Home » , , » ထိုင်းရောက် တရားဝင် မြန်မာလုပ်သား အချို့ အဖမ်းခံရခြင်း ရှိနေ

ထိုင်းရောက် တရားဝင် မြန်မာလုပ်သား အချို့ အဖမ်းခံရခြင်း ရှိနေ

Written By မောင်စေတနာ on Friday, May 4, 2012 | 9:38:00 AM

http://www.yoyarlay.com/images/yyl/2012/5/3/p_4_17_9.jpg

ထိုင်းရောက် တရားဝင် မြန်မာလုပ်သားအချို့ အဖမ်းခံရခြင်း ရှိနေနှစ်နိုင်ငံ နား လည် မှု စာချွန်လွှာဖြင့် အလုပ်လုပ်ရန် လာသော မြန်မာ အလုပ်သမား များကို ထိုင်းနိုင်ငံ ဘက်မှ ဖမ်းဆီး မှု များ ရှိနေကြောင်း အလုပ် သမား ဝန်ကြီး ဌာနမှ သတင်းရရှိသည်။ ယာယီ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး အလုပ်လုပ်ခွင့် ပါမစ်လျှောက်ထားစဉ် အချိန်မှာပင် အလုပ်လုပ်ခွင့် ပါမစ်မရှိဟူသော အကြောင်းပြချက်ဖြင့် မြန်မာအလုပ်သမား ကိုးဦး ဖူးခက်တွင် ဖမ်းဆီးခံခဲ့ရကြောင်း အလုပ် သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

အဆိုပါ အလုပ်သမားများသည် ဖေဖော်ဝါရီ ၈ ရက်တွင် ဖူးခက်ရှိ Tana Group Co.Ltd. ဆောက်လုပ်ရေး လုပ်ငန်းတွင် အလုပ်လုပ်ရန် သွားသော အလုပ်သမား ၁၃၉ ဦး အဖွဲ့တွင် ပါဝင်ပြီး အလုပ်ရှင် စီမံမှုဖြင့် အလုပ်သမားရုံးသို့ သတင်းပို့ခြင်း၊ ဆေးစစ်ခြင်း စသည်တို့ကို လုပ်ဆောင်နေစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

“အမှန်ဆို ယာယီ နိုင်ငံကူးလက်မှတ် ကိုင်ထားတဲ့အတွက် ဖမ်းလို့မရဘူး” ဟု ရဲမှူးကြီး ဝင်းနိုင်ထွန်းက ပြောသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်း အလုပ်သမား ဒုတိယဝန်ကြီး၊ ထိုင်း နိုင်ငံခြားရေး ဒုတိယဝန်ကြီး၊ ထိုင်း ပြည်ထဲရေး ဒုတိယဝန်ကြီးနှင့် ထိုင်း လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်တို့နှင့် မြန်မာနိုင်ငံ အလုပ်သမား ဒုဝန်ကြီး ခေါင်းဆောင်သော အဖွဲ့တို့ ဧပြီ တတိယ ပတ်တွင် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။ လက်ရှိတွင် အဆိုပါ အလုပ်သမား ကိုးဦးအနက် တစ်ဦး လွတ်မြောက်လာပြီး ကျန်အလုပ်သမားများ ကိစ္စကိုလည်း ထိုင်းနိုင်ငံမှ ဆက်လက်ဆောင်ရွက်ကာ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနသို့ အကြောင်းကြားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းလုပ်သား နှစ်သန်းခန့် ရှိပြီး အလုပ်သမားများအတွက် နိုင်ငံသား စိစစ်မှု လုပ်ငန်းနှင့် ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း လုပ်ငန်းများကို ချင်းမိုင်၊ ဘန်ကောက်၊ မဲဆောက်၊ စမွတ်ပရာကန်၊ မဟာချိုင်နှင့် စူရတ်ဌာနီတို့တွင် လုပ်ဆောင်ပေးလျက် ရှိပြီး နောင်တွင် ရှစ်ရုံးအထိ တိုးချဲ့ ဖွင့်လှစ်မည်ဟု သိရသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။