Home » , » ဥရောပ ညီလာခံရောက် NLD ကိုယ်စားလှယ် ဦးဝင်းထိန်

ဥရောပ ညီလာခံရောက် NLD ကိုယ်စားလှယ် ဦးဝင်းထိန်

Written By မောင်စေတနာ on Tuesday, June 5, 2012 | 2:13:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdi1FMeFFIw7tLMJQnm9CKZLVeAx7HIhw1NXRpbC_oNAtQRYTMPAVcoPTwXnraqPgAag5APiDQNIR2R5VywQh1-89oteHGg5Ro2lYX14tfeIR47zen2hVYkAvYzjllSp7cS0YEVnz_83WF/s400/95.jpg

ကွယ်လွန်သူ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် ( ၁၉၉၅ ခုနှစ်၊ ဓာတ်ပုံ- Getty Images)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ မိတ္ထီလာမြို့ နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ဟာ ဇွန်လ ၄ ရက်နေ့ စတင် ကျင်းပတဲ့ The Summit of Alliance of Liberal Democrats for Europe (ALDE) နဲ့ Council of Asian Liberals and Democrats (CALD)ကို တက်ရောက်ဖို့ Belgium နိုင်ငံ၊ Brussels ကို ဆိုက်ရောက်လာတယ်လို့ သိရပါတယ်။

ဦးဝင်းထိန်ဟာ ၄ ရက်တာ ကျင်းပမယ့် ထိပ်သီးညီလာခံတက်ရောက်စဉ် NLD ကိုယ်စား မိန့်ခွန်းပြောမယ် လို့ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းထိန်ဟာ လွန်ခဲ့တဲ့ နှစ် နိုဝင်ဘာလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ဆွေးနွေးပွဲ တခုကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။

ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည် အားထားရသူများထဲက တဦးအပါအ၀င်လည်းဖြစ်ပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။