Home » , » အပူဒဏ် နဲ့ အိတ်ကြောင့် ၈၆ ဦး ဆေးရုံရောက်

အပူဒဏ် နဲ့ အိတ်ကြောင့် ၈၆ ဦး ဆေးရုံရောက်

Written By မောင်စေတနာ on Tuesday, July 17, 2012 | 2:10:00 PM



(ဓာတ်ပုံများ - စည်သူ/ဧရာဝတီ)

ရန်ကုန်က မူကြိုကျောင်းတခုအတွက် လှူဒါန်းခဲ့တဲ့ ကြက်ဥအချဉ်ဟင်းနဲ့ ဂေါ်ဖီကြော်ကိုစားပြီး ကလေး၊ လူကြီး စုစုပေါင်း ၈၆ ဦး စနေနေ့ည ၈ နာရီခွဲလောက်က လှိုင်သာယာ ပြည်သူ့ဆေးရုံမှာ တက်ရောက် ကုသခဲ့ရပါတယ်။



လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာက နှစ်ခြင်းခရစ်ယာန် အသင်းတော်က ဖွင့်ပေးထားတဲ့ မူကြိုကျောင်းအတွက် ၇ မိုင်က အလှူရှင် ဦးမန်းနယ် လဆင်က ကြက်ဥအချဉ်ဟင်းနဲ့ ဂေါ်ဖီကြော် ပါတဲ့ ထမင်းထုပ် ၁၂၀ ကို လှူဒါန်းခဲ့တယ်၊



ဒါတွေ စားကြပြီး ၂ နာရီလောက်အကြာမှာ မူးဝေ ၊ အော့အန်ကြတဲ့အတွက် ဆေးရုံကိုရောက်ရှိ သွားတာဖြစ်တယ်လို့ သိရပါတယ်။



နေပူလွန်းတာရယ်၊ တနေရာကနေ တနေရာကို အလုံပိတ် အိတ်တွေနဲ့ သယ်ယူလာရတာရယ်ကြောင့် အချဉ်ဟင်းက အချဉ်ဓါတ်ပေါက်သွားပြီး စားမိသူတွေမှာ အခုလို လက္ခဏာမျိုး ဖြစ်လာကြတာပါ လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ရှင်းပြပါတယ်။

အလှူရှင် ဦးမန်းနယ်လစင်ဟာ ဒီကလေးတွေအတွက် အမြဲတန်းအလှူရှင်ဖြစ်ပြီး အခုလို လှူဒါန်းနေတာ ၃ နှစ်ကျော်ပြီ ဖြစ်ကြောင်း ကလေးတွေကို တာဝန်ယူ ထိန်းကျောင်းနေတဲ့ ဒေါ်လှဝင်းက ပြောပြပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။