Home » , » ကိုယ်ဝန် ဖျက်ချခြင်း၏ အန္တရာယ်

ကိုယ်ဝန် ဖျက်ချခြင်း၏ အန္တရာယ်

Written By မောင်စေတနာ on Thursday, May 3, 2012 | 1:35:00 PM

http://www.yoyarlay.com/images/yyl/2012/5/2/vn_3_41_6.jpg

ကိုယ်ဝန် ဖျက်ချခြင်း၏ အန္တရာယ်ခုတင် တစ်လုံး ပေါ်၌ လဲလျောင်း နေသည့် အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦး သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေ သည်ကို သူမအနီးရှိ သက်ရွယ်တူ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦးတို့က စိုးရိမ်ပူပန်နေသည့် မျက်လုံးများဖြင့် စောင့်ကြည့် နေကြသည်။

ကလေးတွေက များနေတော့ မလိုချင် ဘူးဆိုပြီး ရွာထဲက အရပ် လက်သည်နဲ့ ကလေးဖျက်ချတာ။ ကံကောင်းလို့ မသေ တာ။ ဖြစ်နေတာ တစ်လလောက် ရှိနေပြီ။ အခုအခြေအနေ အရမ်းဆိုးလာလို့ ရွာကနေ ဆေးရုံကို ရောက်အောင် လာရတာ"ဟု ၄င်း အမျိုးသမီးဘေးမှ အဖော်အမျိုးသမီး က ပြောသည်။

သူမဆေးရုံသို့ ကိုယ်ဝန် ဖျက်ချသော ကြောင့် ရောက်လာရခြင်းဖြစ်ကာ ဆေးရုံ လာသည့် လမ်းတစ်လျှောက်တွင်လည်း သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်လာခဲ့ကြောင်း အဖော်အဖြစ် လိုက်ပါလာသူ အမျိုးသမီးက ပြောသည်။

သူမကဲ့သို့ပင် မြန်မာနိုင်ငံ၌ သန္ဓေ သားဖျက်ချမှုကို အမျိုးသမီး အများစု ပြုလုပ်လျက် ရှိနေကာ ယင်းသို့ ပြုလုပ်ခြင်းသည် အသက် အန္တရာယ် ရှိသည်ကို သိသော် လည်း ကျန်းမာရေး ကုသမှု စရိတ် တစ်ခုဖြစ်သည့် မီးဖွားစရိတ်ကြီးမြင့်ခြင်း၊ စီးပွားရေးအခြေ အနေမကောင်းမွန်ခြင်းအပြင် မျိုးဆက်ပွား ကျန်းမာရေး တစ်ခု ဖြစ်သည့် သန္ခေတား နည်းများကို နားမလည် သောကြောင့် လည်းကောင်း၊ နားလည်သော်လည်း ပေါ့ ဆမှုကြောင့် ကိုယ်ဝန်ရရှိလာခြင်း စသည် တို့ကြောင့်ဖြစ်ကြောင်း အမျိုးသမီးအများ စုထံမှ သိရသည်။

သန္ဓေသားဖျက်ချဖူးသူ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက "ကလေး လေးယောက်ရှိနေတဲ့အချိန်မှာ ကိုယ်ဝန်ရှိ လာတယ်။ ကလေးတွေက ကျောင်းသား တွေလေ။ အိမ်က စီးပွားရေးအဆင်မပြေ ဘူး။ မပြေလည်တဲ့အချိန်မှာ ဗိုက်ထဲက ကလေးကို မမွေးချင်တာနဲ့ ဖျက်ချရတာ။ သူများ အသက်ကို ရန်ပြုတော့ ကိုယ်လည်း မချိမဆံ့ ခံစားရတယ်လေ"ဟု ပြောသည်။

သူမ၏ ခင်ပွန်းဖြစ်သူကလည်း "အန္တ ရာယ်ရှိမှန်းသိတယ်။ မလုပ်စေချင်ဘူး။ စီးပွားရေးမပြေလည်တဲ့အချိန်မှာဆိုတော့ လုပ်လိုက်ကြတာ။ မိန်းမဝေဒနာ အလူး အလဲခံစားနေရတာမြင်တော့ ရင်ထဲမှာ မကောင်းလိုက်တာဗျာ"ဟု ပြောသည်။

