တရားမျှတမှုလုံးဝမရှိသော မလေးရှားနိုင်ငံ ဤအမှုအပေါ်နောက်ဆက်တွဲဆုံးဖြတ်ဆောင်ရွက်ချက်….။
Ms. Bonat and Ms. Yim.
Nirmala Bonat အမှုကိုယခုပို့(စ)မတိုင်မီ တွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုပို့(စ)အဆုံးတွင်…
“..ဤအမှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့ နိုင်ငံခြားသားအလုပ်သမားများနှင့် ဒုက္ခသည်များ၏ မိတ်ဆွေကြီး လူ့အခွင့်အရေးရှေ့နေ Charles Hector ၏ ဤအမှုအပေါ် သုံးသပ်ချက်၊ ဥပဒေအကြောင်းအရာများနှင့် Ms. Bonat ဘက်မှနေ၍ လျှော်ကြေးရရန် လူ့အခွင့်အရေး ရှေ့နေများ၏ ကြိုးပမ်းမှုများ၊ မလေးရှားဥပဒေ၏ လူသားချင်းစာနာမှုမရှိပဲ နိုင်ငံသားကိုကာကွယ်ပုံများကို ဆက်လက်ရေးသားပါမည်။..” ဟုဖော်ပြခဲ့ပါသည်။ ယခု ထိုအမှုနောက်ဆက်တွဲကို ဖော်ပြပါမည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDgX8BQCVu5XO-u4aBoIxMJlRyG2SbbVthdlquWxP37KzaAjoiO-HZFY8Qry3RBNhcvLjGQfMmkwhf2iwoPs_c14D-QBmAAeZJ8_4JTUpl73w-jlUjDmOcadQApmp9e-8mGl9U5T1VWy8/s400/551875_228020210630875_100002686931798_311690_2089458801_n.jpg)
Nirmala Bonat အမှုကိုယခုပို့(စ)မတိုင်မီ တွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုပို့(စ)အဆုံးတွင်…
“..ဤအမှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့ နိုင်ငံခြားသားအလုပ်သမားများနှင့် ဒုက္ခသည်များ၏ မိတ်ဆွေကြီး လူ့အခွင့်အရေးရှေ့နေ Charles Hector ၏ ဤအမှုအပေါ် သုံးသပ်ချက်၊ ဥပဒေအကြောင်းအရာများနှင့် Ms. Bonat ဘက်မှနေ၍ လျှော်ကြေးရရန် လူ့အခွင့်အရေး ရှေ့နေများ၏ ကြိုးပမ်းမှုများ၊ မလေးရှားဥပဒေ၏ လူသားချင်းစာနာမှုမရှိပဲ နိုင်ငံသားကိုကာကွယ်ပုံများကို ဆက်လက်ရေးသားပါမည်။..” ဟုဖော်ပြခဲ့ပါသည်။ ယခု ထိုအမှုနောက်ဆက်တွဲကို ဖော်ပြပါမည်။
Ms. Yim Pek Ha ကို တရားသူကြီး Judge Datuk Aktar Tahar ကထောင်ဒဏ် ၁၈ - နှစ်အမိန့်ချမှတ်ခဲ့သည်။ (အမှုတစ်ခုစီအတွက် ထောင်ဒဏ် -၁၈- နှစ်၊ ထို့ကြောင့် အမှု ၃ ခုအတွက် ဆိုလျှင် -၄၈-နှစ်၊ တစ်ပေါင်းတစ်စီးတည်း ကျခံရမည် ဆိုသောကြောင့်၊ ထောင်ဒဏ် -၁၈-နှစ်ကျခံရမည်။)။ ဤအမှုသည် အင်ဒိုနီးရှားနိုင်ငံ အနှံ့ဆူပူမှုများ ဖြစ်ပေါ်စေခဲ့ရပြီး၊ လူ့အခွင့်အရေးအဖွဲ့များကလည်း များစွာအလုပ်လုပ်ခဲ့သည်။
Ms. Bonat with her mother
တရားခံနှင့်မိသားစုအသိုင်းဝိုင်းသည်ငွေကြေးလွန်စွာ ကြွယ်ဝသော ကြောင့် နည်းမျိုးစုံဖြင့် တရားဥပဒေကို တိုက်ဖျက်ရန် ကြိုးစားကြသည်။
အဆိုးဝါးဆုံးအဖြစ် အမိန့်ချမှတ်ပြီးနောက်တစ်ရက်အကြာတွင် တရားခံ၏ လင်ယောက်ျားနှင့်ရှေ့နေတို့က Ms. Yim ကို အာမခံရရန် ကြိုးပမ်းခဲ့ကြသည်။ မလေးရှားအထက်တရားရုံးတွင် အာမခံရရန် ကြိုးပမ်းခဲ့ကြသည်။ သူမသည် အာမခံ (မလေးရှားရင်းဂစ် ၂၀၀ ၀၀၀ ($US54,850)) ဖြင့် အမိန့် ချခံရပြီးနောက်တစ်နေ့တွင် လွတ်မြောက်လာခဲ့သည်။ (၂၈၊ နိုဝင်ဘာ ၂၀၀၈၊ သောကြာနေ့) (မလေးရှား နိုင်ငံ အထက်တရားရုံးမှ)
Ms. Yim Pek Ha (Free from Crime happily!) and her husband
Ms. Yim သည် အမိန့်ချခံရပီး နောက်တစ်ရက်တွင် အာမခံဖြင့် လွတ်လာခဲ့သည်။
သူမသည် အမှုတစ်ခုစီအတွက် ထောင်ဒဏ် ၁၈ -နှစ် ကျခံခဲ့ရ၍ စုစုပေါင်း ၄၈ နှစ်ကျခံရမည်ကို၊ ပြစ်ဒဏ်များကို တစ်ပေါင်းတစ်စည်းတည်း ကျခံရမည်ဆိုသောကြောင့်၊ ပြစ်ဒဏ် ၁၈-နှစ် သာသတ်မှတ်ခဲ့သည်။ သူမသည် ဥပဒေအရ ထောင်ထဲနေမည်ဆိုလျှင် ၁၈-နှစ်နေရမည်ဖြစ်ပြီး၊ ယခုအာမခံရခဲ့သည် အတွက် နောက်ထပ် အမှုနှစ်ခု ၃၆-နှစ်- သည် သူမအပေါ်တွင် ထပ်တက်လာပါသည် ဟု ကြားသိရသည်။
အာမခံနှင့် ပတ်သက်၍ Ms. Yim သည် သူမအတွက် ခရီးသွားလာခွင့်ကို Kuala Lumpur မြို့ပြင်သို့သွားရောက်သည် ဆိုလျှင်၊ သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားရမည်။ သူမကို အာမခံဖြင့် လွှတ်ခဲ့သော်လည်း၊ အမှုမှ တရားသေလွတ်ခြင်းမဟုတ်ကြောင်း၊ တရားရေးရာမှ ပြောပါသည်။
သူမအတွက် အသနားခံစာ နှင့် ပြင်ပတွင် အချိန်ကြာရှည်စွာ အာမခံဖြင့် နေနိုင်ရန်၊ ရှေ့နေများနှင့် ငွေ ကြေးအကုန်အကျများစွာ ကုန်ကျခံ၍ ဆောင်ရွက် နေကြသည်။ သူမ၏ ရှေ့နေ Jagjit Singh က ဤအမှုသည် အသက်ဆုံးရှူံးမှုမရှိခြင်း၊ ကိုယ်ခန္ဓာပျက်စီး ယိုယွင်းမှု မဖြစ်ခြင်း၊ ကြီးမားသောအနာရွတ် များစွာမဖြစ်ခြင်းတို့ကြောင့် သူ၏အမှုသည် Ms. Yim အားတရားရုံးမှ ချမှတ်ခဲ့သော စီရင်ချက်သည် ပိုလွန်ပြင်းထန်ကြောင်း ပြောခဲ့သည်။
လုံးဝတရားသေလွတ်မြောက်ရန် အသနားခံထားသော်လည်း ယခုထိမအောင်သေးပါ။ သူမ နှင့် သူမလင်ယောက်ျားတို့က သူတို့သည် အဖက်ဖက်မှ ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ပြင်ပတွင်အာမခံဖြင့် နေရချိန်ကို ကြာနိုင်သမျှကြာအောင် ဆွဲထားမည် ဟုပြောပါသည်။
ထိုကဲ့သိုဆင်တူသော အမှုတစ်ခုတွင် အိမ်ရှင် Cheng Pei Ee (အသက် -၂၉ နှစ်) သည် သူ၏အိမ်ဖော် အင်ဒိုနီးရှားသူ Kunarsih ကိုသတ်မှုဖြင့် တရားစွဲဆို ချုပ်နှောင်ခံနေရသည်။ သူမသည် အာမခံမရဘဲ၊ သေဒဏ်ကျခံရနိုင်ဖွယ်ရှိသည်ဟု တရားလိုရှေ့နေ များက ပြောပါသည်။ သူမ၏ အမျိုးသား Goo Eng Keng (အသက် -၃၄ နှစ်) သည် အမှုကျူးလွန်ရာတွင် ကူညီအားပေးခဲ့သူအဖြစ်နှင့် သက်သေခံများဖျောက်ဖျက်မှုအတွက် သူမနှင့်အတူတရားစွဲခံခဲ့ရပြီး (မလေးရှားရင်းဂစ် -၉၀၀၀၊ ($US2468)) ဖြင့် အာမခံရခဲ့သည်။ (photo-journ.com)
လူ့အခွင့်အရေးရှေ့နေ Charles Hector ၏ Nirmala Bonat အမှုအပေါ် ထင်မြင်ချက်နှင့် သုံးသပ်ချက်များ။
အိမ်ဖော်အလုပ်သမ အင်ဒိုနီးရှားနိုင်ငံသူ Nirmala Bonat အပေါ်သူမအိမ်ရှင်မှ နှိပ်စက်ညှဉ်းပန်းခဲ့မှုများသည်၊ မလေးရှား၏ လူ့အခွင့်အရေးချိုးဖောက် ခြင်းနှင့် လူသားချင်းမစာနာကြောင်း သက်သေထူလိုက်ခြင်း ဖြစ်ပါသည်။ မလေးရှားရွှေ့ပြောင်းအလုပ်သမား ဥပဒေအရ နိုင်ငံခြားအလုပ်သမား တစ်ဦးသည် တရားရုံးအမှုရင်ဆိုင်နေရစဉ် အလုပ်လုပ်ခွင့်မရှိပါ။
အမှုသည် မိမိအလုပ်ရှင်နှင့်ဖြစ်ပါလျှင်လည်း၊ အလုပ်သမားသည်ကိုင်ဆောင်ထားသော စာရွက်စာတမ်းအရ အခြားအလုပ်ရှင် ထံတွင်လည်း အလုပ်လုပ်ခွင့်မရှိပါ။ ဤဥပဒေသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားဥပဒအရ အပြည်ပြည်ဆိုင်ရာ တွင်ရွှေ့ပြောင်း အလုပ်သမားတို့အတွက် အကျိုးခံစားခွင့်များရ၍ ဖြစ်နိုင်သော်လည်း၊ မလေးရှားရှိ ရွှေ့ပြောင်းအလုပ်သမားများမှာ မည်သည့်အခွင့် အရေး မှမရ၍ ဤဥပဒသည် လူသားချင်းမစာနာသော ဥပဒေဖြစ်သည်။
နိုင်ငံအတွင်း မည်သည့်နေရာတွင်မှ မိမိအလုပ်ရှင်မှလွဲ၍အလုပ်လုပ်ခွင့်မရှိသော အလုပ်သမားအား၊ ခရီးသွားစာရွက်စာတမ်း များသိမ်း၍ နိုင်ငံမှ လုံးဝထွက်ခွာမသွားရ ဟူ၍ အမိန့်ချခံရသည်မှာ အံ့သြဖွယ်ကောင်းသည်။ ဤအမှုတွင် Nirmala Bonat သည် တရားလိုဖြစ်သည်။
မလေးရှားပါလီမာန်သို့မေးလိုသည်မှာ…
၁။ မလေးရှားတွင် အမှုဖြစ်ခဲ့ကြသော ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိရောက်စွာဖြင့် တရားမျှတမှန်မှန်ကန်ကန်ရပ်တည်ကာ ကူညီခဲ့ပြီးပြီလား။ ရှိခဲ့လျှင် အမှုအရေအတွက် မည်မျှ ရှိသနည်း။
၂။ အမှုအရေအတွက် မည်မျှတွင် မတရားခံရသော နိုင်ငံခြားအလုပ်သမားများသည် မိမိနိုင်ငံသို့ပြန်ရောက် ပြီးနောက်၊ နောက်ကြာသောအခါ တရားရုံးတွင် ထွက်ဆိုရန်သက်သေခံရန်၊ စရိတ်ပေးခေါ်ခြင်း၊ ခေါ်ယူခြင်းဖြင့် အမှုကျူးလွန်သော မလေးရှားနိုင်ငံသားကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပါသလား။ ရှိခဲ့လျှင် အမှုအရေအတွက်မည်မျှ ရှိသနည်း။
ကျွန်ုပ်အတွေ့အကြုံအရ တရားလို မရောက်သောကြောင့် အမှုများပလပ်ခဲ့သည်သာ များသည်။ (Charles Hector)
၃။ မလေးရှားနိုင်ငံဘတ်ဂျက်ထဲမှ မိမိနိုင်ငံသားကြောင့် မတရားပြုကျင့်ခံရသော နိုင်ငံခြားသားအလုပ်သမားများကို တရားရုံးအချိန်ရောက်သောအခါ၊ ပြန်ခေါ်ပြီး ထွက်ဆိုရန်အတွက် ငွေမည်မျှ ယခုထိသုံးခဲ့သနည်း။
Fermima Anunut (Ms. Bonatနှင့်ဝမ်းကွဲတော်စပ်သူ၏အလုပ်ရှင်) က Ms. Bonat သည်ဝက်ရူးပြန်ရောဂါကိုခံစားနေရကြောင်း၊ တရားရုံးတွင်ထွက်ဆိုခဲ့သည်။ Ms. Bonat ၏အမေကဤစွပ်စွဲချက်ကိုငြင်းဆိုခဲ့သည်။
နှလုံး ECGနှင့် ဆေးစစ်အဖြေများအရ Ms. Bonat တွင် ထိုသို့သောရောဂါခံစားနေရမှု မရှိကြောင်း သိရှိရသည်။ တရားသူကြီး Akhtar က အိမ်ဖော်သည် ၀က်ရူးပြန်ရောဂါကြောင့် သူမကိုယ်သူမ ဒဏ်ရာရ အောင်ပြုသည် ဆိုသော တင်ပြချက်ကို ပယ်ချခဲ့သည်။ ထို့ပြင် Fermima Anunut သည် Ipoh (KL မှ မိုင် ၁၀၀ နီးပါး) တွင်နေထိုင် အလုပ်လုပ်နေသော သူဖြစ်၍ Ms. Bonat ၏ကျန်းမာရေးကို ထွက်ဆိုသည်မှာ ယုတ္တိမရှိပါ။ တရားခံတို့မှ ဥပဒေကိုလှည့်စားရန်ကြိုးပမ်းမှုသာဖြစ်သည်။
တရားရုံးအဆိုလွှာတွင် Ms. Yim သည် သူ့အိမ်ဖော်ကို အကြိမ်ကြိမ်ပါးရိုက်ခဲ့သည်ကို တွေ့ရပါသည်။
ဤသို့ကာယကံမြောက်ကျူးလွန်သည်ကို လည်း အမှုအဖြစ် နောက်ထပ်တရားစွဲဆိုနိုင်ရမည်။ Ms. Yim ကလည်း ပါးရိုက်ခြင်းကို ၀န်ခံခဲ့သည်။
Ms. Bonat သည် ၂၀၀၄- တွင်နောက်ဆုံးအကြိမ်နှိပ်စက်ခံခဲ့ရသည့် နေ့မှစ၍ နောက် ရက်ပေါင်း -၂၀- ထိခန္ဓာကိုယ်ကိုရေထိ၍ မရသောကြောင့် ရေမချိုးနိုင်ခဲ့။ ထိုကြောင့် သူမကိုဆေးစစ်မှုပြုလုပ်ရာတွင် အတိအကျ မှန်ကန်သောအဖြေများထွက်ခဲ့သည်။ ထိုကြောင့် ပြင်းထန်သော နာကျင်စေမှုအဖြစ်၊ တရားဥပဒေမှသတ်မှတ်ပြီး တရားခံကို အန္တရာယ်ရှိသော ရာဇ၀တ်ကောင်အဖြစ် အမှုစီရင်သင့်သည်။
ယခင်လေယာဉ်မယ်ဟောင်း Ms. Yim သည်တရားရုံးတွင် အမိန့်ချမှတ်ခံရပြီး၊ မိသားစုကို ဖက်၍ငိုကြွေးခဲ့သည်။
DPP အစိုးရရှေ့နေ Raja Rozela Raja Toran ကသတင်းစာတွင်ရေးသားသည်မှာ - Ms. Bonat သည်စီးပွားရေးအဆင်ပြေစေရန် မလေးရှားသို့ လာရောက်ခဲ့သော်လည်း၊ သူမရသွားသည်မှာ ဒဏ်ရာများနှင့် လူမဆန်စွာနှိပ်စက်ခံရခြင်းတို့ဖြစ်ပါသည်။
လူတစ်ယောက်အနေနှင့်ခိုးမှုတစ်ခု ရှိသည်ဆိုစေဦး၊ ဤသို့မိမိကိုယ်ဒဏ်ရာရအောင် မည့်သည်စိတ်မျိုးနှင့်မှ လုပ်မည်မဟုတ်ပါ။
Raja Rozela က Ms. Bonat ၏ဒဏ်ရာများမှာ ရေနွေး၊ မီးပူစသော သေစေနိုင်သောအရာများဖြင့် တိုက်ခိုက်ခံရ၍သာ ရခဲ့ကြောင်း ပြောဆိုသည် အတွက် ဤအမှုသည် လူသတ်ရန်ကြံစည်မှု၊ စီစဉ်မှု၊ ကြိုးပမ်းမှု စသည်အမှုများထပ်မံစွဲဆိုနိုင်သည်။
မယုံကြည်စရာကောင်းအောင်၊ ကလေးသူငယ်များ၏ မိခင်တစ်ဦးသည် အခြား ချို့တဲ့သောအကူညီမဲ့မိန်းခလေးတစ်ဦးကို ရက်စက်သည်မှာ မကြုံဖူး လောက်အောင် ဖြစ်သည်ဟု DPP မှပြောပါသည်။
Ms. Bonat သည် လူ့အခွင့်အရေးရှေ့နေများ၏ အကူညီဖြင့်၊ မိမိအတွက် နစ်နာကြေးလျော်ကြေးရရန်၊ ပုဒ်မ ၄၂၆- အရ Ms. Yim ကိုတရားစွဲထားပါသည်။
Ms. Yim ၏ရှေ့နေ Jagjit ကကန့်ကွက်ခဲ့သည်။ သူက Ms. Bonat သည် သူအမှုသည်နှင့် အခြားသူများထံမှသနားသောကြောင့် လှူဒါန်းသော(ဤသို့ ရေးထားပါသည်။ ပြောပါသည်။) ငွေများစွာရရှိပြီးဖြစ်၍ အင်ဒိုနီးရှားတွင် လူချမ်းသာဖြစ်နိုင်ကြောင်း ပြောခဲ့သည်။ မိမိအမှုသည်သည် အာမခံဖြင့် လွတ်နေသော်လည်း လုံးဝတရားသေ လွတ်မြောက်ခြင်း မဟုတ်သေးသည့်ပြင်၊ လူ့အခွင့်အရေးရှေ့နေများနှင့် အင်ဒိုနီးရှားအစိုးရတို့မှ တရားစွဲထားသည် ကိုလည်း ခံနေရကြောင်းသူက ဆက်ပြောသည်။
တရားခံဘက်မှ ရှေ့နေများထဲမှ Jagjit Singh နှင့် သူ၏လက်ထောက် Akbardin Abdul Kader တို့သည် Ms. Yim အတွက်စွမ်းစွမ်းတမံကြိုးပမ်းခဲ့ ကြသည်။
