Home » , » ပါးချိုင့်အားကိုးနဲ့မိုက်နေတဲ့ အေးမြတ်သူ

ပါးချိုင့်အားကိုးနဲ့မိုက်နေတဲ့ အေးမြတ်သူ

Written By မောင်စေတနာ on Friday, May 4, 2012 | 9:44:00 AM

http://www.yoyarlay.com/images/yyl/2012/5/3/shade_3_2.jpg

ပါးချိုင့်အားကိုးနဲ့မိုက်နေတဲ့ အေးမြတ်သူအနုပညာလောကထဲက ကြယ်တစ်ပွင့်လို့ခံစားရတဲ့ ချိုသော အပြုံးပိုင်ရှင် ကလေးဖြစ်တဲ့ အေးမြတ်သူကို ရိုက်ကွင်းတစ်ခုမှာတွေ့ ဆုံခိုက်မှာတော့- ချစ်စရာကောင်းတဲ့ အမူအယာလေးတွေကို ဘယ်လိုလုပ် ယူဖန်တီးသလဲ။ ကျွန်မ ကတော့ ပွင့်ပွင့်လင်းလင်းပဲ။ ဟန်မဆောင်တတ်ဘူး။ နဂိုအတိုင်း ပဲနေပါတယ်။ အခုတလော ပရိသတ်တွေပြုံးရင်လှတယ်ဆို လို့ ပြုံးဖြစ်တယ်။ ပါးချိုင့် အား ကိုးနဲ့မိုက်နေ တာပေါ့နော်(ရယ်လျက်) ။ အေးမြတ်သူက ဘဝရဲ့အဓိပ္ပါယ်ကိုဘယ်လိုခံယူထားလဲ။

အစ်မ အသက် ၂၅နှစ်မှာရှိတဲ့ ဉာဏ်ရည်၊ဖြတ်သန်းလာတဲ့အ တွေ့အကြုံအရဆိုရင်တော့ သိပ်ပြီးတော့ ကြီးကြီးမားမားမပြောတတ်ပါဘူး။ ငယ်ငယ်တုန်း ကတော့ ဗိုက်ဆာရင်ငို မယ်၊ လိုချင်တာကိုရ အောင်ယူတယ်။ ဒီထက်အသက် နည်းနည်း ကြီးလာရင် ရအောင်ယူ တတ်တာထက် ကောင်းတာ၊ မကောင်းတာ ကိုရွေး ချယ်တတ်လာ တယ်။ ဒီလိုပဲ ဘဝဆိုတာအတွေ့အကြုံလေးတွေယူရင်းနဲ့ လှုပ်ရှား ရုန်းကန်ရင်း တဖြည်းဖြည်းဖြတ် သန်းလာရတာ ပဲလေ။ အချစ်ဆို တာကရော ဘယ်လိုသတ်မှတ်ထားလဲ။

အချစ်ဆိုတာက အသက်အရွယ် အလိုက်ပြောင်းလဲသွားမှာပဲ လေ။ ၁၀နှစ်မှာမေးရင်တစ်မျိုး။ အသက် (၂၀) မှာမေးရင် တစ်မျိုး ဒါ တွေဟာ လူတိုင်းလည်း အ သက်အရွယ်နဲ့လိုက်ပြီး စိတ်ခံစားမှုပြောင်းလဲလာမှာပဲလေ။ ဒီအသက်အရွယ် မှာတော့ အေးမြ တဲ့အချစ် ကိုပဲ လိုချင်တယ်။ အရင်တုန်းကတော့ ဘယ်လို လဲ၊ ချောမှတို့ဘာတို့ စဉ်းစားသေးတယ်။ ကိုယ့်ဘဝရဲ့အမောတွေအားလုံးကို သူ့ရဲ့အရိပ် အာဝသအောက်မှာ အမောပန်းဖြေချင်တယ်။ အဲဒီလိုမျိုးအချစ်ပဲလို ချင်တော့တယ်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။