Home » , , » ငြိမ်းချမ်းရေး သီချင်းသည် ဗိုလ်ကြီးဟောင်း နေမျိုးဇင်

ငြိမ်းချမ်းရေး သီချင်းသည် ဗိုလ်ကြီးဟောင်း နေမျိုးဇင်

Written By မောင်စေတနာ on Tuesday, June 5, 2012 | 2:16:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyaYAWIiOALMyBVGKwQmzZFusPHRooycE3AYRMNNLS7-a6yTl-oW_pxKNdwEmPI93S3zmaxuYHd7E2k3biFsa8aIueYLU_DpE65-EOHrd3fxFveAkXqnfiyQY9iizpD3NFlZkE5E2abINg/s400/165950_239930076118064_1244275255_n.jpg

ကိုမင်းကိုနိုင်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၊ STA မောင်နှများနှင့် ကချင် စစ်ဘေးသင့် သားချင်းများ အတွက် ဂီတဖျော်ဖြေပွဲ- (ဓာတ်ပုံ -နေမျိုးဇင်)

ပန်းရဲ့လမ်း ကွန်ယက်နဲ့ အတူ စစ်ဘေးငြိမ်းချမ်းရေး ရန်ပုံငွေ ရှာဖွေပွဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က မျက်ရည်မဲ့ သီချင်းကို သီဆိုခဲ့ပါတယ်။

"ရန်ကင်းစင်တာရှေ့ ပန်းရဲ့လမ်း ကွန်ယက်နဲ့အတူ စစ်ဘေးငြိမ်းချမ်းရေး ရန်ပုံငွေ ရှာဖွေပွဲမှာ ဒီသီချင်းလေးကို ကိုမင်းကိုနိုင်တို့ အရှေ့မှာ ဂုဏ်ပြု ဖျော်ဖြေခဲ့ပါတယ်။ ပရိတ်သတ်ကလည်း အားပါးတရ အားပေး လက်ခုပ်တီးကြလို့ ကျနော် စိတ်အလွန်ကြည်နူးမိပါတယ်ခင်ဗျား" လို့ ကိုနေမျိုးဇင်က ဆိုပါတယ်။

တီးခတ် စီစဉ်သူ ဂီတမှူး ကိုဝင်းကျော် ။ တေးရေးဆရာ ကိုသားဖေထင်။ တေးဆို ဗိုလ်ကြီးဟောင်း နေမျိုးဇင် တို့က ထုတ်ဖော်ပြောဆိုလာသော ရင်ခုန်သံကတော့ "အားလုံးလိုချင်သည်မှာ ငြိမ်းချမ်းရေး" ပါတဲ့။

သီချင်းလေးကို ခံစားနိုင်ကြမယ်လို့ ထင်ပါတယ်။

မျက်ရည်မဲ့သော အဖမဲ့ သားသမီးလေးတွေ နောက်ထပ် ပေါ်မလာစေဖို့ ပြည်တွင်းစစ်ကို ရပ်ကြဖို့ တိုက်တွန်းတောင်းဆိုသည့် သီချင်းလေးဖြစ်ပါသည်။

"ဖခင်မဲ့သွားတဲ့ ကလေးလေးတွေဘ၀ ကိုယ်ချင်းစာတတ်ပါသလား ။ လမင်းလေး အလင်းပျောက်နေခိုက် အမှောင်မိုက်မှာ ငိုစရာမျက်ရည်မဲ့တဲ့ သားလေးတွေဘ၀၊ အမိမဲ့ အဖမဲ့ ဘာကြောင့်ဖြစ်ရတာလဲ။

ပြည်တွင်း စစ်မှာ စစ်ခင်းရင်း အသက်တွေ ပေးသွားခဲ့ရတဲ့ အဖေတွေ အတွက် သားသမီးလေးတွေ နေရာ ကနေ စာနာစိတ်နဲ့ ဒီသီချင်းလေးကို ဆိုမိပါတယ်လို့ ကိုနေမျိုးဇင်က ဆိုပါတယ်။

မျက်ရည်မဲ့သော သားသမီးလေးတွေ ဘ၀ မဖြစ်စေချင်ရင် အဖေဖြစ်သူတွေ တိုင်းရင်းသားချင်း စစ်မခင်းပါနဲ့ တမြေတည်းသားချင်း မသတ်ဖြတ်ကြပါနဲ့။ ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါ။ ငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်နိုင်ကြပါစေ" ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဆုတောင်းမေတ္တာ ပို့သထားပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။