တရားလိုအတွက် ဥပဒေအကြောင်းအရာအသေးစိတ်ကို မှတ်တမ်းတင်သူ DPP မှ Stanley Augustin ကသူသည် ဥပဒေအတွေ့အကြုံသက်တမ်းတစ် လျှောက်၊ တရားခံတစ်ဦးတည်းမှ ပုဒ်မ ၃၂၆ အမှု သုံးခု ဖြင့် တရားစွဲခံရသည်ကို ပထမဆုံးကြုံရခြင်းဖြစ်သည်ဟု ပြောခဲ့သည်။
အားလုံးပြီးစီး ဆုံးဖြတ်ပြီးသည့်နောက်တစ်နေ့တွင် Ms. Yim သည်အာမခံ (ငွေ ၂၀၀၀၀၀ မလေးရှား ရင်းဂစ်) ဖြင့်လွတ်လာခဲ့သည်။ နောက်ထပ် တရားမှုများတွင် တရားရုံးသွားရောက်နေရဦးမည်ဖြစ်သည်။
ထို့ပြင် Ms. Bonat အတွက် လျော်ကြေးကို မလေးရှားဥပဒေက ဆောင်ရွက်ရန်နှောင့်နှေးကြန့်ကြာသောကြောင့် စိတ်ပျက် စရာကောင်းပါသည်။ နှစ်ပေါင်းများစွာကြာမြင့်ပြီး ဖြစ်သော်လည်း မထူးခြားလာခဲ့။ တရားလိုသည်လည်း အခြားနိုင်ငံမှ ဖြစ်၍ ရုံးချိန်းတိုင်းလာရောက်ရန် မဖြစ်နိုင်။ မလေးရှား အစိုးရမှလည်း တာဝန်မယူပါ။ တရားလိုက သွားလာရေးမှာ နိုင်ငံတစ်ခုမှာ စရိတ်ကုန်ကျများစွာ ခံ၍လာရမည် ဖြစ်သောကြောင့် မဖြစ်နိုင်လျှင်၊ တရားခံအနေဖြင့် ဥပဒေအပေါ်အမြတ်ထုတ်နိုင်သော အကျိုးအမြတ်များစွာ ရှိပါသည်။
ကျွန်ုပ် (Charles Hector) အနေနှင့်ပြောလိုသည်မှာ မလေးရှားအစိုးရသည် ဤသို့သောအမှုများကို ကိုင်တွယ်ရာတွင် လိုအပ်မှုများစွာရှိပါသည်။
Charles Hector
Ms. Bonat (before)
အစိုးရ သည် ဤသို့အမှုဖြစ်သော နိုင်ငံခြားအလုပ်သမားအတွက် အမှုမပြီးမချင်းခိုလှုံနေထိုင်ရန် ဂေဟာများဖွင့်ပေးရမည်။ အစိုးရက အစစအရာရာ ထောက်ပံ့ရ မည်။ အမှုနိုင်သည်ဖြစ်စေ၊ ရှူံးသည်ဖြစ်စေ အလုပ်သမားသည် ယခင်အလုပ်ရှင်ထံပြန်သွားရန် မဖြစ်နိုင်တော့သောကြောင့်၊ စီစဉ်ဆောင်ရွက်ပေးရမည်။ နိုင်ငံအတွင်းတွင် ဆက်လက်နေထိုင်အလုပ်လုပ်ခွင့်ပြုရမည်။ ခိုလှုံစဉ်အတွင်း အလုပ်သမားက ယင်း၏ တရားရုံးစရိတ်နှင့် သူ၏နိုင်ငံရှိမိသားစု ထောက်ပံ့ရေးအတွက် အလုပ်လိုပါက စီစဉ်ပေးရမည်။ ဤအချက်များအားလုံးအတွက် ဥပဒေများပြဌာန်းပေးရမည်။ ရွှေ့ပြောင်းအလုပ်သမားတို့အမှု ရင်ဆိုင်ရလျှင် ထိုအမှုကို (မည်မျှ ကြီးမားသောအမှုဖြစ်စေ) ၃ လ - မှ ၆ လ အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ရမည်။
ယခု Ms. Bonat ကြုံတွေ့ခဲ့ရမှုသည် တရားမျှတမှုလုံးဝမရှိပါ ဟုသူကပြောပါသည်။
အာမခံ…
အာမခံ ဟူသည် အမှုဖြစ်ပေါ်နေသော၊ အမှုတစ်ခုအတွက် အမှုရင်ဆိုင်နေရသော သူအားကိုယ်စားပြု၍ တရားရုံးတွင်တင်ပြအသနားခံ သည်ကို ထောက်ထား၍ နောက်တရားရုံးရက်ချိန်းများတွင် လာရောက်ရမည်ဟူသော ခံဝန်ချက်ဖြင့် ပြင်ပတွင်၊ ခရီးသွားလာမှု ကန့်သတ်ချက်ဖြင့် ခွင့်ပြုခြင်း ဖြစ်ပါသည်။
အာမခံမရနိုင်သော အချက်များ
၁။ တရားခံသည် ထွက်ပြေးနိုင်သည်။
၂။ နောက်ထပ်အမှုများကို အာမခံကာလအတွင်း ကျူးလွန်နိုင်သော အနေအထေားရှိသည်။
၃။ သူနှင့် သက်သေများကြားမလိုလားအပ်သော ရှုပ်ထွေးမှုများဖြစ်နိုင်သည်။ (တရားလိုသက်သေကို အန္တရာယ်ပြုနိုင်သည်)
တရားရုံးက ထည့်သွင်းစဉ်းစားရမည့်အချက်များ
၁။ တရားခံကျူးလွန်ခဲ့သောအမှု
၂။ အကျင့်စာရိတ္တ၊ နှင့်ယင်းအာမခံရစဉ်အတွင်း နေထိုင်မည့်ပတ်ဝန်းကျင်မှသူများ၏ လက်ရှိအမှုအပေါ်ပတ်သက်နေသော ဆက်နွှယ်မှု
၃။ တရားခံ ၏ယခင် အာမခံမှတ်တမ်း
၎။ အာမခံသူများ၏ တည်မြဲယုံကြည်ရမှု
တရားရုံးသည် အာမခံကို အောက်ပါအချက်များကြောင်း ပယ်ချနိုင်သည်။
၁။ တရားခံသည် မိမိကိုယ်မိမိကာကွယ်ခြင်းဖြင့် တင်သောအာမခံ
၂။ တရားခံသည် ဤအမှုနှင့်မဆိုင်သော အခြားအမှုတစ်ခုအတွက် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားဖြစ်နေခြင်း။
၃။ အမှုနှင့်ပတ်သက်သော အချက်အလက်များကို တရားရုံးမှ ကျေနပ်မှုမရသေးခြင်း။
၎။ အမှုစစ်ဆေးကြားနာနေသော တရားရုံးရက်များအတွင်း တရားခံသည် အပြစ်ရှိကြောင်းဝန်ခံပြီးဖြစ်သောအခါ အသေးစိတ်အမှုဖြစ်စဉ်ကို ပြစ်ဒဏ်စီရင် ချက်အတွက် ပြုစုရမည်ဖြစ်၍ တရားခံကို ချုပ်နှောင်ထားရန်လိုသည်ဟု သတ်မှတ်ခြင်း။
စသည့်အချက်များ….
