Home » , » ရမ္ဘို မင်းသားကြီးရဲ့ သား သေဆုံး

ရမ်ဘို မင်းသားကြီးရဲ့ သား သေဆုံး

Written By မောင်စေတနာ on Monday, July 16, 2012 | 2:23:00 PM

ရမ်ဘိုမင်းသားကြီး စီလ်ဗက်စတာ စတားလုံးရဲ့ သားကြီး သြရသ ဆေ့ဂ်ျစတားလုံးဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သေဆုံးသွားပါတယ်။



~ ဆေ့ဂ်ျ စတားလုံး ~

၃၆ နှစ်အရွယ် ထက်မြက်တဲ့ သားကြီးကို ဆုံးရှူံးလိုက်ရတဲ့အတွက် ရမ်ဘိုမင်းသားကြီးဟာ ၀မ်းနည်း ပက်လက်ဖြစ်နေပါတယ်။ သူ့သားသေဆုံးမှုကြောင့် သူနဲ့ အာနိုးတို့ တွဲရိုက်ထားတဲ့ Expendable 2 ဇာတ်ကားမြှင့်တင်ရေး တွေကို မလုပ်နိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

ဆေ့ဂ်ျစတားလုံးဟာ လော့စ်အိန်ဂျလိစ်က သူ့အိမ်ထဲမှာ သေဆုံးနေတာကို အခန်း သန့်ရှင်းရေးသမားက ပထမဆုံး တွေ့ခဲ့တာပါ။

ရဲကတော့ သူသေဆုံးနေတာ တရက်နီးပါးလောက်ရှိနေပြီလို့ဆိုသလို သေဆုံးရတဲ့အကြောင်းရင်းကိုလည်း မသိရသေးဘူး၊ သေတမ်းစာတစုံတရာကိုလည်း မတွေ့ရဘူး၊ အခန်းထဲမှာ ခိုက်ရန်ဖြစ်ပွားမှုလက္ခဏာလည်း မရှိဘူး၊ သူ့ရဲ့ ရုပ်အလောင်းကို စစ်ဆေးနေတုန်းပဲလို့ ဆိုပါတယ်။

သူသေဆုံးရတာကို အံ့သြမိတယ်၊ သူဟာ ကျန်းမာရေး အင်မတန်ကောင်းတဲ့သူဖြစ်ပြီး သူ့မှာ စိတ်ဓာတ်ကျနေတာမရှိသလို ရန်သူလည်း မရှိဘူး၊ မူးယစ်ဆေး သုံးစွဲတတ်သူလည်း မဟုတ်ဘူးလို့ သူ့ရဲ့ရှေ့နေ၊ သူ့သူငယ်ချင်းတွေနဲ့ မိသားစုအသိုင်းအ၀ိုင်း က ပြောပါတယ်။

သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူဟာ ထက်မြက်တဲ့သူ၊ တီထွင်ဆန်းသစ်မှု ပါရမီ ရှိတဲ့သူ၊ သူရိုက်ချင်တဲ့ ဓာတ်ပုံတွေအကြောင်း၊ ရုပ်ရှင်အကြောင်း၊ သူရေးချင်တဲ့ စာနဲ့ သူ့ရဲ့ စိတ်ကူးတွေကို အမြဲ ပြောလေ့ရှိတဲ့သူတယောက်လို့ ဆိုပါတယ်။

သူဟာ ဒီအပတ်ထဲမှာ သူ့ချစ်သူနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတဲ့သူတယောက်လည်း ဖြစ်တယ်လို့ ABC သတင်းဌာနက ဆိုပါတယ်။



~ Rocky ဇာတ်လမ်းတွဲကို ရိုက်ကူးစဉ်က စတားလုံး သားအဖ ~

ဆေ့ဂ်ျ စတားလုံးဟာ သူ့အဖေရဲ့ ၁၉ ၉ ၀ ပြည့်နှစ်တွေတုန်းက နာမည်ကျော် ရုပ်ရှင်တခုဖြစ်တဲ့ Rocky ဇာတ်လမ်းတွဲတွေထဲက Rocky နံပါတ်လေးနဲ့ Daylight ဆိုတဲ့ ဇာတ်ကားမှာ အဖေနဲ့အတူတူ သရုပ်ဆောင်ခဲ့ပါသေးတယ်။

အဲ့ဒီနောက် Vic ဆိုတဲ့ ဇာတ်လမ်းတိုတခုကို ၂၀၀၆ ခုနှစ်မှာ ဒါရိုက်တာအဖြစ်နဲ့ ရိုက်ကူးခဲ့ပြီး ရုပ်ရှင်၊ ဗီဒီယိုတွေရဲ့ ဇာတ်ညွှန်းတွေ ရေးသားခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ရုပ်အလောင်းကို ဘယ်နေ့ သဂြိုင်္လ်မယ်ဆိုတာတော့ မသိရသေးပါဘူး။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။