သန္ဓေသား ဖျက်ချမှုသည် အန္တရာယ် ရှိသော်လည်း ယခုကဲ့သို့လုပ်ဆောင်နေရ ခြင်းမှာ မြန်မာနိုင်ငံ၌ သန္ဓေသားဖျက်ချမှု ကို ဥပဒေဖြင့် ပြင်းပြင်းထန်ထန်တားမြစ် ထားသဖြင့် မလိုချင်သည့် ကိုယ်ဝန်ကို ကျွမ်းကျင်မှု မရှိသောသူများဖြင့် ဖျက်ချခြင်း ကြောင့်ဖြစ်ကြောင်းသားဖွားမီးယပ်ဆရာဝန်တစ်ဦးက ပြောသည်။

တရားမဝင် သန္ဓေသားဖျက်ချမှုကို ပြုလုပ်ပေးနေသူများမှာ အရပ်လက်သည် အဖြစ် လူသိများသည့် ရပ်ကွက်အတွင်းရှိ ကလေးမွေးဖွားပေးနေသူများ၊ တတ်ကျွမ်း သည့် သူနာပြု (သို့) ဆေးမှူးဟု အမည် တပ်ထားကြသူများက ပြုလုပ်ပေးလျက်ရှိ နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ သန္ဓေသားဖျက်ချခြင်း ကြောင့် သေလုမျောပါးဝေဒနာခံစားရကာ ဆေးရုံအချိန်မီရောက်ရှိလာပြီး အသက်ရှင် ခဲ့သော အမျိုးသမီးများ ရှိနေသကဲ့သို့ အသက်သေဆုံးခဲ့ရသည့် အမျိုးသမီးများ စွာရှိနေကြောင်းလည်း သိရသည်။

သန္ဓေသားဖျက်ချမှုကို အရွယ်ရောက် ပြီးသော အသက်အရွယ်မရွေး အမျိုးသမီး များပြုလုပ်လျက်ရှိကြကာ အများစုမှာ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်ရှင် အမျိုး သမီးများဖြစ်ကြကြောင်း သိရသည်။

"လူတွေက ကိုယ်ဝန်ဖျက်ချတယ်ဆို ရင် နှာခေါင်းရှုံ့ကြတယ်။ မိန်းကလေးက လွယ်လို့ ယောကျာ်းလေးနဲ့ အတူနေပြီး ကိုယ်ဝန်ရလာတော့ လူသိမှာစိုးလို့ ဖျက်ချ တယ်။ ဒါမှမဟုတ် အိမ်ထောင်ရေး ဖောက်ပြန်လို့ရလာတဲ့ကိုယ်ဝန်ကို ဖျက်ချ တယ်လို့ ထင်ကြတယ်။ မရှိတာတော့ မဟုတ်ဘူး။ ရှိကြတယ်။ ဒါပေမယ့် အများ စုက အိမ်ထောင်သည်တွေ ဖျက်ချတာ များတယ်"ဟု မျိုးဆက်ပွားကျန်းမာရေး ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုမှ အဆင့်မြင့်ရာထူးရရှိထားသူ ဆရာဝန်က ပြောသည်။

မြန်မာနိုင်ငံ၌ သန္ဓေသား ဖျက်ချမှု ပြုလုပ်သူ အများစုမှာ ကျေးလက်ဒေသရှိ အိမ်ထောင်သည် အမျိုးသမီးများ ဖြစ်ကာ ကိုယ်ဝန် ဖျက်ချမှုကြောင့် အသက် ဆုံးရှုံးသူ များသည် မြန်မာနိုင်ငံ နေရာ အနှံ့အပြား၌ ရှိနေပြီး စာရင်းအတိအကျကိုမူ မကောက် ယူနိုင်ကြောင်း၊ ယင်းကဲ့သို့ စာရင်းအတိ အကျ မရရှိခြင်းမှာ တရားမဝင် ကိုယ်ဝန် ဖျက်ချရာမှ သေဆုံးရခြင်းကြောင့် ဖြစ် ကြောင်းအထက်ပါ ဆရာဝန်က ပြောသည်။

သန္ဓေသားဖျက်ချခြင်းကြောင့် သေ ဆုံးရခြင်းမှာ ကျွမ်းကျင်မှုမရှိသည့် အရပ် လက်သည်အများစုက ပြုလုပ်ပေးလျက်ရှိ ခြင်းကြောင့်ဖြစ်ကာ ၄င်းတို့သည် သန္ဓေ သား ပျက်ကျစေရန် မိန်းမကိုယ်မှတစ်ဆင့် သားအိမ်အတွင်း လက်တစ်ချောင်းလုံး ထိုးထည့် မွှေနှောက်ခြင်း၊ ထီးရိုးကဲ့သို့ သံချောင်းများအား အသုံးပြု ကာ ထိုးထည့် မွှေနှောက်ခြင်း၊ သွေးဆင်းစေရန် သားအိမ် အတွင်း ပိုက်ကဲ့သို့အရာများအား ထိုးသွင်း ထည့်ထားခြင်းများကို ပြုလုပ်ကြကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ရာမှ မေးခိုင်ပိုးဝင်ကာ အသက်ဆုံးရှုံ့းရခြင်းတို့ဖြစ်ကြောင်း၊ သန္ဓေ သားဖျက်ချသူအချို့မှာမူ အသက်သေဆုံး ခြင်းမရှိခဲ့သော်လည်း သားအိမ်ထိခိုက်မှု ကြောင့် နောင်တစ်ချိန်၌ ကိုယ်ဝန်မဆောင် နိုင်တော့ကြောင်း သိရသည်။ "

ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ သား အိမ်ကို ခြစ်ထုတ်ရတာလေ။ အြွကင်း အကျန်မရှိ ပြောင်စင်အောင်ခြစ်ရတာ။ နား လည်ကျွမ်းကျင်သူ လုပ်တယ်ဆိုပေမယ့် မခန့်မသင့်ရင် သားအိမ်ကို ထိခိုက်နိုင် တယ်"ဟု အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက ပြောသည်။

ဆေးရုံပေါ်သို့ ရောက်ရှိသော လူနာ အများစုကို မေးမြန်းသည့်အခါ လူတို့သည် သန္ဓေသားဖျက်ချမှုကို အန္တရာယ်မဖြစ်စေ ရန် ကျွမ်းကျင်သည့် ဆရာမများဖြင့်ပြုလုပ် ခဲ့ကြကြောင်း ပြောကြားသည်ဟုလည်း အစိုးရဆေးရုံများ၌ တာဝန်ထမ်းဆောင်နေ သည့် သူနာပြုဆရာမများက ပြောသည်။

ပြင်ပ၌ သန္ဓေ ပျက်ကျစေရန် ပြုလုပ်သူ များမှာ သူနာပြုဆရာ၊ ဆရာမအစစ်အမှန် မဟုတ်ကြကြောင်း၊ ဆေးပညာကို ပြင်ပ၌ လေ့လာကာ အနည်း အကျဉ်း သိသည့် အသိဖြင့် ပိုက်ဆံအများအပြားရသည့် ကိုယ်ဝန်ဖျက်ချခြင်းကို ပြုလုပ်ကြခြင်းဖြစ် ကြောင်း၊ ၄င်းတို့သည် သန္ဓေသားပျက်ကျ စေရန် သားအိမ် အတွင်းသို့ နည်းပေါင်းစုံ၊ ကိရိယာပေါင်းစုံဖြင့် ထိုးသွင်းမွှေနှောက် ကာ သွေးဆင်းရန်အတွက်သာ ပြုလုပ်ကြ ကြောင်း၊ သွေးဆင်းလာသည့်အခါ ၄င်းတို့ လုပ်ဆောင်မှုအောင်မြင်သည်ဟု ပြောကာ လူနာကို ပြန်လွှတ်ကြကြောင်း၊ လူနာများ သည် ဝေဒနာအလူးအလဲခံစားရကာ နား မလည်သည့် လူနာများမှာ အသက်ပါ ဆုံးရှုံးသွားရကြောင်း ပြောသည်။

