Home » , » စင်ကာပူ ဟိုတယ် မီးလောင်မှုဖြစ်ပွား

စင်ကာပူ ဟိုတယ် မီးလောင်မှုဖြစ်ပွား

Written By မောင်စေတနာ on Monday, July 16, 2012 | 2:26:00 PM



ယနေ့ တနင်္လာနေ့နံနက် စင်ကာပူ ဒေသစံတော်ချိန် ၉ နာရီလောက်က စင်ကာပူနိုင်ငံ Marine Parade Road က East Village ဟော်တယ်မှာ မီးလောင်မှု တခုဖြစ်ပွားလို့ ကလေး ၄ ဦး၊ လူကြီး ၅ ဦးနဲ့ မီးသတ်သမား ၂ ဦး စုစုပေါင်း လူပေါင်း ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်တဲ့။ မီးလောင်းမှုအတွင်း လူ၅၀ ယောက်အားဘေးလွတ်ရာသို့ ကယ်ဆယ်ခဲ့ရပါတယ်။



ဓာတ်ပုံ-CNA

စင်ကာပူ မြို့ပြ ကာကွယ်ရေး တပ်ဖွဲ့ ပြောတာကတော့ ဒဏ်ရာရတဲ့သူတွေကို စင်ကာပူ အထွေထွေ ဆေးရုံကြီးကို ပို့လိုက်ပါတယ်တဲ့။ ဒီသတင်းကို Channel News Asia က ထုတ်လွှင့်ပြသနေပါတယ်။

မီးလောင်မှုကတော့ ဟော်တယ်ရဲ့ မြေအောက်ထပ်မှာရှိတဲ့ စားသောက်ဆိုင်ကနေ စတင်ခဲ့တာလို့ သိရပြီး မီးခိုးတွေ အူထွက်နေတာကို မျက်မြင်တွေက ပြောပြကြပါတယ်။ စင်ကာပူ စံတော်ချိန် မွန်းလွဲ ၁း၀၀ အချိန်အထိ East Village ဟိုတယ်မှ မီးခိုးများထွက်နေဆဲဖြစ်ပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။