ဒီနေ့ သမ္မတရုံးရဲ့ ပြန်ကြားရေးဌာနက စတင်လွှင့်တင်လိုက်တဲ့ အင်တာနက် ၀က်ဆိုက်မှာ ထူးခြားတာ တခုကတော့ ဒီကနေ့ မနက် ၉ နာရီက ကျင်းပတဲ့ သမ္မတရဲ့ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစည်းအဝေး ဓာတ်ပုံပါဘဲ။
ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို တွေ့ရပေမယ့် နောက်ထပ် ဒု-သမ္မတ သီဟသူရ တင်အောင်မြင့်ဦးရဲ့ ခုံနေရာ လွတ်ကို မြင်တွေ့ရမှာပါ။ ဒါကြောင့် ဒီဓာတ်ပုံဟာ ဒု-သမ္မတ သီဟသူရ တင်အောင်မြင့်ဦးရဲ့ အနားယူခြင်း အငြင်းပွားနေတာတွေကို သက်သေ တခုအဖြစ် ပြသလိုက်တာလားလို့ စဉ်းစားစရာ ဖြစ်ပါတယ်။

Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment