Home » , , » ၁၅ ရက် သောကြာနေ့ အထူး ဗေဒင်ဟောစာတန်း

၁၅ ရက် သောကြာနေ့ အထူး ဗေဒင်ဟောစာတန်း

Written By မောင်စေတနာ on Saturday, June 16, 2012 | 12:01:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlehfxNOodcUOkc2czlL22-dRIqxHi4br9saofgi_z7EtBgKhmJbZfje7Uhp09u5i8iO7BtPwrOirAfPCJ4UONXNiKRHTNqNS5R3DhIyoj6tlZe9VcWSkmoEtRVwy7DQJkaeWahKdSgOqV/s400/0.jpg

သောကြာနေ့သည် တနင်္လာနေ့မဟုတ်သောကြောင့် ဝန်ထမ်းများ အထူးမြူးလတံ့။ ၁၅ ရက်နေ့ဖြစ်သောကြောင့် လလယ် ဘိုင်ပြတ်ချိန်နှင့် တိုက်ဆိုင်ကာ တချို့မြူးချင်သော်လည်း မမြူးရဲဘဲ ဖြစ်အံ့။

ဤသောကြာသည် ယခင်သောကြာများထက် ထူးစွာ ဝဿန်ကာလတွင်း၌ ဖြစ်နေသောကြောင့် မိုးရွာအံ့။ မိုးမရွာသောနေ့တွင် မိုးမအုံ့ပါက နေပူအံ့။ သောကြာဂြိုဟ်မင်းသည် စိတ်ရူးပေါက်၍ စောက်ထိုး တည်နေသောကြောင့် တိုင်းပြည်တွင်း ကပြောင်းကပြန် ဖြစ်အံ့။ သူခိုးက လူဟစ်မှုများ ဤကာလအတွင်း များပြားအံ့။

ပြည်ပသတင်းဌာနများအား ကဲ့ရဲ့ရှုတ်ချသည့် စာသားများမှာ အစိုးရသတင်းစာ စာမျက်နှာများပေါ်မှ ပြည်သူလူထု၏ မျက်နှာ စာအုပ်ပေါ်သို့ ရောက်လတံ့။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော် တည်ငြိမ်ရေး စသည့် စကားလုံးများလည်း အစိုးရပါးစပ်မှ ပြည်သူ့ ပါးစပ်သို့ ရောက်လတံ့။ မီးလောင်ရာ လေပင့်သူများ၊ အတို့အထောင်လုပ်သူများ အထူးနာမည် ကြီးလတံ့။ ယခင် အဆဲခံရသူများ ထူးဆန်းစွာ အချီးမြှောက်ခံရလတံ့။

ဤနေ့တွင် ထုတ်သော ငွေစက္ကူသည် သောကြာနမ်နှင့် ဆုံး၍ အကြွေဖြတ်ရ ခက်လတံ့။ အဆိုပါ ငွေစက္ကူအား အစိုးရမင်းများက ဓာတ်ကြီး ၄ ပါးဖြင့် အထူးစီမံထားရာ တက္ကနီကာလာ ရောင်စုံ ကွန့်မြူးအံ့။ ထို သောကြာနမ်ဖြင့် ဆုံးသည့် ငွေစက္ကူထုတ်သော အစိုးရမင်းတို့၏ ခေါင်းဆောင် သမ္မတကြီး၏ အမည်မှာ သောကြာနမ်ဖြင့် စသောကြောင့် သောကြာ သားသမီးများ သက်ပြင်းအကြိမ်ကြိမ် ချပြီးမှ ကိုင်သုံးရဲလတံ့။ ထိုငွေစက္ကူကြောင့် လခစားများ၊ စီးပွားရေးသမားများ၏ ပိုက်ဆံအိတ်တို့ ပေါ့အံ့။ စကားများသော သောကြာသားသမီးတို့ အာညောင်းအံ့။ လမ်းများသော သောကြာသားသမီးတို့ ခြေညောင်းအံ့။ နိုင်ငံရပ်ခြား ခရီးစဉ် ရွှေ့ဆိုင်းသော သောကြာသားသမီးတို့ လေယာဉ်စီးရကိန်းနှင့် လွဲလတံ့။

သောကြာ သားသမီးတို့အတွက် ယတြာမှာ နေ့စဉ် ရုံးသွားရုံးပြန် လူကျပ်သော ဘတ်စ်ကားပေါ်၌ စာအုပ်တအုပ် ဖတ်ဖြစ်အောင်ဖတ်ပါ။ နိုင်ငံပိုင် သတင်းစာ အယ်ဒီတာ့အာဘော်၏ အလိုတည်း။

Source by :blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။