Home » , » စန္ဒယားကိုယ်တိုင် တီးပြတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်၊ ဖယောင်းတိုင်မီး

စန္ဒယားကိုယ်တိုင် တီးပြတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်၊ ဖယောင်းတိုင်မီး

Written By မောင်စေတနာ on Sunday, May 27, 2012 | 1:32:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQRGgXFDx8bgRTk2PlCPG7bsfS5Je_VgwxCWmsigATNATpVWEUoP4zXR64EPEzXmhOQdBgP36907Ja8T6xNAptx_PoRWS3m7wdqKJJjxrh2eSipSc-4r4rEFA1eZsZiAFYk88Cpc5Gitjd/s400/379207_181813641945150_100003495451733_274864_333048308_n.jpg

ယမန်နေ့ မေလ ၂၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ တောင်လုံးပြန် ရပ်ကွက်တွင် မြန်မာနိုင်ငံ လူငယ် များ အစည်းအရုံးက ရံပုံငွေဈေးရောင်းပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် စီစဉ် တင်ဆက်ခဲ့ကြပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၊ Generation Wave နှင့် ၈၈မျိုးဆက် ကျောင်းသားများ ပူးပေါင်း ပါဝင် တင်ဆက်ကြပြီး မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းလည်း တက်ရောက် အားပေး တာတွေ့ရပါတယ်။


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIl-rMR8abJ3Apef9_iO36zaQ7kYwKawcByp0uanc9encroOvhHaH34i2I5TVPtNFXstYHvzvuTREs8SeaHiyjYbOx9SxFrRv2aoB5KA2mfzSO2UFssmS94Dm2dpOr3tNIsnOWq7ZSEN81/s400/575113_181811501945364_231279432_n.jpg

ဂီတမှူး ကိုဝင်းမော် ဦးစီးတဲ့ ရွှေသံစဉ် တေးဂီတအဖွဲ့နဲ့အတူ တေးသံရှင် သျှီ၊ အနဂ္ဂ၊ သံသာဝင်း၊ ခိုင်မြဲသာ၊ ကာကာ တို့ ကလည်း တေးသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။

ပြဇာတ်တိုများ၊ သံချပ်များ၊ ဟာသတေးသရုပ်ဖေါ်များနဲ့လည်း တင်ဆက်ခဲ့ကြပါတယ်။

၈၈ မျိုဆက် ကျောင်းသားတွေ ဖျော်ဖြေမှုအစမှာ ကိုမင်းကိုနိုင်က ဦးဆောင်ပြီး ၈၈တုန်းက ဒီမိုကရေစီရေး အတွက် အသက် စွန့်သွားကြတဲ့ ရဟန်း ရှင်လူကျောင်းသား ပြည်သူတွေအတွက်ရည်စူးတဲ့ ပန်းစည်းနဲ့ လက်ရှိ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ သံတိုင်များနောက်က နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရည်စူးတဲ့ ပန်းစည်းတွေကို စင်ပေါ်မှာချပြီးမှ သူတို့ရဲ့ဖျော်ဖြေရေး အစီအစဉ်တွေကိုစတင်ခဲ့ပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv05y4oMTuE5Y96IO0_2s0aOL5C9C0Kn_YE4YRKswMFkD6Qx1x8Ivjdp1qe0BhO6m1s0ko7w16zH7AgtH6666_dDqNVrVpxmvXz5QFrsf6uh7p4cU7haKOHAOsZmhRhaJJ2Y6D3ViFHDg2/s400/582532_181810695278778_1732238582_n.jpg

လက်ရှိ ပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ မီးပျက်တဲ့ ဒုက္ခကို တင်ပြတဲ့အနေနဲ့ ကိုမင်းကိုနိုင် ကိုယ်တိုင် စန္ဒယားတီးပြီး သီချင်း တစ်ပုဒ်ဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်များကပါ ဖရောင်းတိုင်များ ထွန်းညှိကိုင်ဆောင် ပြီး ပူးပေါင်းပါဝင်ကြတာ တွေ့ရပါတယ်။

Source by :http://www.irrawaddyblog.com/Justify Full
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။