင်း facebook ကသူငယ်ချင်းတွေကို မျှဝေမလို့  လိုတာလေးတော့ ရှာပြီးယူသွားတယ်နော် ကျတော်ကိုလေး ကြော်ငြာပေးပါဦးနော် ကျတော်က HD ဂစ်ရဖိ ကိုတော့ ကျတော်နဲ့ နဲ့  ကျွမ်းကျင်ပါတယ် ဥပမာပေါ့ဗျာ မိမိဓာတ်ပုံတစ်ပုံကို မိမိ လိုသလို ဖန်တီးပေးပါတယ် ရိုးရိုးပုံးလေးဆိုတော့ မြန်မာငွေ တစ်ထောင်ယူပါတယ် အများဆုံးကတော့ cctv ဖြန်းဖမ်းယူထားတဲ့  ဗီဒီယို နဲ့  ပုံးတွေကိုတော့ အကောင်းဆုံးဖန်တီးပေးပါတယ် အများဆုံးကတော့ တစ်ရုတ် ညူမျိုးတွေ ခိုင်တာများပါတယ် ဒါကြောင်း ချစ်သောမြန်မာများကိုလေး သိစေချင်ပါတယ် ကျေးဇူးတင်ပါတယ် အကိုနေဇော်လင်း ကျတော်ရဲ့လိပ်စာကတော့

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။