
မေလ ၁ ရက်နေ့ The Sun အွန်လိုင်းသတင်းစာမှာတော့ သီချင်းချစ်သူတို့ရဲ့ အသည်းစွဲ ကမ္ဘာကျော် အဆိုတော် Rihanna ရဲ့ အကြောင်း ဓာတ်ပုံများနဲ့တကွ တမူထူးပြီးဖော်ပြလာတာတွေ့ရပါတယ်။

ကျော်ကြားသူတွေမှာ တခါတရံ သူတို့ရဲ့ ကိုယ်ပိုင်ဘ၀လေးတွေ ပျောက်လွင့်တတ်တယ်ဆိုပေမယ့် အခု Rihanna ကတော့ သူ့ ဘ၀ ကို အပျောက် မခံပါဘူး။
မကြာသေးမီကပဲ TIME မဂ္ဂဇင်းကြီးက နှစ်စဉ် ရွေးချယ်တဲ့ ကမ္ဘာပေါ်က သြဇာတိက္ကမကြီးသူ ၁၀၀ ကို ဂုဏ်ပြုတည်ခင်း ဧည့်ခံပွဲကိုလည်း တက်ရောက်လာခဲ့ပါသေးတယ်။ ဒီလို ဧည့်ခံပွဲကို မိခင်၊ အဖိုးဖြစ်သူတို့နဲ့ အတူ တက်ရောက်လာခဲ့ပါ လို့ Hello Magazine အွန်လိုင်းသတင်းမှာ ဖော်ပြထားတယ်။
အဲဒီပွဲမှာတော့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် အပါအ၀င် နံမည်ကြီးတော်တော်များများလည်း တက်ရောက်ခဲ့ကြတာပါ။ Rihana ကတော့ အဲဒီ ဧည့်ခံပွဲမှာ သီချင်းဆိုပြီး ဧည့်ခံခဲ့ပါသေးတယ်တဲ့။


(အပေါ်ဆုံးမှာ တွေ့ရတဲ့ပုံကို ပြီးခဲ့တဲ့လ ၂ ရက်နေ့က ရိုက်ကူးထားတာပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကား Battleship အတွက် ကြော်ငြာတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတာပါ။ ဒီကားက အခု နိုင်ငံတကာမြို့ကြီးတွေမှာ ရုံတင်နေပါပြီ။
စစ်ပွဲ နဲ့ စိတ်ကူးယဉ်သိပ္ပံ ရောထွေးထားတဲ့ ဒီ ဇာတ်ကြမ်းကားမှာ သူက အမေရိကန် ရေတပ် အရာရှိတဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။)
Source by :http://www.irrawaddyblog.com/
စစ်ပွဲ နဲ့ စိတ်ကူးယဉ်သိပ္ပံ ရောထွေးထားတဲ့ ဒီ ဇာတ်ကြမ်းကားမှာ သူက အမေရိကန် ရေတပ် အရာရှိတဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။)
0 comments:
Post a Comment