Home » , , » ပဋိပက္ခကျယ်ပြန့်စေမယ့် ရေးသားမှု

ပဋိပက္ခကျယ်ပြန့်စေမယ့် ရေးသားမှု

Written By မောင်စေတနာ on Tuesday, June 5, 2012 | 4:57:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJmi6Lgad4dAhIS9OI-Rul4nnJGWw0RzcYpVK-f_-5uV3eYrLwY8WhBe6USDokfRdKlW-A7Rzee_JWfliDQ9VoDgOMbH_Hj9lTxXm-8HCEaKfE9tAi9y6ltAfFURj8gY5Gc0p7cacJTFs/s400/11m.jpg

ရခိုင်ပြည်နယ်မှ ကြေကွဲဖွယ်ရာ၊ စိုးရိမ်ဖွယ်ရာအခြေအနေများနှင့်ပတ်သက်ပြီး အွန်လိုင်းသတင်းတွေ အများကြီး တင်ထားပါတယ်။ အစိုးရဘက်ကလည်း သတင်း အပြည့်အစုံ ထုတ်ပြန်ဖို့ရှိပါတယ်။ ပြည်တွင်း ဂျာနယ်များကလည်း ရေးကြဦးမှာ ဖြစ်ပါတယ်။

အဲဒီလိုရေးသားကြတဲ့အခါမှာ မိမိတို့ရဲ့ ရေးသားချက်များက ပြည်သူများကို သတင်းအချက်အလက်များ ပေးဖို့ အတွက်သာဖြစ်ပြီး ဖြစ်ပွားနေတဲ့ပဋိပက္ခကို ပိုမို ကြီးထွားအောင် လှုံ့ဆော်သလို မဖြစ်ဖို့လိုပါတယ်။ ဒီလို သတင်း ရေးသားမှုများနဲ့ပတ်သက်ပြီး အစ္စလမ် ဘာသာဝင်များနဲ့ ဟိန္ဒူ ဘာသာဝင်များကြား၊ ဇာတ်နိမ့်နဲ့ ဇာတ်မြင့်များအကြား ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်များ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ စာနယ်ဇင်းကောင်စီက တိကျတဲ့ လမ်းညွှန်မှုများချမှတ်ထားတာကို လေ့လာတွေ့ရှိရပါတယ်။

အဲဒီလမ်းညွှန်ချက်များမှာ သတင်းများမှာ ဘာသာ၊ လူမျိုး၊ ဇာတ်နိမ့်/မြင့် ဖော်ပြတာနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း လိုက်နာဖို့သတ်မှတ်ထားပါတယ်-

၁။ လူတစ်ဦး၏ အပြုအမူများ၊ လုပ်ဆောင်ချက်များ( အထူးသဖြင့် အဆိုးမြင်စေမယ့်၊ မကောင်းတဲ့သတင်းများ) နဲ့ပတ်သက်ပြီး ရေးသာရာမှာ ကိုးကွယ်တဲ့ဘာသာ၊ လူမျိုး၊ ဇာတ်နိမ့်/ မြင့်များကို ရည်ညွှန်း ရေးသားခြင်း မပြုဖို့သတိပြုရန်။
၂။ ပြစ်မှုများတွင် စွတ်စွဲခံရသူ သို့မဟုတ် နစ်နာသူ၏ မျိုးနွယ်၊ လူမျိုး၊ ဘာသာကို ရည်ညွှန်းရေးသားခြင်းမပြုရန်။
၃။ စကားလုံးများသုံးစွဲရာတွင် ဓမ္မအဓိဋ္ဌာန်ကျကျ ရေးသားရန်၊ လှုံ့ဆော်ရာရောက်သည့် အသုံးအနှုန်းများကို ရှောင်ရှားရန်။

ဒါ့အပြင် Communal Dispute လို့ခေါ်တဲ့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ၊ ပဋိပက္ခများနဲ့ပတ်သက်ပြီး သတင်း ရေးသားတဲ့အခါ အောက်ပါအတိုင်း လမ်းညွှန်ထားတာတွေ့ရပါတယ်-

