Home » , » ထွန်တုံးတိုက်ပွဲ လယ်သမားတွေကို ဖမ်းသွားကြပြီ

ထွန်တုံးတိုက်ပွဲ လယ်သမားတွေကို ဖမ်းသွားကြပြီ

Written By မောင်စေတနာ on Saturday, July 14, 2012 | 4:13:00 PM



ထွန်တုံးတိုက်ပွဲကို စစ်ဘီလူးနဲ့ တပ်ဦးကို ချိုးလိုက်ပါတယ်။ ယမန်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့တဲ့ ပဲခူးတိုင်း ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်က လယ်သမား ၇ ဦး ကို စစ်တပ်က မတရား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါပြီလို့ သတင်းပို့လာပါတယ်။

အဆိုပါ လယ်သမားကိစ္စ သတင်းပို့လာသော သတင်းပို့ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်း၊ပြည်ခရိုင် ၊ပန်းတောင်းမြို.နယ်၊ ဆင်တဲကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ပုတီးတော့ ကျေးရွာများမှ က.ပ.စ(၃) ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုစက်ရုံအမှတ်(၃)မှ မတရား သိမ်းဆည်း ထားသော လယ်ယာမြေ များပေါ် သို. ၀င်ရောက် ထွန်ယက်လုပ်ကိုင်ခဲ့သည့် လယ်သမားများထဲမှ

၁။ဦးတင်အောင်(၆၅)နှစ်
၂။ဦးအောင်ကြည်(၅၆)နှစ်
၃။ဦးထွန်ဟန်(၅၆)နှစ်
၎။ဦးမင်းနိုင်(၃၀)နှစ်ခန်.
၅။ဦးဟန်ဝင်း(၃၈)နှစ်ခန်.
၆။ဦးကျော်ကျော်လွင်(၂၅)နှစ်
၇။ဦးစံမင်း(၄၅)နှစ်ခန်.

စုစုပေါင်းလယ်သမားခုနစ်ဦးခန်.အား က.ပ.စ(၃)စက်ရုံမှ စစ်သားများက ၁၃.၇.၂၀၁၂ရက်နေ. မနက် ၁၀နာရီအချိန်ခန်.ကို ဖမ်းဆီးသွားခဲ့ပြီးနောက် ညနေ၃နာရီခန်.တွင်လဲ လယ်တောများထဲ တွင်နွားကျောင်းနေကြသော လယ်သမားများကို လဲစစ်တပ်မှလိုက်လံဖမ်းဆီးနေကြသည်။

စစ်တပ်မှယခုလို ပြုမူပုံသည် အုပ်ချူပ်ရေးအာဏာနှင့်၊ တရားစီရင်ရေး အာဏာကိုလုံးလုံးကြီးဖီလာ ဆန်.ကျင်ခြင်းဖြစ်ပြီး....ဗမာနိုင်ငံရေးအပြောင်းအလဲကို စိန်ခေါ်ခြင်းဖြစ်သည် CPRCG မှ ယူဆသည်။



ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်ခရိုင်၊ ပန်းတောင်းမြို.နယ်၊ ဆင်တဲကျေးရွာ အုပ်၊ရွာသစ်ကုန်းကျေးရွာ၊ပုတီးတော ကျေးရွာများမှ တောင်သူ လယ်သမားခုနစ်ဦးအား စစ်သားများမှတရားလက်လွတ် ဖမ်းဆီးခဲ့ခြင်းအပေါ်ယင်း က.ပ.စ(၃)စက်ရုံနှင့် စက်ရုံမှုး ဒုတိယ ဗိုလ်မှုးကြီးသန်းရွှေ၊တို.ပေါ် ထိထိရောက်ရောက် အရေးယူပေးရန် ဗမာနိုင်ငံဖွဲ.စည်းပုံအခြေခံဥပဒေအရ၊ အုပ်ချူပ်မှု အာဏာ၏ အကြီးအကဲဖြစ်သော နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ် ရေးဦးစီးချူပ်ရုံးတွင် တာဝန်အပြည်အ၀ရှိပြီး... နောက်ထပ်တရား လက်လွတ်ဖမ်းဆီးချူပ် နှောင်မှုများထပ်မဖြစ်ရန်နှင့် ထိုကျေးရွာများရှိတောင်သူလယ်သမားများကို ကာကွယ်ပေးရန်လေးလေး နက်နက် တောင်းဆိုသည်။

အချိန်မှီကာကွယ်ပေးမှုများ မပြုလုပ်နိုင်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည်.....နိုင်ငံရေး တည်ငြိမ်မှုအပေါ်တိုက်ရိုက် အကျိုးသက်ရောက်လာနိုင်သည်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။