Home » , » ရန်ကုန် မှာ အဓိကရုဏ်း အတွက် မီးမွှေးမှုတွေ လုပ်

ရန်ကုန် မှာ အဓိကရုဏ်း အတွက် မီးမွှေးမှုတွေ လုပ်

Written By အီလက်ထရောနစ် နည်းပညာ on Saturday, June 16, 2012 | 4:21:00 PM


FNG | ယနေ့ နံနက် အစောပိုင်းက ရန်ကုန် တိုင်းဗဟန်း မြို့ နယ် ကုက္ကိုင်းလမ်းဆုံ နှင့် တက္ကသိုလ် ရိပ်သာ လမ်းမီးပွိုင့် ကြား ကမ္ဘာအေး ဘုရားလမ်းပေါ် ရှိ အစ္စလာမ် ဘာသာဝင် ပလီ အရှေ့တွင် မော်တော်ကား တစ်စီးဖြင့် တိုက်ခိုက်ရေးတွင် အထူး လေ့ကျင့်ထား သည်ဟု ယူဆရသော အရွယ်တူ သန်မာ ဖြတ်လတ်သော သူ လူ ၅၀ ခန့်အား ချပြီး အချိန်ကိုက်ပြန်လာခေါ်သွားကြောင်း သိရှိရပါသည်။ အဆိုပါ အကြမ်းဖက် သမားများသည် ပလီ၏ ဆိုင်းဘုတ်နှင့် မျက်နှာစာ အုတ်နံရံ အချို့အား ဖျက်စီးခဲ့ကြောင်း ပလီ ပတ်ဝန်းကျင်ရှိ ရှေးဟောင်း ပစ္စည်း ရောင်းသော ဆိုင် တစ်ဆိုင် အပါအ၀င် ဆိုင် ၃ ဆိုင်အား ၀င်ရောက် ဖျက်စီးခဲ့ကြောင်း FNG မှ သတင်းရရှိသည်။

”အဲဒီ လာဖျက်စီးတဲ့ သူတွေက သာမာန် အရပ်သားတွေနဲ့ မတူဘူး အတော်လေးကို စနစ်တကျ လေ့ကျင့်ထားတဲ့ သူတွေနဲ့ တူတယ် အမိန့် တစ်ခု အောက်မှာ ၀ုန်းကနဲ့ ရောက်လာပြီး ဖျက်ကြတယ် ပြီးတော့ ချက်ခြင်း အချိန်ကိုက် လာခေါ်တဲ့ ကားပေါ်ကို တက်ပြေး သွားကြတယ်ဟု အရပ် အမောင်း တွေက ကောင်းတယ် တညီတည်းပဲ တော်တော် စနစ်တကျ လာဖျက်သွားတာ” ဟု ပလီ ပတ်ဝန်းကျင်တွင် နေထိုင်သူ မှ ပြောသည်။

အခင်း ဖြစ်ပွားချိန်အပြီး မြို့နယ် ရဲမှူးက ဒေသခံ ပြည်သူ အနည်းငယ်ကို အမူမဖွင့်ပါနဲ့ မီဒီယာကို မခေါ်ပါနဲ့ဟု ပြောသွားကြောင်း သိရှိ ရပါသည်။

အဆိုပါ အခင်းဖြစ်ပွား ရွှေဝါရောင် တော်လှန်ရေး အတွင်း ပါဝင်ခဲ့သော ဆရာတော် တချို့က ရန်ကုန်မြို့အား ပုဒ်မ ၁၄၄ ထုတ်စေချင် သဖြင့် ယခု ကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ဟန် တူသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မြို့တော်ခမ်းမ တွင် ရန်ကုန်တိုင်း ၀န်ကြီးနှင့် လုံထိမ်း အဖွဲ့အပါ အ၀င် အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့မှ တာဝန်ရှိသူများ မှ ၂၄ နာရီ အခြေအနေအား စောင့်ကြည့်လျက် ရှိသော်လည်း အဆိုပါ ဖျက်စီးခံရမူနှင့် ပတ်သက်ပြီး ယခု အချိန်အထိ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်းများ မတွေ့ရသေးကြောင်း သိရှိရပါသည်။

ယခု သီတင်းပတ် အတွင်း ရခိုင် ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် မငြိမ်သက် မှု များ တွင် အနည်းဆုံး လူ ၂၉ ဦး သေဆုံး ပြီး ၊ အိမ်ခြေ ၃၀၀၀ ကျော် မီးရှို့ ဖျက်ဆီး ခံရ ကာ ၊ လူပေါင်း ၃၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ပွားခဲ့ရသည်။

ယမန်နေ့က ရန်ကုန် မြို့ တွင် ဆူပူ အကြမ်းဖက်မှုများ ပြုလုပ်မည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း တင်းကျပ်စွာ ချထားသည့် လုံခြုံရေး ကြောင့် ငြိမ်သက် နေခဲ့ သည်။

source by : FMG
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။