Home » , » သူရ ဦးရွှေမန်းရဲ့ သမီး အတု ရန်ကုန်မှာ ဖမ်းမိ

သူရ ဦးရွှေမန်းရဲ့ သမီး အတု ရန်ကုန်မှာ ဖမ်းမိ

Written By မောင်စေတနာ on Saturday, July 14, 2012 | 4:18:00 PM


ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ။ ဓာတ်ပုံ- ဧရာဝတီ

ကြံကြံဖန်ဖန် သတင်းတော့ မဟုတ်ပါ။ အခုအချိန်မှာ ထူးဆန်းတာတွေလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေ ပါတယ်။ အခု ပြည်သူ့လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းရဲ့ သမီး အတု အကြောင်းပါ။

အခုတော့ သမီး အတုမှန်းသိလို့ ကမာရွတ်ရဲစခန်းက ဖမ်းဆီးစစ်ဆေးလိုက်နေတဲ့အကြောင်း ပြည်တွင်း Messenger News Journal ရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ သတင်းတခုမှာ ပါလာပါတယ်။

သူရ ဦးရွှေမန်းရဲ့ သမီးအရင်း လို သူ့ကိုယ်သူ ( ဒေါက်တာ) မရွှေမန်းကိုကို ဆိုတဲ့ အမည်နဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြား အမှတ် ၁၂/လမန(နိုင်)ဝ၈ဝဝ၆၈ ကို သူက ကိုင်ဆောင်ထားပါတယ်။ ဒါနဲ့ အတူ ပါဂျဲရိုး ကားတစီးနဲ့ အတူ လိုင်စင်မဲ့ ကား၊ စတဲ့ ပစ္စည်းတွေနဲ့ အတူ သမီးအတုကို ဖမ်းဆီးရမိတာပါတဲ့။

အခု သမီး အတုက မမြင့်သူဇာခိုင် (ခ) အငယ်လေး (ခ ) ရွှေမန်း ကိုကို (၂၄)နှစ် ဖြစ်ပြီး သူက တိုက်(ဂျီ) အခန်း(၂)၊ ရွှေပုန်းညှက် ရိပ်မွန်အိမ်ရာ၊ (၄) ရပ်ကွက် ၊ ကမာရွတ်မြို့နယ်မှာ နေထိုင်နေတာပါ။ သူ့နေတဲ့ တိုက်ခန်းတွင်းက သက်သေပစ္စည်းတွေနဲ့ တကွ သိမ်းဆည်းရမိလို့ လိမ်လည်မှုနဲ့ တရားစွဲ ထားပါတယ်တဲ့ ။

တကယ်တော့ သူကလည်း သူများ ခိုင်းတာ လုပ်ရတာပါတဲ့။ သူ့ကို သူရ ဦးရွှေမန်းရဲ့ သမီး ဒေါက်တာ ရွေမန်းကိုကို အဖြစ် ကြည့်မြင်တိုင်က အသက် ၃၆ နှစ်ရှိတဲ့ ရဲအောင် ခေါ် ရဲဇော်အောင် က ခိုင်းတာပါ တဲ့။

ဂူဂဲလ်မှာ လိုက်ရှာကြည့်တော့ ရွှေမန်းကိုကို ဆိုတာ ဦးရွှေမန်းရဲ့ မိသားစုဝင်တဦး ဖြစ်ပါတယ်။

လိမ်တဲ့သူတွေကလည်း အတည်ပေါက် လိမ်တတ်သားပဲ လို့ ယူဆရပါတယ်။ သို့သော်လည်း ရွှေမန်းကိုကိုဆိုတာ အမျိုးသမီးတယောက်ရဲ့ နာမည် မဟုတ်ဘဲ ဦးရွှေမန်းရဲ့ သားတယောက်နာမည် ဖြစ်နေကြောင်းကိုတော့ လိမ်တယ်ဆိုတဲ့သူတွေ သိသွားဟန် မတူဘူးလို့ ယူဆရပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။