"ဒီလိုအပြော၊ အလုပ်တွေကြောင့် တကယ့်သူနာပြုဆရာ၊ ဆရာမတွေနာမည် ပျက်တယ်။ ဆရာဝန်သာမကဘူး။ သူနာ ပြုတွေပါ ကလေးဖျက်ချပေးတာကို မလုပ် ရဘူးလို့ ဆေးပညာဥပဒေက တားဆီး ထားတယ်"ဟု အင်းစိန်အထွေထွေ ရောဂါ ကုဆေးရုံ၌ တာဝန်ထမ်းဆောင်နေသည့် သူနာပြုဆရာမတစ်ဦးက ပြောသည်။

"ကျွန်မအသိအမျိုးသမီးဆို သနားဖို့အရမ်းကောင်းတယ်။ သူ့ယောကျာ်းက ဖောက်ပြန်သွားတဲ့ အချိန်မှာ သူကကိုယ်ဝန် နဲ့ကျန်ခဲ့တာ။ တစ်ယောက်တည်းနဲ့ ဘဝ ရပ်တည်ဖို့ မလွယ်တာရယ်၊ ယောကျာ်း ကို စိတ်နာပြီး ကလေးသွား ဖျက်ရတာ။ အရပ်လက်သည်က သားအိမ်ထဲကို တုတ် တစ်ချောင်းနဲ့ မွှေနှောက်တယ်။ ကလေး မကျလို့ ဆိုပြီး ဗိုက်ပေါ်ကို ကျောက်ပျဉ် တင်ပြီး တက်ခုန်တယ်။ ကလေးဖျက်ချ နေတုန်းဘဲ သူသေသွားတာလေ"ဟု လှိုင် သာယာမြို့နယ်တွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက သူမကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ် တစ်ခုကို ပြောသည်။

မြန်မာနိုင်ငံ၌ သန္ဓေသားဖျက်ချမှု အများဆုံးပြုလုပ်နေသူများမှာ ကျေးလက် ဒေသနေ အိမ်ထောင်ရှင် အမျိုးသမီးများ ဖြစ် ကြကာအသက်အန္တရာယ်ကြုံတွေ့၍ သေဆုံး ရသူများမှာလည်း ကျေးလက်ဒေသများ တွင် အများဆုံးဖြစ်ကြောင်း၊ မြို့ပြနေ အမျိုးသမီးများလည်း သန္ဓေသားဖျက်ချမှု ကို ပြုလုပ်လျက် ရှိကြသော်လည်း အသက် အန္တရာယ် ကြုံတွေ့ရသည့်အခါ ဆေးရုံများ၌ နားလည်တတ်ကျွမ်းသူများဖြင့် ကုသ ကြသဖြင့် အသက် အန္တရာယ်ဆုံးရှုံးမှုမှ လွတ်မြောက်နေကြကြောင်း သိရသည်။

ကျေးလက်ဒေသများရှိ အမျိုးသမီး အများစုသည် မျိုးဆက်ပွား ကျန်းမာရေး တစ်ခုဖြစ်သည့် သန္ဓေတားနည်းများကို နားမလည်သောကြောင့် မလိုလားအပ် သည့် ကိုယ်ဝန်ရရှိလာခြင်း၊ နားလည်သူ အချို့မှာမူ ပေါ့ဆသောကြောင့် ကိုယ်ဝန်ရ လာခြင်းတို့ကြောင့်ဖြစ်ကြောင်း ကျေးလက် ဒေသ၌ တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် သားဖွားဆရာမ တစ်ဦးက ပြောသည်။

