Home » , » မူကြိုကျောင်းမှ ၈၆ ဦး ဆေးရုံပြန်ဆင်းပြီ

မူကြိုကျောင်းမှ ၈၆ ဦး ဆေးရုံပြန်ဆင်းပြီ

Written By မောင်စေတနာ on Tuesday, July 17, 2012 | 2:15:00 PM



ဆေးရုံမှပြန်ဆင်းလာသည့်ကလေးများ (ဓာတ်ပုံများ - ဇွဲထက်/ဧရာဝတီ)

အစာအိမ် အချဉ်ပေါက်ပြီး ဆေးရုံရောက်ခဲ့သည့် ရန်ကုန်မြို့ မူကြိုကျောင်းတခုမှ ၈၆ ဦး အခြေအနေပြန်ကောင်း၍ အိမ်ပြန်သွားကြပြီ ဖြစ်ကြောင်း ကျန်းမာရေးဌာန အရာရှိတဦးက ပြောသည်။

လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာ နှစ်ခြင်းခရစ်ယာန် အသင်းတော်က ဖွင့်ထားသည့် မူကြိုကျောင်းတွင် ပြင်ပမှ လှူဒါန်းသည့် ကြက်ဥအချဉ်ဟင်း၊ ဂေါ်ဖီကြော်၊ ထမင်းတို့ကို စားသောက်ပြီး နာရီအနည်းငယ်အကြာတွင် မူးဝေ ၊ အော့အန်ကြသည့်အတွက် ဆေးရုံရောက်ရှိသွားကြခြင်း ဖြစ်သည်။

“တိုင်းကျန်းမာရေး ဦးစီးဌာနအထိ အကြောင်းကြားထားပါတယ်၊ အစာအဆိပ်သင့်တဲ့ လက္ခဏာတော့ မတွေ့ရဘူး၊ တိကျတဲ့ အဖြေရရှိနိုင်ဖို့ ကျန်တဲ့ ထမင်းထုပ်ကို အမျိုးသားဓာတ်ခွဲခန်း ပို့ပြီး စစ်ဆေးနေပါတယ်” ဟု လှိုင်သာယာ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်ရူပါစိုးက ပြောသည်။

လှိုင်သာယာမြို့နယ် ဆေးရုံသို့ ရပ်ရွာ အုပ်ချုပ်ရေးမှူးများ၏ အကူအညီဖြင့် ဇူလိုင်လ(၁၄)ရက်နေ့ ည ၈း၀၀ နာရီခန့်တွင် ဆေးရုံသို့ ရောက်ရှိသွားကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“သိသိချင်း ဆေးရုံ ပို့တယ်။ မြို့နယ်က အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်။ သူတို့က အပတ်တိုင်း လာကျွေးနေကျ၊ ဒီအပတ်မှ အခုလို ဖြစ်သွားတော့ နောက်နောင် ဂရုစိုက်ဖို့ ပြောထားပါတယ်” ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက ပြောသည်။

ယခင်ကလည်း ဤသို့သော ဖြစ်ရပ်မျိုးနှင့် ကြုံခဲ့ဖူးသဖြင့် ယခုတကြိမ်တွင် ဆေးရုံသို့ အလျှင်အမြန် ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဤဖြစ်ရပ်မျိုး ထပ်မံ မပေါ်ပေါက်စေရန် အလှူရှင်များကိုလည်း အသိပေးထားကြောင်း ရပ်ကွက်အာဏာပိုင်တို့က ပြောသည်။



ဒေါ်လှဝင်း ရှင်းပြနေပုံ

“နာဂစ်ပြီးကတည်းက ဒီမှာ ဘာမှမရှိတော့ဘူးလေ။ အလှူရှင်တွေ ရှားတယ်။ ဒီက ကလေးတွေကိုသနားလို့ ကျွန်မ အဆက်အသွယ်တွေနဲ့ အလှူရှင် ရှာပြီး ကျွေးလာခဲ့တာ။ အခုတော့ ကျွေးမွေးမှု ရပ်ထားလိုက်ပြီ၊ တခြားအလှူရှင်ရော ဒီအလှူရှင်ရောပေါ့၊ နောက်မှပဲ ကိုယ်လုပ်ချင်ရင်လည်း လုပ်မယ်၊ မလုပ်ချင်တော့ရင်လည်း မလုပ်တော့ဘူးပေါ့နော်” ဟု အလှူရှင်များနှင့်ဆက်သွယ်ပေးသူ ဒေါ်လှဝင်းကပြောသည်။

မူကြိုကျောင်းရှိသည့် ထိုရပ်ကွက်တွင် ကျူးကျော်နေထိုင်သူ အများအပြား ရှိကြသည်။ ဆင်းရဲနွမ်းပါးသူများ နေထိုင်ရာ မူကြိုကျောင်း အတွက် အလှူရှင်များက အပတ် စဉ် လာရောက် လှူဒါန်းကြကြောင်း၊ ယခု အလှူရှင်က လွန်ခဲ့သည့်(၃)နှစ်ကျော်ကတည်းက လှူဒါန်းခဲ့သူ ဖြစ်ကြောင်း သိရသည်။


Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။