အင်္ဂလန် နည်းပြသစ် အဖြစ် ဟော့ဒ်ဆန်အား ခန့်အပ်အင်္ဂလန် နည်းပြသစ်အဖြစ် ရွိုင်းဟော့ဒ်ဆန်အား ခန့်အပ်လိုက်ကြောင်း အက်ဖ်အေမှ အတည်ပြု ကြေငြာခဲ့သည်။ အင်တာ၊ ဖူလ်ဟမ်၊ လီဗာပူးလ် နှင့် ၀က်စ်ဘရွန်း အသင်းတို့ကို ကိုင်တွယ် နည်းပြခဲ့ဖူးသည့် ဟော့ဒ်ဆန်မှာ အင်္ဂလန် အသင်းအား (၄) သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် ကိုင်တွယ်မည် ဖြစ်သည်။
“အင်္ဂလန် နည်းပြသစ်အဖြစ် ဟော့ဒ်ဆန်ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်းကို ကြေငြာနိုင်တဲ့ အတွက် ဘောလုံး အဖွဲ့ချုပ်မှ ကျေနပ်ဝမ်းသာ နေပါတယ်”ဟု အက်ဖ်အေမှ ကြေငြာခဲ့သည်။
ဟော့ဒ်ဆန်မှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကမှ အက်ဖ်အေ၏ ကမ်းလှမ်းမှုကို ခံခဲ့ရခြင်းဖြစ်ကာ သူ၏ နိုင်ငံ အသင်း နည်းပြပြုလုပ်ချင် နေသည့် ဆန္ဒများ ပြည့်ဝ သွားခဲ့ပြီ ဖြစ်သည်။
စပါးစ် နည်းပြ ရက်ဒ်နပ်မှာ ယခင်က အင်္ဂလန် နည်းပြဖြစ်ရန်ရေပန်းစား ခဲ့သော်လည်းဟော့ဒ်ဆန်၏ နိုင်ငံအသင်း အတွေ့အကြုံများကြောင့် ယခုလို အက်ဖ်အေမှ ဦးစားပေး ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
Source by :http://www.yoyarlay.com/

.jpg?width=750)

0 comments:
Post a Comment