လုပ်သက် နှစ် ၂၀ နီးပါးရှိ အရပ် လက်သည်တစ်ဦးကမူ သူမသည် သန္ဓေ သားဖျက်ချမှုကို အခကြေးငွေယူကာ လုပ်ဆောင်ပေးသော်လည်း အန္တရာယ်ရှိသည့် နည်းကို မသုံးကြောင်း၊ သန္ဓေသားပျက် ကျစေရန် သားအိမ်အတွင်းသို့ ဆေးထည့် ကာအနည်းအကျဉ်းသာ သားအိမ်အတွင်း လက်ဖြင့် နှိုက်ကြောင်း၊ ပထမအကြိမ် ဆေးထည့်၍ အဆင်မပြေသူများကိုမူ ဒုတိယ အကြိမ် ဆေးထပ်ထည့်ပေးကြောင်း၊ သူမ ထံလာရောက်၍ သန္ဓေသား ဖျက်ချသူများ မှာ အဆင်ပြေကြကြောင်း ပြောသည်။

မြန်မာနိုင်ငံ၌ တရားမဝင်သန္ဓေသား ဖျက်ချမှုကို အခကြေးငွေဖြင့် ဆောင်ရွက် ရာတွင် အနိမ့်ဆုံးကျပ်သုံးသောင်းမှ အမြင့် ဆုံးကျပ် သိန်းဂဏန်းချီကာ ပေးရကြောင်း၊ ကိုယ်ဝန်ဆောင်ထားသည့် လအပေါ် မူ တည်ကာ ဈေးနှုန်းအမျိုးမျိုးတောင်ယူကြ ကြောင်း၊ အချို့လက်သည်များသည် ကိုယ်ဝန်ရင့်မာသော အခြေအနေအဖြစ် သတ်မှတ်ထားသည့် ခုနစ်လ၊ ရှစ်လတွင် ပင် သန္ဓေသားဖျက်ချမှုကို ပြုလုပ်ဆောင် ရွက်ပေးကြကြောင်း အမျိုးသမီးအချို့၏ ပြောစကားများအရ သိရသည်။

သန္ဓေသား ဖျက်ချခြင်းကြောင့် အသက်သေဆုံးရခြင်းမှ ကာကွယ်ရန်မှာ သန္ဓေတားနည်းများကို နားလည်ရန်လိုအပ် သကဲ့သို့ လက်တွေ့အသုံးပြုရန် လိုအပ် ကြောင်း၊ ၄င်းအပြင်ကိုယ်ဝန်ဖျက်ချခြင်းကို ထိန်းချုပ်ထားသည့်ဥပဒေကိုလည်း နိုင်ငံ တော်အစိုးရသာမက ဥပဒေပညာရှင်များ အနေဖြင့် ပြင်ဆင်ရန် လိုအပ်နေကြောင်း မျိုးဆက်ပွား ကျန်းမာရေးဆောင်ရွက်နေ သည့် ဆရာဝန်က သုံးသပ်သည်။

"ဥပဒေကို ပြင်ဖို့လိုနေပြီထင်တယ်။ ဥပဒေနဲ့ချုပ်ထိန်းထားရင် မသေသင့်ဘဲ သေဆုံးနေမှုတွေက ရပ်တန့်သွားမှာမဟုတ် ဘူး။ နေ့စဉ်နဲ့အမျှကလေးဖျက်ချလို့ သေ ရတယ်ဆိုတဲ့လူတွေရှိနေဦးမှာပဲ"ဟု ၄င်း ဆရာဝန်က ပြောသည်။

ဆေးရုံများ၌သန္ဓေသားဖျက်ချမှု ကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားဖြင့် ရောက်ရှိလာသူများမှာ နေ့စဉ်ရှိကြောင်း၊ အစိုးရဆေးရုံတစ်ရုံ၌ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်း ဆောင်နေသူ သားဖွားမီးယပ်ဆရာဝန်မ တစ်ဦးက ပြောသည်။

ကလေးဖျက်ချထားသညူ့် အသက် ၅၀ အရွယ်အမျိုးသမီးကမူ "သေပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်ထားတာ။ ဆေးရုံ ရောက်လာတာတောင် မသိဘူး။ နောင်ဆို ရင်တော့ ဒီလိုမလုပ်တော့ဘူး။ ကြောက် သွားပါပြီ"ဟု ပြောကြားသွားသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။