ထို့ကြောင့် Ms. Yim ဆိုသော မလေးရှားနိုင်ငံသူအားမလေးရှားအစိုးရသည် မတရားမှုများ ကျူးလွန်ခဲ့သည်ကို သက်သေများစွာ ရှိပါလျက် အာမခံဖြင့် ခွင့်ပြုသည့်အပြင်၊ Ms. Bonat အတွက်လည်း မည်သို့မှ တာဝန်မယူခဲ့။
ထို့ကြောင့် အင်ဒိုနီးရှားက အိမ်ဖော်များပို့ခြင်းကို ၂၀၀၉ နှစ်စတွင် ပိတ်ပစ်ခဲ့သည်။
ဤအမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုများ ရှိခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၌ လည်း ဆန္ဒပြမှုများရက်ဆက်ဖြစ်ပွားခဲ့ရသည်။
Ms. Bonat အမှုကြောင့် ဖြစ်ပေါ်ခဲ့သော အင်ဒိုနီးရှား ဆန္ဒပြပွဲတစ်ခု
ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……
ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။
ဆက်လက်ဖော်ပြပါမည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS655QKD2ar2FiAB7woa0vjFBVCgqrQLAmKPs6Ps4ryaHeXfwwzYdHZs2y2ccFl2wRrJhElCa3yPWBhK2jfsxQWXJmmAwiP77nMB2vLjAW4yTpWfGF2zz8dJj0l_XvhX0eW4fNfE9HAiM/s400/380605_228026603963569_100002686931798_311707_713474451_n.jpg)
တရားခံနှင့်မိသားစုအသိုင်းဝိုင်းသည်ငွေကြေးလွန်စွာ ကြွယ်ဝသော ကြောင့် နည်းမျိုးစုံဖြင့် တရားဥပဒေကို တိုက်ဖျက်ရန် ကြိုးစားကြသည်။
အဆိုးဝါးဆုံးအဖြစ် အမိန့်ချမှတ်ပြီးနောက်တစ်ရက်အကြာတွင် တရားခံ၏ လင်ယောက်ျားနှင့်ရှေ့နေတို့က Ms. Yim ကို အာမခံရရန် ကြိုးပမ်းခဲ့ကြသည်။ မလေးရှားအထက်တရားရုံးတွင် အာမခံရရန် ကြိုးပမ်းခဲ့ကြသည်။ သူမသည် အာမခံ (မလေးရှားရင်းဂစ် ၂၀၀ ၀၀၀ ($US54,850)) ဖြင့် အမိန့် ချခံရပြီးနောက်တစ်နေ့တွင် လွတ်မြောက်လာခဲ့သည်။ (၂၈၊ နိုဝင်ဘာ ၂၀၀၈၊ သောကြာနေ့) (မလေးရှား နိုင်ငံ အထက်တရားရုံးမှ)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAldTMD1bfg1seLi4D6k0WDbmibdkV9eWeJ05L6ilgK7AiqqaJ2O_A05MCVrUh2KDI05w7LTAkB_FeyBli2rb3J0juPjRK2xBMY4vZkfkX_2cvKJolbArnJt6DzVv5OY-FGYqf0SqBVJY/s400/536407_228012010631695_100002686931798_311679_1047666347_n.jpg)
Ms. Yim သည် အမိန့်ချခံရပီး နောက်တစ်ရက်တွင် အာမခံဖြင့် လွတ်လာခဲ့သည်။
သူမသည် အမှုတစ်ခုစီအတွက် ထောင်ဒဏ် ၁၈ -နှစ် ကျခံခဲ့ရ၍ စုစုပေါင်း ၄၈ နှစ်ကျခံရမည်ကို၊ ပြစ်ဒဏ်များကို တစ်ပေါင်းတစ်စည်းတည်း ကျခံရမည်ဆိုသောကြောင့်၊ ပြစ်ဒဏ် ၁၈-နှစ် သာသတ်မှတ်ခဲ့သည်။ သူမသည် ဥပဒေအရ ထောင်ထဲနေမည်ဆိုလျှင် ၁၈-နှစ်နေရမည်ဖြစ်ပြီး၊ ယခုအာမခံရခဲ့သည် အတွက် နောက်ထပ် အမှုနှစ်ခု ၃၆-နှစ်- သည် သူမအပေါ်တွင် ထပ်တက်လာပါသည် ဟု ကြားသိရသည်။
အာမခံနှင့် ပတ်သက်၍ Ms. Yim သည် သူမအတွက် ခရီးသွားလာခွင့်ကို Kuala Lumpur မြို့ပြင်သို့သွားရောက်သည် ဆိုလျှင်၊ သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားရမည်။ သူမကို အာမခံဖြင့် လွှတ်ခဲ့သော်လည်း၊ အမှုမှ တရားသေလွတ်ခြင်းမဟုတ်ကြောင်း၊ တရားရေးရာမှ ပြောပါသည်။
သူမအတွက် အသနားခံစာ နှင့် ပြင်ပတွင် အချိန်ကြာရှည်စွာ အာမခံဖြင့် နေနိုင်ရန်၊ ရှေ့နေများနှင့် ငွေ ကြေးအကုန်အကျများစွာ ကုန်ကျခံ၍ ဆောင်ရွက် နေကြသည်။ သူမ၏ ရှေ့နေ Jagjit Singh က ဤအမှုသည် အသက်ဆုံးရှူံးမှုမရှိခြင်း၊ ကိုယ်ခန္ဓာပျက်စီး ယိုယွင်းမှု မဖြစ်ခြင်း၊ ကြီးမားသောအနာရွတ် များစွာမဖြစ်ခြင်းတို့ကြောင့် သူ၏အမှုသည် Ms. Yim အားတရားရုံးမှ ချမှတ်ခဲ့သော စီရင်ချက်သည် ပိုလွန်ပြင်းထန်ကြောင်း ပြောခဲ့သည်။
လုံးဝတရားသေလွတ်မြောက်ရန် အသနားခံထားသော်လည်း ယခုထိမအောင်သေးပါ။ သူမ နှင့် သူမလင်ယောက်ျားတို့က သူတို့သည် အဖက်ဖက်မှ ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ပြင်ပတွင်အာမခံဖြင့် နေရချိန်ကို ကြာနိုင်သမျှကြာအောင် ဆွဲထားမည် ဟုပြောပါသည်။
