Home » , , » မြန်မာ စစ်သားနှစ်ယောက်ကို အိန္ဒိယရဲ ထိန်းသိမ်းထား

မြန်မာ စစ်သားနှစ်ယောက်ကို အိန္ဒိယရဲ ထိန်းသိမ်းထား

Written By မောင်စေတနာ on Thursday, July 5, 2012 | 9:30:00 PM



~ အိန္ဒိယ-မြန်မာ ဆက်သွယ်သည့် မီဇိုရမ်ပြည်နယ် နယ်စပ်၊ ချန်ဖိုင်း-ရိဒ်ကထား နယ်စပ်ဂိတ် တနေရာ ~
(ဓာတ်ပုံ - theweatherinindia.com)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို အိန္ဒိယ-မြန်မာနယ်စပ်ကနေ ခိုးဝင်လာတဲ့ မြန်မာစစ်သားနှစ်ယောက်ကို နယ်စပ်လုံခြုံရေး အာသံရိုင်ဖယ်တပ်ကနေ မနေ့က ဖမ်းထားလိုက်တယ်လို့ ဒေသအာဏာပိုင်ရဲအဖွဲ့ကို ကိုးကားပြီး အိန္ဒိယ ပီတီအိုင်သတင်းက ပြောပါတယ်။

မီဇိုရမ်ဖက်ခြမ်း ချန်ဖိုင်းခရိုင်၊ ငေါ်ရွာနားက ဇေလ်ရီဖိုင် ဒေသနားကို ရောက်လာတဲ့ အဲ့ဒီ မြန်မာစစ်သားနှစ်ယောက်နဲ့အတူ AK-47 သေနတ်တလက်၊ ကျည်ကပ်တခု၊ မိုဘိုင်းဖုန်းတလုံး ပါပြီး၊ အဲ့ဒီဒေသက လယ်သမားတွေဆီကနေ မြန်မာငွေ ကျပ်တသိန်းပေးဖို့ အဓမ္မ တောင်းခံနေတုန်း နယ်စပ်လုံခြုံရေး ကင်းလှည့်လာတဲ့ အာသံရိုင်ဖယ်တပ်က ဖမ်းလိုက်တာလို့ ဆိုပါတယ်။

အဲ့ဒီမြန်မာစစ်သားနှစ်ယောက်ကို ချန်ဖိုင်းရဲစခန်းမှာ လောလောဆယ်ထိန်းသိမ်းထားတယ်ဆိုတာပဲ သိရပြီး သူတို့ဟာ ဘာအဆင့်လဲ၊ ဘယ်တပ်ကလဲ၊ သူတို့ကို သက်ဆိုင်ရာ တပ်ကို ပြန်အပ်မှာလား ဆိုတာတွေကိုတော့ မသိရသေးပါဘူး။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။