၁။ ပဋိပက္ခများနှင့်ပတ်သက်ပြီးရေးသားရာတွင် သတင်းအချက်အလက်များကို ခိုင်မာအောင်အတည်ပြုပြီးမှ ရေးသားရန်။ ရေးသားရာတွင် ငြိမ်းချမ်းမှုကိုရှေ့ရှုသော အသုံးအနှုန်းများသာ သုံးစွဲရန်၊ ဖြစ်ပြီး၊ဖြစ်ဆဲပဋိပက္ခကို ပိုမို ကျယ်ပြန့်အောင် လှုံ့ဆော်သည့်သဘော မဖြစ်စေရန်။
၂။ ဥပဒေစိုးမိုးရေးကို သံသယဖြစ်စေပြီး ပဋိပက္ခကို မိမိဘာသာဖြေရှင်းမှရမည်ဟု ထင်မြင်စေမည့်ရေးသားမှုမျိုး မပြုလုပ်ရန်။
၃။ စာနယ်ဇင်းများသည် ငြိမ်းချမ်းရေးတည်ဆောက်သူဖြစ်စေရန်၊ လှုံ့ဆော်သူ၊ ပြဿနာကို မီးမွှေးပေးသူမဖြစ်စေရန်။
၎။ စာနယ်ဇင်းများသည် လူမျိုးရေး၊ ဘာသာရေးကွဲပြားခြားနားမှုများပပျောက်ပြီး သဟဇာတဖြစ်မှု၊ အပြန်အလှန် နားလည်မှုများကို တည်ဆောက်ပေးရန်ဖြစ်သည်။
ထိုကဲ့သို့ တာဝန်ရှိမှုနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဟန်ချက် ညီညီကျင့်သုံးရန်။



ဒီအချက်များဟာ ပုံနှိပ်မီဒီယာရော၊ အွန်လိုင်းမီဒီယာပေါ်ကရော သတင်းဖြန့်ချိသူများအတွက် သတိပြုစရာဖြစ်ပါတယ်။
သတင်းလွတ်လပ်ခွင့်ကို အင်မတန်အလေးထားတဲ့ အနောက်ဥရောပနိုင်ငံတွေမှာတောင် Hate Speech လို့ ခေါ်တဲ့ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုကို လှုံ့ဆော်တဲ့ရေးသားဟောပြောမှုများကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထား ပါတယ်။

ပြီးခဲ့တဲ့ရက်များအတွင်းက အမျိုးသမီးငယ်များကို အနိုင်အထက်ပြုကျင့်၊ သတ်ဖြတ်၊ ပစ္စည်းလုယူမှု နှစ်ခု ဖြစ်ခဲ့ပါတယ်။ တစ်ခုက ရခိုင်ပြည်နယ်မှာဖြစ်ပြီး တစ်ခုက ရန်ကုန်မှာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းများကို ရေးသားတင်ဆက်ပုံက ကွာခြားခဲ့ပါတယ်။ ဒီကနေ့ ပြဿနာများဖြစ်နေရခြင်းမှာ အွန်လိုင်းသတင်း ရေးသား တင်ဆက်သူများအနေနဲ့ ကျင့်ဝတ်ဆိုင်ရာ အားနည်းမှုများရှိတယ်ဆိုတဲ့ အကြောင်း တစ်ချက်လည်း ပါတယ် ဆိုရင် မှားမယ်မထင်ပါဘူး။

ဒီအဖြစ် အပျက်များဟာ သတင်းမီဒီယာများအတွက် သင်ခန်းစာပါပဲ။ ဒါ့ကြောင့် အခြေအနေ တွေပြန်လည်တည်ငြိမ်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ဖို့နဲ့ ပဋိပက္ခကျယ်ပြန့်စေ မယ့်ေ ရးသားမှုများကို ရှောင်ရှားကြဖို့ တိုက်တွန်းချင်ပါတယ်။

ညွှန်း - ဦးရဲထွဋ် Facebook စာမျက်နှာ

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။