Home » , , , » ဂျက်ကီချန်း မြန်မာပြည် လာမည်

ဂျက်ကီချန်း မြန်မာပြည် လာမည်

Written By မောင်စေတနာ on Wednesday, July 4, 2012 | 4:52:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAGaNm_ySIsuixIfdLKqu24vupWF40gSiHXixh1y0EN9impQyz5nfBFikCnScXkL1FN5wvbo5RdoJU8SbBbG6qRlHStG4hukSw9GPlszPLObFgr9qSt7SeUE9146xDlyvoOnWBAfrkwPms/s400/Actor-Chan.jpg

ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်း (ဓာတ်ပုံ – Reuters)

မြန်မာပရိသတ်တွေက ကွန်ဖူးမင်းသားဆိုပြီး အားပေးကြတဲ့ ကမ္ဘာကျော် ဟောင်ဟောင် ရုပ်ရှင်မင်းသား ဂျက်ကီချန်းဟာ ကလေးသူငယ်များ လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးအတွက် ကူညီဖို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် ဒီတပတ်အတွင်းမှာ လာရောက်မှာ ဖြစ်ပါတယ်။

ဂျက်ကီချန်းဟာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ချစ်ကြည်ရေး သံတမန်အဖြစ် လူကုန်ကူးခံရတဲ့ ကလေးသူငယ်တွေရဲ့ စိတ်ဒဏ်ဒဏ်ချက်တွေ အထူးဂရုစိုက် ကုစားပေးတဲ့ UNICEF ရဲ့ စီမံချက်တွေကို ထောက်ကူးပေးတဲ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂျက်ကီချန်းက လူကုန်ကူးခံရတဲ့ ကလေးများ ပြန်လည်ပြုစုပျိုးထောင်ရေး ဂေဟာကို သွားရောက်လည်ပတ်မယ်၊ လူကုန်ကူးခံရမယ့် အန္တရာယ် ကျရောက်နေတဲ့ ကလေးများ၊ မိဘစွန့်ပစ်ထားတဲ့ ကလေးများနဲ့ လမ်းပေါ်မှာ လေလွှင့်နေတဲ့ ကလေးများကို ပြုစုပျိုးထောင်ဖို့ UNICEF က စီစဉ်ဖွင့်လှစ်ထားတဲ့ နေရာတွေကိုလည်း သွားရောက်မှာပါ။

နောက်ပြီး ဂျက်ကီချန်းဟာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အဆင့်မြင့်အရာရှိများ၊ မန္တလေးရှိ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ဝင် ရဲအရာရှိများနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာ ကလေးသူငယ် ထောင်ပေါင်းများစွာဟာ ကလေးစစ်သားအဖြစ် လုပ်ဆောင်နေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဇွန်လ ၂၇ ရက်နေ့တုန်းကတော့ မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု အမှန်တကယ် ပပျောက်ရေးအတွက် လက်တွေ့ လုပ်ငန်းစဉ် ဖော်ဆောင်ရေး သဘောတူညီမှု (Plan of Action) ကို ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ နေပြည်တော်မှာ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။

Source by :http://burma.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။