ထိုကဲ့သိုဆင်တူသော အမှုတစ်ခုတွင် အိမ်ရှင် Cheng Pei Ee (အသက် -၂၉ နှစ်) သည် သူ၏အိမ်ဖော် အင်ဒိုနီးရှားသူ Kunarsih ကိုသတ်မှုဖြင့် တရားစွဲဆို ချုပ်နှောင်ခံနေရသည်။ သူမသည် အာမခံမရဘဲ၊ သေဒဏ်ကျခံရနိုင်ဖွယ်ရှိသည်ဟု တရားလိုရှေ့နေ များက ပြောပါသည်။ သူမ၏ အမျိုးသား Goo Eng Keng (အသက် -၃၄ နှစ်) သည် အမှုကျူးလွန်ရာတွင် ကူညီအားပေးခဲ့သူအဖြစ်နှင့် သက်သေခံများဖျောက်ဖျက်မှုအတွက် သူမနှင့်အတူတရားစွဲခံခဲ့ရပြီး (မလေးရှားရင်းဂစ် -၉၀၀၀၊ ($US2468)) ဖြင့် အာမခံရခဲ့သည်။ (photo-journ.com)
လူ့အခွင့်အရေးရှေ့နေ Charles Hector ၏ Nirmala Bonat အမှုအပေါ် ထင်မြင်ချက်နှင့် သုံးသပ်ချက်များ။
အိမ်ဖော်အလုပ်သမ အင်ဒိုနီးရှားနိုင်ငံသူ Nirmala Bonat အပေါ်သူမအိမ်ရှင်မှ နှိပ်စက်ညှဉ်းပန်းခဲ့မှုများသည်၊ မလေးရှား၏ လူ့အခွင့်အရေးချိုးဖောက် ခြင်းနှင့် လူသားချင်းမစာနာကြောင်း သက်သေထူလိုက်ခြင်း ဖြစ်ပါသည်။ မလေးရှားရွှေ့ပြောင်းအလုပ်သမား ဥပဒေအရ နိုင်ငံခြားအလုပ်သမား တစ်ဦးသည် တရားရုံးအမှုရင်ဆိုင်နေရစဉ် အလုပ်လုပ်ခွင့်မရှိပါ။
အမှုသည် မိမိအလုပ်ရှင်နှင့်ဖြစ်ပါလျှင်လည်း၊ အလုပ်သမားသည်ကိုင်ဆောင်ထားသော စာရွက်စာတမ်းအရ အခြားအလုပ်ရှင် ထံတွင်လည်း အလုပ်လုပ်ခွင့်မရှိပါ။ ဤဥပဒေသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားဥပဒအရ အပြည်ပြည်ဆိုင်ရာ တွင်ရွှေ့ပြောင်း အလုပ်သမားတို့အတွက် အကျိုးခံစားခွင့်များရ၍ ဖြစ်နိုင်သော်လည်း၊ မလေးရှားရှိ ရွှေ့ပြောင်းအလုပ်သမားများမှာ မည်သည့်အခွင့် အရေး မှမရ၍ ဤဥပဒသည် လူသားချင်းမစာနာသော ဥပဒေဖြစ်သည်။
နိုင်ငံအတွင်း မည်သည့်နေရာတွင်မှ မိမိအလုပ်ရှင်မှလွဲ၍အလုပ်လုပ်ခွင့်မရှိသော အလုပ်သမားအား၊ ခရီးသွားစာရွက်စာတမ်း များသိမ်း၍ နိုင်ငံမှ လုံးဝထွက်ခွာမသွားရ ဟူ၍ အမိန့်ချခံရသည်မှာ အံ့သြဖွယ်ကောင်းသည်။ ဤအမှုတွင် Nirmala Bonat သည် တရားလိုဖြစ်သည်။
မလေးရှားပါလီမာန်သို့မေးလိုသည်မှာ…
၁။ မလေးရှားတွင် အမှုဖြစ်ခဲ့ကြသော ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိရောက်စွာဖြင့် တရားမျှတမှန်မှန်ကန်ကန်ရပ်တည်ကာ ကူညီခဲ့ပြီးပြီလား။ ရှိခဲ့လျှင် အမှုအရေအတွက် မည်မျှ ရှိသနည်း။
၂။ အမှုအရေအတွက် မည်မျှတွင် မတရားခံရသော နိုင်ငံခြားအလုပ်သမားများသည် မိမိနိုင်ငံသို့ပြန်ရောက် ပြီးနောက်၊ နောက်ကြာသောအခါ တရားရုံးတွင် ထွက်ဆိုရန်သက်သေခံရန်၊ စရိတ်ပေးခေါ်ခြင်း၊ ခေါ်ယူခြင်းဖြင့် အမှုကျူးလွန်သော မလေးရှားနိုင်ငံသားကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပါသလား။ ရှိခဲ့လျှင် အမှုအရေအတွက်မည်မျှ ရှိသနည်း။
ကျွန်ုပ်အတွေ့အကြုံအရ တရားလို မရောက်သောကြောင့် အမှုများပလပ်ခဲ့သည်သာ များသည်။ (Charles Hector)
၃။ မလေးရှားနိုင်ငံဘတ်ဂျက်ထဲမှ မိမိနိုင်ငံသားကြောင့် မတရားပြုကျင့်ခံရသော နိုင်ငံခြားသားအလုပ်သမားများကို တရားရုံးအချိန်ရောက်သောအခါ၊ ပြန်ခေါ်ပြီး ထွက်ဆိုရန်အတွက် ငွေမည်မျှ ယခုထိသုံးခဲ့သနည်း။
Fermima Anunut (Ms. Bonatနှင့်ဝမ်းကွဲတော်စပ်သူ၏အလုပ်ရှင်) က Ms. Bonat သည်ဝက်ရူးပြန်ရောဂါကိုခံစားနေရကြောင်း၊ တရားရုံးတွင်ထွက်ဆိုခဲ့သည်။ Ms. Bonat ၏အမေကဤစွပ်စွဲချက်ကိုငြင်းဆိုခဲ့သည်။
နှလုံး ECGနှင့် ဆေးစစ်အဖြေများအရ Ms. Bonat တွင် ထိုသို့သောရောဂါခံစားနေရမှု မရှိကြောင်း သိရှိရသည်။ တရားသူကြီး Akhtar က အိမ်ဖော်သည် ၀က်ရူးပြန်ရောဂါကြောင့် သူမကိုယ်သူမ ဒဏ်ရာရ အောင်ပြုသည် ဆိုသော တင်ပြချက်ကို ပယ်ချခဲ့သည်။ ထို့ပြင် Fermima Anunut သည် Ipoh (KL မှ မိုင် ၁၀၀ နီးပါး) တွင်နေထိုင် အလုပ်လုပ်နေသော သူဖြစ်၍ Ms. Bonat ၏ကျန်းမာရေးကို ထွက်ဆိုသည်မှာ ယုတ္တိမရှိပါ။ တရားခံတို့မှ ဥပဒေကိုလှည့်စားရန်ကြိုးပမ်းမှုသာဖြစ်သည်။
တရားရုံးအဆိုလွှာတွင် Ms. Yim သည် သူ့အိမ်ဖော်ကို အကြိမ်ကြိမ်ပါးရိုက်ခဲ့သည်ကို တွေ့ရပါသည်။
ဤသို့ကာယကံမြောက်ကျူးလွန်သည်ကို လည်း အမှုအဖြစ် နောက်ထပ်တရားစွဲဆိုနိုင်ရမည်။ Ms. Yim ကလည်း ပါးရိုက်ခြင်းကို ၀န်ခံခဲ့သည်။
