Home » , , » English - Myanmar , Myanmar - English အဘိဓာန်လေးပါ။

English - Myanmar , Myanmar - English အဘိဓာန်လေးပါ။

Written By မောင်စေတနာ on Thursday, July 19, 2012 | 12:21:00 AM

ကျွန်တော် အင်္ဂလိပ် - မြန်မာ ၊ မြန်မာ - အင်္ဂလိပ် ၂ မျိုးစလုံး အပြန်အလှန် အသုံးပြုနိုင်တဲ့... အဘိဓာန်ဆော့ဝဲလ်လေး တစ်ခု ပေးချင်ပါတယ်။ ဒီအဘိဓာန်လေးက 5.58 MB ပဲရှိတဲ့ Software တစ်ခုပါ။မမိုက်ဘူးလားဗျာ။မိုက်မှာ ပေါ့။ အလကား ယူလို့ရတာပဲ မဟုတ်လား။ ဟဲ ဟဲေ နာက်တာနော်။

စိတ်မဆိုးကြပါနဲ့။ လိုချင်ရင်တော့ အောက်က Attachment မှာ ဆွဲလိုက်ပေါ့ဗျာ။ရပြီဆိုရင်တော့ Run လိုက်ပါ။ပြီးရင် Next ပေးလိုက်ပါ။ Install လုပ်ပေးလိုက်ပါ။ တစ်ခါ တည်း ကိုယ့် Destop မှာ အဘိဓာန်လေး ရောက်နေပါလိမ့်မယ်။ဒါပေမဲ့ သူက Front အနေနဲ့ 3 မျိုးကိုပဲ လက်ခံပြီးလုပ်ထားတာပါ။အောက်မှာ ပုံနဲ့တကွပြပေးထားပါတယ်ဗျာ။



၁။ ZawGyi - One
၂။ Myanmar3
၃။ Ayar Burmese

ဒီတော့ ညာဘက်အပေါ်မှာရှိတဲ့ အောက်စိုက်နေတဲ့ မြားလေးကိုနှိပ်ပြီး ကိုယ်လိုချင်တာ ပြောင်းလို့ ရတယ်ဗျ။ ပြီးတော့ ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေးပြီး သူ့ရဲ့ ဘယ်ဘက်က ဘောင်လေးမှာ ကိုယ်ကြိုက် ရာ စာလုံးကို ရိုက်ပြီး ရှာလိုက်တာနဲ့ သူက အောက်မှာ ဘာကို ရှာမှာလဲ ဆိုပြီးအကြံပေး လမ်းပြတွေ ပေါ် လာဦးမှာ။ ဒီမှာ ကိုယ်ကြိုက်တာကို ရွေးလိုက်ရုံပါပဲ။ ကိုယ့်ဘာသာ အပြည့်အစုံ ရိုက်ရင်လည်း ရိုက်ပေါ့ လေ..။ အဲ...အခု ပြောနေတာ ဖွင့်ခါစ ပုံစံနော်။ ဒါဆိုရင် အင်္ဂလိပ်လို ပေါ်နေမှာလေ။

ဒါကို မြန်မာလို ပြောင်းပြီးရှာချင်တယ် ဆိုရင်တော့ ဇော်ဂျီဖောင့် အတိုင်းပါပဲ..။ Ctrl + Shit ပေါ့ဗျာ..။ ပြောင်းသွားပါပြီ..။ကဲ သိချင်တာလေးတွေ ရှာကြတော့ဗျာ။ အခု ကျွန်တော် ပြောပြနေတာတွေ ရှုပ်ရင် ရှုပ်ဦးမယ်နော်..။ တကယ် လုပ်ကြည့် လွယ်လွယ်လေးပါ .... တကယ်တကယ်။ အဆင်ပြေပါစေဗျာ..။ တစ်ခုတော့ ကျွန်တော် တကယ် တောင်းပန်ပါတယ်။

Myanmar3 နဲ့ Ayar Burmese ဖောင့်တွေ ကျွန်တော့်စက်ထဲမှာ ရှိပေမဲ့ ရောနေလို့ ရှာမရသေးလို့ မတင်ပေးနိုင်သေးဘူးဗျာ..။ ရှာတွေ့တဲ့ အခါ ချက်ချင်းတင်ပေးပါ့မယ်.။ ဘာပဲ ပြောပြောပါ...ဇော်ဂျီ နဲ့တင် လုံလောက်ပါတယ်ဗျာ..။ကျွန်တော် လဲ အဲ ဆော့ဝဲလ် လေးကိုသူများဆီက ရထားတာလေးပါ။အလုပ်မအားတဲ့ အတွက် ခုမှ နောက်ကျလို့ တင်ပေးမိတဲ့ အတွက် ခွင့်လွတ်ပေးကြပါလို့ တောင်းပန်ပါတယ်ဗျာ။ အောက်ပါ ဒေါင်းလိုက်ပါ။

သူငယ်ချင်းတွေ အားလုံးပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။


ကြိုးစားလျက်.....!
ရဲကျော်ဖြိုး
(Yekyawphyo)
9FEB2012-006
Technique & Software
www.nayzawlin.com/
baby.blacklay4@gmail.com
http://welcometoitbank.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။