Home » , , , , , » မိမိရဲ့ ကွန်ပျူတာ အတွက် လိုအပ်တဲ့ Drivers တွေရှာမယ်

မိမိရဲ့ ကွန်ပျူတာ အတွက် လိုအပ်တဲ့ Drivers တွေရှာမယ်

Written By မောင်စေတနာ on Sunday, May 27, 2012 | 4:23:00 AM



ကျွန်တော့်ရဲ့အပျော်တမ်း blog လေးကိုအလည်လာတဲ့ သူငယ်ချင်းများဗဟုသုတရစေရန်နှင့် Driver အတွက်အခက်အခဲဖြစ်နေတဲ့ ဘော်ဒါ တို့အတွက် ကိုမိုးထက်မြင်ပြုစုထားတဲ့ Driver ရှာတဲ့ လင့်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

ကျွန်တော်ဒီနေ့ Driver တွေလိုအပ်နေတဲ့ သူငယ်ချင်းများအတွက် လိုအပ်နေတဲ့ Driver တွေကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ဖို့ စုစည်းတင်ပြ ပေးလိုက်ပါတယ်။ ကျွန်တော့်စက်မှာဆိုရင် Windows7 တင်ထားတာ CPU ရှေ့မှာရှိတဲ့ Audio ပေါက်လေးတွေက အလုပ်မလုပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ AudioDriver လိုနေလို့ပါ။ သာမန်ဆို စက်ဝယ်တုန်းက ပါတဲ့ Motherboard Driver ထဲမှာပါတဲ့ AudioDriverလေး run ပေးလိုက်ရင် အဆင်ပြေပါတယ်။

ဒါပေမယ့် ကျွန်တော့်စက်မှာ ခုနလို လုပ်ပေးလို့မရပါဘူး။ ဒါကြောင့် Realtalk ဆိုဒ်လေးမှာ သွားပြီး Windows7 အတွက် audio Driver ဒေါင်းပြီးရမ်းလိုက်တာ အဆင်ပြေသွားပါတယ်။ ဒါဟာ တစ်နည်းအားဖြင့်ဆို ကျွန်တော့် MontherBoard Driver ထဲမှာပါတဲ့ Audio Driver ကလက်ရှိတင်ထားတဲ့ Window7 အတွက်ကို Support မလုပ်ပေးနိုင်လို့ပါ။ အဲ့လိုအခြေအနေမျိုး မှာဆိုရင် မိမိတင်ထားတဲ့ Windows နဲ့ကိုက်တဲ့ Driver လေးတွေ run ပေးရပါတယ်။ ဒါမှသာ အားလုံးအဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ အမျိုးအစားအလိုက် လိုအပ်တဲ့ Driver တွေကို ဒေါင်းပြီး Run ပေးလိုက်ပါ။ လင့်တွေအကုန်လုံး အလုပ်လုပ်ပါတယ်။ Free လဲပေးပါတယ်။ ကျွန်တော်ကိုယ်တိုင် အကုန်လိုက်ဒေါင်းပြီး စမ်းကြည့် run ကြည့်ပြီးပါပြီ။ အကုန်လုံး အဆင်ပြေပါတယ်။ Laptopသမားတွေ အတွက်လည်း အင်မတန်မှ အထောက်အကူ ဖြစ်စေပါတယ်။ Printer၊Scannerတွေ အတွက်လည်း အမျိုးအစားအလိုက် ရှာဖွေကြည့်နိုင်ပါတယ်။ မိမိတို့Serialနံပါတ် လိုက်လည်းရှာဖွေ နိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေနိုင်ပါစေ။


မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

Source:http://minminblog.multiply.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။