Ms. Bonat သည် ၂၀၀၄- တွင်နောက်ဆုံးအကြိမ်နှိပ်စက်ခံခဲ့ရသည့် နေ့မှစ၍ နောက် ရက်ပေါင်း -၂၀- ထိခန္ဓာကိုယ်ကိုရေထိ၍ မရသောကြောင့် ရေမချိုးနိုင်ခဲ့။ ထိုကြောင့် သူမကိုဆေးစစ်မှုပြုလုပ်ရာတွင် အတိအကျ မှန်ကန်သောအဖြေများထွက်ခဲ့သည်။ ထိုကြောင့် ပြင်းထန်သော နာကျင်စေမှုအဖြစ်၊ တရားဥပဒေမှသတ်မှတ်ပြီး တရားခံကို အန္တရာယ်ရှိသော ရာဇ၀တ်ကောင်အဖြစ် အမှုစီရင်သင့်သည်။
ယခင်လေယာဉ်မယ်ဟောင်း Ms. Yim သည်တရားရုံးတွင် အမိန့်ချမှတ်ခံရပြီး၊ မိသားစုကို ဖက်၍ငိုကြွေးခဲ့သည်။
DPP အစိုးရရှေ့နေ Raja Rozela Raja Toran ကသတင်းစာတွင်ရေးသားသည်မှာ - Ms. Bonat သည်စီးပွားရေးအဆင်ပြေစေရန် မလေးရှားသို့ လာရောက်ခဲ့သော်လည်း၊ သူမရသွားသည်မှာ ဒဏ်ရာများနှင့် လူမဆန်စွာနှိပ်စက်ခံရခြင်းတို့ဖြစ်ပါသည်။
လူတစ်ယောက်အနေနှင့်ခိုးမှုတစ်ခု ရှိသည်ဆိုစေဦး၊ ဤသို့မိမိကိုယ်ဒဏ်ရာရအောင် မည့်သည်စိတ်မျိုးနှင့်မှ လုပ်မည်မဟုတ်ပါ။
Raja Rozela က Ms. Bonat ၏ဒဏ်ရာများမှာ ရေနွေး၊ မီးပူစသော သေစေနိုင်သောအရာများဖြင့် တိုက်ခိုက်ခံရ၍သာ ရခဲ့ကြောင်း ပြောဆိုသည် အတွက် ဤအမှုသည် လူသတ်ရန်ကြံစည်မှု၊ စီစဉ်မှု၊ ကြိုးပမ်းမှု စသည်အမှုများထပ်မံစွဲဆိုနိုင်သည်။
မယုံကြည်စရာကောင်းအောင်၊ ကလေးသူငယ်များ၏ မိခင်တစ်ဦးသည် အခြား ချို့တဲ့သောအကူညီမဲ့မိန်းခလေးတစ်ဦးကို ရက်စက်သည်မှာ မကြုံဖူး လောက်အောင် ဖြစ်သည်ဟု DPP မှပြောပါသည်။
Ms. Bonat သည် လူ့အခွင့်အရေးရှေ့နေများ၏ အကူညီဖြင့်၊ မိမိအတွက် နစ်နာကြေးလျော်ကြေးရရန်၊ ပုဒ်မ ၄၂၆- အရ Ms. Yim ကိုတရားစွဲထားပါသည်။
Ms. Yim ၏ရှေ့နေ Jagjit ကကန့်ကွက်ခဲ့သည်။ သူက Ms. Bonat သည် သူအမှုသည်နှင့် အခြားသူများထံမှသနားသောကြောင့် လှူဒါန်းသော(ဤသို့ ရေးထားပါသည်။ ပြောပါသည်။) ငွေများစွာရရှိပြီးဖြစ်၍ အင်ဒိုနီးရှားတွင် လူချမ်းသာဖြစ်နိုင်ကြောင်း ပြောခဲ့သည်။ မိမိအမှုသည်သည် အာမခံဖြင့် လွတ်နေသော်လည်း လုံးဝတရားသေ လွတ်မြောက်ခြင်း မဟုတ်သေးသည့်ပြင်၊ လူ့အခွင့်အရေးရှေ့နေများနှင့် အင်ဒိုနီးရှားအစိုးရတို့မှ တရားစွဲထားသည် ကိုလည်း ခံနေရကြောင်းသူက ဆက်ပြောသည်။
တရားခံဘက်မှ ရှေ့နေများထဲမှ Jagjit Singh နှင့် သူ၏လက်ထောက် Akbardin Abdul Kader တို့သည် Ms. Yim အတွက်စွမ်းစွမ်းတမံကြိုးပမ်းခဲ့ ကြသည်။
တရားလိုအတွက် ဥပဒေအကြောင်းအရာအသေးစိတ်ကို မှတ်တမ်းတင်သူ DPP မှ Stanley Augustin ကသူသည် ဥပဒေအတွေ့အကြုံသက်တမ်းတစ် လျှောက်၊ တရားခံတစ်ဦးတည်းမှ ပုဒ်မ ၃၂၆ အမှု သုံးခု ဖြင့် တရားစွဲခံရသည်ကို ပထမဆုံးကြုံရခြင်းဖြစ်သည်ဟု ပြောခဲ့သည်။
အားလုံးပြီးစီး ဆုံးဖြတ်ပြီးသည့်နောက်တစ်နေ့တွင် Ms. Yim သည်အာမခံ (ငွေ ၂၀၀၀၀၀ မလေးရှား ရင်းဂစ်) ဖြင့်လွတ်လာခဲ့သည်။ နောက်ထပ် တရားမှုများတွင် တရားရုံးသွားရောက်နေရဦးမည်ဖြစ်သည်။
ထို့ပြင် Ms. Bonat အတွက် လျော်ကြေးကို မလေးရှားဥပဒေက ဆောင်ရွက်ရန်နှောင့်နှေးကြန့်ကြာသောကြောင့် စိတ်ပျက် စရာကောင်းပါသည်။ နှစ်ပေါင်းများစွာကြာမြင့်ပြီး ဖြစ်သော်လည်း မထူးခြားလာခဲ့။ တရားလိုသည်လည်း အခြားနိုင်ငံမှ ဖြစ်၍ ရုံးချိန်းတိုင်းလာရောက်ရန် မဖြစ်နိုင်။ မလေးရှား အစိုးရမှလည်း တာဝန်မယူပါ။ တရားလိုက သွားလာရေးမှာ နိုင်ငံတစ်ခုမှာ စရိတ်ကုန်ကျများစွာ ခံ၍လာရမည် ဖြစ်သောကြောင့် မဖြစ်နိုင်လျှင်၊ တရားခံအနေဖြင့် ဥပဒေအပေါ်အမြတ်ထုတ်နိုင်သော အကျိုးအမြတ်များစွာ ရှိပါသည်။
ကျွန်ုပ် (Charles Hector) အနေနှင့်ပြောလိုသည်မှာ မလေးရှားအစိုးရသည် ဤသို့သောအမှုများကို ကိုင်တွယ်ရာတွင် လိုအပ်မှုများစွာရှိပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPP2aMyQwsLpIb1cvMmIfWZEnwc9f0jzn6bddETupQSYk62ysROO9OHQPIh-gUpU34xTDmf7G-py1li5ukWtxf1goec0cSoXpSlRiYbqu_lr-a0-gQnfp5Mq8Fkt6AceLMlX-dVhC47J0/s400/427783_228034590629437_601133612_n.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivwyjGdGPyLQZdXO1BLjrlt0pcveRYGmP_KiCEvnyi0MZnQ6I6EbzNtadOCzcDdGBy98Usd2qkoMACjhHiJL3mvFMePSVfgZ2aQaW4PQuFUf9yvV0eI1lNIY0csSCP69MaoZnb95H9X7k/s400/524171_228012470631649_100002686931798_311681_1788478270_n.jpg)
အစိုးရ သည် ဤသို့အမှုဖြစ်သော နိုင်ငံခြားအလုပ်သမားအတွက် အမှုမပြီးမချင်းခိုလှုံနေထိုင်ရန် ဂေဟာများဖွင့်ပေးရမည်။ အစိုးရက အစစအရာရာ ထောက်ပံ့ရ မည်။ အမှုနိုင်သည်ဖြစ်စေ၊ ရှူံးသည်ဖြစ်စေ အလုပ်သမားသည် ယခင်အလုပ်ရှင်ထံပြန်သွားရန် မဖြစ်နိုင်တော့သောကြောင့်၊ စီစဉ်ဆောင်ရွက်ပေးရမည်။ နိုင်ငံအတွင်းတွင် ဆက်လက်နေထိုင်အလုပ်လုပ်ခွင့်ပြုရမည်။ ခိုလှုံစဉ်အတွင်း အလုပ်သမားက ယင်း၏ တရားရုံးစရိတ်နှင့် သူ၏နိုင်ငံရှိမိသားစု ထောက်ပံ့ရေးအတွက် အလုပ်လိုပါက စီစဉ်ပေးရမည်။ ဤအချက်များအားလုံးအတွက် ဥပဒေများပြဌာန်းပေးရမည်။ ရွှေ့ပြောင်းအလုပ်သမားတို့အမှု ရင်ဆိုင်ရလျှင် ထိုအမှုကို (မည်မျှ ကြီးမားသောအမှုဖြစ်စေ) ၃ လ - မှ ၆ လ အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ရမည်။
ယခု Ms. Bonat ကြုံတွေ့ခဲ့ရမှုသည် တရားမျှတမှုလုံးဝမရှိပါ ဟုသူကပြောပါသည်။
အာမခံ…
အာမခံ ဟူသည် အမှုဖြစ်ပေါ်နေသော၊ အမှုတစ်ခုအတွက် အမှုရင်ဆိုင်နေရသော သူအားကိုယ်စားပြု၍ တရားရုံးတွင်တင်ပြအသနားခံ သည်ကို ထောက်ထား၍ နောက်တရားရုံးရက်ချိန်းများတွင် လာရောက်ရမည်ဟူသော ခံဝန်ချက်ဖြင့် ပြင်ပတွင်၊ ခရီးသွားလာမှု ကန့်သတ်ချက်ဖြင့် ခွင့်ပြုခြင်း ဖြစ်ပါသည်။
အာမခံမရနိုင်သော အချက်များ
၁။ တရားခံသည် ထွက်ပြေးနိုင်သည်။
၂။ နောက်ထပ်အမှုများကို အာမခံကာလအတွင်း ကျူးလွန်နိုင်သော အနေအထေားရှိသည်။
၃။ သူနှင့် သက်သေများကြားမလိုလားအပ်သော ရှုပ်ထွေးမှုများဖြစ်နိုင်သည်။ (တရားလိုသက်သေကို အန္တရာယ်ပြုနိုင်သည်)
တရားရုံးက ထည့်သွင်းစဉ်းစားရမည့်အချက်များ
၁။ တရားခံကျူးလွန်ခဲ့သောအမှု
၂။ အကျင့်စာရိတ္တ၊ နှင့်ယင်းအာမခံရစဉ်အတွင်း နေထိုင်မည့်ပတ်ဝန်းကျင်မှသူများ၏ လက်ရှိအမှုအပေါ်ပတ်သက်နေသော ဆက်နွှယ်မှု
၃။ တရားခံ ၏ယခင် အာမခံမှတ်တမ်း
၎။ အာမခံသူများ၏ တည်မြဲယုံကြည်ရမှု
တရားရုံးသည် အာမခံကို အောက်ပါအချက်များကြောင်း ပယ်ချနိုင်သည်။
၁။ တရားခံသည် မိမိကိုယ်မိမိကာကွယ်ခြင်းဖြင့် တင်သောအာမခံ
၂။ တရားခံသည် ဤအမှုနှင့်မဆိုင်သော အခြားအမှုတစ်ခုအတွက် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားဖြစ်နေခြင်း။
၃။ အမှုနှင့်ပတ်သက်သော အချက်အလက်များကို တရားရုံးမှ ကျေနပ်မှုမရသေးခြင်း။
၎။ အမှုစစ်ဆေးကြားနာနေသော တရားရုံးရက်များအတွင်း တရားခံသည် အပြစ်ရှိကြောင်းဝန်ခံပြီးဖြစ်သောအခါ အသေးစိတ်အမှုဖြစ်စဉ်ကို ပြစ်ဒဏ်စီရင် ချက်အတွက် ပြုစုရမည်ဖြစ်၍ တရားခံကို ချုပ်နှောင်ထားရန်လိုသည်ဟု သတ်မှတ်ခြင်း။
စသည့်အချက်များ….
ထို့ကြောင့် Ms. Yim ဆိုသော မလေးရှားနိုင်ငံသူအားမလေးရှားအစိုးရသည် မတရားမှုများ ကျူးလွန်ခဲ့သည်ကို သက်သေများစွာ ရှိပါလျက် အာမခံဖြင့် ခွင့်ပြုသည့်အပြင်၊ Ms. Bonat အတွက်လည်း မည်သို့မှ တာဝန်မယူခဲ့။
ထို့ကြောင့် အင်ဒိုနီးရှားက အိမ်ဖော်များပို့ခြင်းကို ၂၀၀၉ နှစ်စတွင် ပိတ်ပစ်ခဲ့သည်။
ဤအမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုများ ရှိခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၌ လည်း ဆန္ဒပြမှုများရက်ဆက်ဖြစ်ပွားခဲ့ရသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2oqLOqltOrGi191-mvof465zDBt9-d_7qA6PMx5YI6G12eH9WISgkNzXXRJGA0N4bc981_zRKxuCxhr2pb2rxOimbrocMRUaAEL6dR3X1kkH37qQiEntK4wlHkQgaEvrCvi4xGD5oPUU/s400/574710_228229170609979_100002686931798_312275_1769454793_n.jpg)
ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……
ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။
ဆက်လက်ဖော်ပြပါမည်။
Source by :Friend Ever (နွားကျောင်းသား)
Ref:
http://charleshector.blogspot.com/2008/11/
http://photo-journ.com/2009/sadistic-malaysian-employer-sentenced-to-18-years-for-abusing-maid-released-on-bail
Aljazeera News Wire
0 comments:
Post a Comment