Home » , » နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံး မန္တလေးတွင် ဖွင့်မည်

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံး မန္တလေးတွင် ဖွင့်မည်

Written By မောင်စေတနာ on Saturday, June 16, 2012 | 5:15:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwGX6cnABH5NEWuGanCQQDiCmhfpceUv7qery5QGjrjPdeiwMlErR-ByF9QJkerZc7twAp5lgkpyse_1Bkynjlt6zY6NUCfRSEddKLhcn3QWlRBzEbryIjbr0Dckzih8Afbmd5Gw8W7FLZ/s400/myanmar-pass-port-1.jpg

မြန်မာနိုင်ငံကူးလက်မှတ်( Passport)ထုတ်ပေးရေး ရုံးခွဲကို မြန်မာနိုင်ငံ အထက်ပိုင်း အတွက် မန္တလေးမြို့ တွင်လာမည့် ဇူလိုင်လ ပထမပတ်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာန က ကြေညာပါတယ်။

ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးသို့ လာရောက်ရန် ခက်ခဲမှုများ ရှိတာကြောင့် မန္တလေးတိုင်းနှင့် အထက်ပိုင်း မြန်မာနိုင်ငံမှ နိုင်ငံသားများအား အဆင်ပြေချောမွေ့စေရန်ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

မန္တလေး နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးသည် ရန်ကုန် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၏ လုပ်ထုံး လုပ်နည်းအတိုင်း နိုင်ငံကူးလက်မှတ်များကို ၂၁ ရက်နှင့် အပြီး ထုတ်ပေးသွားမည်ဖြစ်သည်။

ကုန်ကျစာရိတ်မှာလည်း စုစုပေါင်း ၃ သောင်းခွဲ ၀န်းကျင်သာ ဖြစ်ကြောင်း၊ သို့သော် ကုန်ကျစာရိတ်ပေးသွင်းမှု သည် ရန်ကုန် ရုံးကဲ့သို့ တနေရာတည်းတွင် ပေးသွင်းရမည်မဟုတ်ဘဲ မြန်မာ့စီးပွားရေး ဘဏ်သို့ ပေးသွင်းရ မည်ဖြစ်သည်။

နိုင်ငံကူး လက်မှတ် လျှောက်ထားသူများအနေဖြင့် ထုံးစံအတိုင်း နိုင်ငံသားမှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းဝင် ( ပုံစံ- ၁၀ )၊ တက္ကသိုလ် ဘွဲ့ရ ဖြစ်ပါက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက်၊ အသက် ၁၀ နှစ်အောက် ကလေးများဖြစ်ပါက မွေးစာရင်းပါရှိရမည်ဖြစ်ပြီး အငြိမ်းစား ၀န်ထမ်းများ ဖြစ်ပါက အလုပ်မှ အလုပ်မှ နုတ် ထွက်စာ သို့မဟုတ် ပင်စင်စားများ ဖြစ်ပါက ပင်စင်စာအုပ်ယူဆောင်လာရမည်ဖြစ်သည်ဟု သိရသည်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။