Home » , , » တရုတ်ပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားများ ထုတ်ပယ်မှု

တရုတ်ပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားများ ထုတ်ပယ်မှု

Written By မောင်စေတနာ on Sunday, July 29, 2012 | 2:51:00 PM



ADK အထည်ချုပ်၏ ခုံသမာဓိကောင်စီ ကြားနာမှု၊ ဓာတ်ပုံ- အိရွှေစင်

မင်္ဂလာဒုံမြို့ နယ် မြို့ နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့  ပြုလုပ်ခဲ့တဲ့ ကြားနာမှုတခု လုပ်ခဲ့ပါတယ်တဲ့။

အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားအခြေခံ အဖွဲ့ အလုပ်အမှုဆောင် ၇ ဦးအပါအ၀င် အဖွဲ့ဝင် ၂ ဦးတို့ကို အလုပ်သမားများဘက်ကိုရော အလုပ်ရှင်ဘက်ရော သီးခြားစီ တံခါးပိတ် ကြားနာစစ်ဆေးခဲ့ကြပါတယ်။

အဲဒီကြားနာပွဲကို ဖွဲ့စည်းခွင့် ရပြီးတဲ့ သမဂ္ဂ တချို့နဲ့ လွပ်လပ်တဲ့ အလုပ်သမား သမဂ္ဂဖြစ်မြောက်ရေး ကော်မတီ
တွေ၊ အကျိုးဆောင်ရှေ့နေတွေကလည်း အလုပ်က ထုတ်ပယ်ခံလိုက်ရတဲ့ အလုပ်သမားတွေကို တွေ့ဆုံပြီး အားပေးစကားတွေလည်းပြောခဲ့ကြပါတယ်တဲ့။



ခုံသမာဓိ ကောင်စီက စစ်ဆေးပြီးတဲ့အခါ ADK အလုပ်သမားတွေ အလုပ်က ထုတ်ပယ်ခံရတဲ့အမှုဟာ သာမန် မဟုတ်ပဲ အလုပ်သမား အဖွဲ့အစည်းတွေ လွပ်လွပ်လပ်လပ်ပေါ်ထွက်လာနိုင်ဖို့အတွက် ကြီးမားတဲ့ အဟန့် အတား ဖြစ်တဲ့အတွက် အဲဒီ့စက်ရုံပိုင်ရှင် တရုတ်လူမျိုးဆိုသူကို သတိပေးဖို့ လိုအပ်တယ်လို့ အလုပ်သမား အရေး လှုပ်ရှားသူ မအိရွှေစင်က ဆိုထားပါတယ်။

အလုပ်သမား အကြိုအပို့လုပ်တဲ့ ဖယ်ရီကား ဟာ ၂ ကြိမ်မှောက်ဖူးပြီး ဒုတိယ အကြိမ် ကားမှောက်ချိန်က သူတို့ သွားရောက်ကူညီပေးခဲ့စဉ်က အဲဒီစက်ရုံဟာ အလုပ်သမားအခွင့်အရေး အလွန်ချိုးဖောက်တဲ့ စက်ရုံ၊ မတရား မှုတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ မြင် သိခဲ့ရတယ်လို့ သူက ဆိုပါတယ်။



ဒါကြောင့် အခြေအနေမှန်ကို အစိုးရ တာဝန်ရှိသူတွေလည်း သိစေလိုတာကြောင့် အဲဒီ့ ADK စက်ရုံကို သွားရောက် လေ့လာကြည့်ရှု့စေလိုတယ်လို့ သူက ဆိုပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။